လူတိုင်းက စကားပြောကောင်းသူတွေ မဟုတ်ကြပါဘူး။ လူအများရှေ့ထွက်ပြီး စကားပြောရတာမျိုး၊ စတိတ်စင်ပေါ်တတ်ပြီး စကားပြောရတာမျိုးက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ အချို့ဆိုလျှင် စင်ကြောက်ရောဂါရှိတတ်ကြပြီး လူအများရှေ့ စကားပြောရမယ်ဆိုတာနဲ့ အလိုလို ကြောက်ဒူးတုန်သွားတတ်ကြပါတယ်။

ကျောင်းသားလူငယ်ဘဝမှာ သိပ်ပြဿနာမရှိပေမယ့် လုပ်ငန်းခွင်ထဲမှာတော့ ထိုကဲ့သို့ ကြောက်ရွံ့တတ်ခြင်းက သင့်ဘဝအတွက် အတားအဆီးတစ်ခုလိုပါပဲ။ လူအများရှေ့စကားမပြောရဲတဲ့အကြောက်တရားကို ဘယ်လိုနှိမ်နင်းရမလဲ။ မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ ပြောရဲဆိုရဲအောင် ဘယ်လိုလေ့ကျင့်ရမလဲ။

အခြားသူများရှေ့ ကြိုတင်လေ့ကျင့်ထားပါ

public speaking tips for men

Photo Source: Business.tutsplus.com

သင် ယုံကြည်ရတဲ့ လုပ်ဖော်ကိုယ်ဖက် သူငယ်ချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းကြည့်ပြီး သူ့အရှေ့မှာ လေ့ကျင့်ပြောဆိုကြည့်လိုက်ပါ။ သင် စကားပြောတဲ့အခါ ဘာတွေ လိုအပ်နေသလဲ။ အရမ်းမြန်နေသလား။ နှေးနေသလား။ ဟန်ပန်အမူအရာကရော အဆင်ပြေရဲ့လား စသည်ဖြင့် အကြံဉာဏ်ရယူခြင်းအားဖြင့် သင့်ရဲ့ Presentation အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။

အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ

public speaking tips for men

Photo Source: earth.com

ကိုယ့် Presentation မစခင်မှာ အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ခြင်း ပြုလုပ်ပါ။ မိမိ Presentation လုပ်ရမယ့်အခန်းနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိဖို့ရန်အတွက် အခန်း တစ်ပတ် ပတ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ သင့်အတွက် ထိုအခန်းက ကြောက်စရာကောင်းတော့မှာမဟုတ်ပါဘူး။

အဆိုးဆုံးအခြေအနေကို စဉ်းစားကြည့်လိုက်ပါ

public speaking tips for men

Photo Source: Videohive.net

ဒီ Presentation အဆင်မပြေတဲ့အခါ ဘာဖြစ်သွားနိုင်မလဲ။ သင် ရာထူးလျော့ခံရမှလား။ ဒါမှမဟုတ် အလုပ်ထုတ်ခံရမှာလား။ သင့်ကို လူအများ ပြက်ရယ်ပြုကြမှာလား။ သင့် မျက်လုံးမှိတ်ကြည့်ပြီး အဆိုးဆုံးအခြေအနေကို စဉ်းစားကြည့်လိုက်ပါ။ ဒါဆိုရင် သင်က အလကားသပ်သပ် အစဉ်းစားလွန်နေတယ်ဆိုတာကို သိလာပါလိမ့်မယ်။ သင့်အကြောက်တရားရဲ့ မြစ်ဖျားခံရာအရင်းအမြစ်ကို သိရှိတဲ့အခါ ထိုအကြောက်တရားကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပါပြီ။

ရင်းနှီးကျွမ်းဝင်မှုရှိသော မျက်နှာတစ်ခုကို ရှာဖွေလိုက်ပါ

public speaking tips for men

Photo Source: Publicwords.com

သင် တင်ဆက်မှုပြုလုပ်နေစဉ်မှာ လူအုပ်ထဲတွင် သင့်အတွက် တရင်းတနှီးဖြစ်စေမယ့် မျက်နှာမျိုးကို လိုက်ရှာလိုက်ပါ။ လူအုပ်ကြီးတစ်ခုလုံးကို အာရုံမစိုက်ဘဲ ထိုမျက်နှာတစ်ခုတည်းကိုသာ အာရုံစိုက်ထားလိုက်ပါ။ သူ့ကို စကားပြောနေသယောင် တင်ဆက်ပြလိုက်ပါ။ သင့်ရဲ့အစမ်း Presentation အတွက် ကူညီလေ့ကျင့်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နိုင်သလို သင် ပြောပြနေတာကို ဂရုတစိုက် ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်ပေးနေသူမျိုးဆိုလည်း ရပါတယ်။

ဖြည်းဖြည်းပြောပါ

public speaking tips for men

Photo Source: Menshealth.com

လူအများရှေ့Presentation လုပ်နေရတဲ့အခါ စကားမြန်မြန်ပြော၊ မြန်မြန်တင်ဆက်နှင့် ထိုလူအုပ်ကြီးအရှေ့က အမြန်ဆုံးပျောက်သွားချင်တဲ့ဆန္ဒတစ်ခုကတော့ စင်ကြောက်တတ်သူတွေမှာ တွေ့ရတတ်တဲ့အကျင့်တစ်ခုပါပဲ။ ဒါပေမဲ့ သင် စကားမြန်မြန်ပြောလိုက်တဲ့အခါ နားထောင်ရသူတွေအဖို့ စိတ်မသက်မသာဖြစ်ရပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ် ပြောစရာရှိတာကို ဖြည်းဖြည်းမှန်မှန်ပဲ ပြောပါ။ အနောက်က ကျားလိုက်သလို လောနေစရာမလိုပါဘူး။

Source: Careeraddict