နေရာတိုင်းမှာ အောင်မြင်ပေါက်ရောက်သူဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အောင်မြင်ဖို့အတွက် သုံးခွက်တစ်ခွက်တင် ဖော်မြူလာတွေ မရှိတာလည်း ပါပါတယ်။ ဒါပေမယ့် အောင်မြင်ချင်ရင် ဒီလိုအချက်ကလေးတွေတော့ မှတ်ထားသင့်ပါတယ်။

(၁) ဆန်းသစ်မှု ရှိပါစေ

Photo: freepik

ဒီနေ့ခေတ်မှာ လုပ်ငန်းကြီးတွေဟာ ဆန်းသစ်တီထွင်မှုအတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံနေကြပါတယ်။ အောင်မြင်ဖို့အတွက် သူများနဲ့ မတူတဲ့ နည်းပညာနဲ့ ဝန်ဆောင်မှုသစ်တွေ ၊ အိုင်ဒီယာနဲ့ထုတ်ကုန်သစ်တွေ လိုပါတယ်။ အောင်မြင်ချင်ရင် မွဲပြာပုဆိုးလို အဆင်တွေထဲက ထွက်ပြီး အသစ်တွေ ချပြဖို့ အကြံပေးချင်ပါတယ်။

(၂) ကိုယ်လုပ်တာကို ချစ်နေပါ

Photo: freepik

ကိုယ့်အလုပ်ကို ကိုယ်မချစ်နိုင်ရင် ၊ ကိုယ်ချစ်တာကို ကိုယ်မလုပ်နိုင်ရင် အဲ့ဒီအလုပ်ဟာ ပြောင်မြောက်အောင်မြင်ဖို့ မလွယ်ပါဘူး။ ပုံမှန် ရှင်သန်ရေးနဲ့ ငွေကြေးလိုအပ်ချက်ကြောင့် သင့်ရာအလုပ်တစ်ခုခုမှာ ဝင်လုပ်နေရတယ်ဆိုရင်လည်း အောင်မြင်ရမယ်လို့ စိတ်ပိုင်းဖြတ်ပြီးရင် ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်နောက် လိုက်ဖို့ လိုပါတယ်။ အဲ့ဒီအလုပ်နယ်ပယ်နဲ့ နီးစပ်ရင်းနှီးပြီးသားဆိုရင် ပိုကောင်းပါတယ်။

(၃) သူများတွေ လမ်းကြောင်းအတိုင်း မလိုက်နဲ့

Photo: freepik

အောင်မြင်မှုကို မိတ္တူလိုက်ပွားရင် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ပြည့်ဝပြီး အမှီအခိုလွတ်တဲ့ အောင်မြင်မှုမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အောင်မြင်မှုရသနဲ့ ပီတဓါတ် ချို့တဲ့နေပါလိမ့်မယ်။

(၄) အရှုံးကို မကြောက်နဲ့

Photo: freepik

ဘယ်သူမဆို “တစ်ချက်တည်းနဲ့ ကျင်းဝင်” ဆိုသလို လျှောလျှောရှုရှုအောင်မြင်သွားတာတော့ မဟုတ်ပါဘူး။ အရှုံးတွေနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ဖူးပါလိမ့်မယ်။ အောင်မြင်တဲ့သူဆိုတာ အရှုံးတွေကို တောင့်ခံနိုင်ပြီး ကိုယ့်အတွက် အကောင်းဆုံးအဖြေကို ဆွဲထုတ်နိုင်သူတွေ ဖြစ်ပါတယ်။ အောင်မြင်မှုဆီ သွားတဲ့ အချိန်မှာ အရှုံးကို မကြောက်တတ်ဖို့နဲ့ အဖြေကို ရှာပြီး ရှေ့ခရီးဆက်နိုင်ဖို့ အရေးကြီးပါတယ်။

(၅) ချက်ချင်းထ လုပ်ပါ

Photo: freepik

အိုင်ဒီယာတွေ မှိုမတက်စေဖို့ လိုပါတယ်။အပြင်မှာ လက်တွေ့ချပြဖို့ လုပ်ပါ။ ခြေတစ်လှမ်းရဲ့ စတင်မှုဟာ မိုင်တစ်သောင်းခရီးအတွက် မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။ တစ်နေ့ကျရင် ရောက်အောင် သွားမယ်လို့ တွေးနေ / အစီအစဉ်ချနေတာထက် ထ,လုပ်လိုက်တာက အိပ်မက်တွေကို တကယ်ဖြစ်စေမယ့် လက်တွေ့နည်းလမ်းလည်း ဖြစ်ပါတယ်။