အမျိုးသားအများစုမှာ အသက် (၃၀) ကျော်လာတာနဲ့ အမျှ ဘီယာဗိုက်လို့ခေါ်တဲ့ ခပ်ဖောင်းဖောင်း ဝမ်းဗိုက်အဆီတွေရှိလာတက်ပါတယ်။ ဒီလိုဝမ်းဗိုက်မှာ အဆီစုလာခြင်းဟာ ကျန်းမာရေးအတွက် မကောင်းသလို သင့်ရဲ့ နေ့စဉ်ဘဝမှာ အသွားအလာအထိုင်အထနဲ့ ဖက်ရှင်ဝတ်စားဆင်ယင်ရာမှာပါ အခက်တွေ့လာနိုင်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ ဘီယာဗိုက်ကို ထာဝရဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းကောင်းလေးတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ချပါ

Source : United Talent Coacht

စိတ်ဖိစီးမှုနဲ့ ဝမ်းဗိုက်အဆီက တိုက်ရိုက်အချိုးကျပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကိုလက်စထရော ပမာဏမြင့်တက်လာပြီး အစားအစားချင်စိတ်ကိုဖြစ်စေပါတယ်။ ထို့အခါ ဝမ်းဗိုက်မှာရော ခန္ဓာကိုယ်မှာပါ မလိုလားအပ်တဲ့အဆီပိုတွေစုလာပြီပေါ့။ဒါ့ကြောင့် အတက်နိုင်ဆုံး စိတ်ဖိစီးမှုလျော့နည်းအောင် စိတ်ကိုတည်ငြိမ်အောင် နေသင့်ပါတယ်။

(၂) အသင့်စားအစားအစာတွေကိုရှောင်ပါ

Source : unhealthy eating concept

အာဟာရပါဝင်မှုနည်းပြီး ကိုလက်စထရောပမာဏများတဲ့ junk food လို့အစားအစာတွေဟာ သင့်ရဲ့ ဝမ်းဗိုက်မှာအဆီတွေစုလာတဲ့ အဓိကတရားခံတွေဖြစ်ပါတယ်။ ဒီလိုပြုပြင်ထားတဲ့အစားအစာတွေ အသင့်ထုပ်ပိုးထားတဲ့အစာအစားတွေစားသုံးခြင်းကို အထူးရှောင်ကျဉ်သင့်ပါတယ်။ ဒီလိုအစားအစာတွေအစား ပရိုတင်းဓာတ်ပါတဲ့ အသားတွေ လက်ဆတ်တဲ့ ဟင်းသီးဟင်းရွှက်တွေနဲ့ အစေ့အဆံတွေကို စားသုံးပေးမယ်ဆိုရင် ဝမ်းဗိုက်အဆီစုခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၃) အိပ်ချိန်ကို ဦးစားပေးပါ

Source : istock

လုံလောက်သော အိပ်စက်ချိန်ရှိခြင်းက ကိုယ်အလေးချိန်ထိန်းသိမ်းရန်အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်တယ်လို့ အမေရိကန်သုတေသနပညာရှင်တွေက ပြောထားပါတယ်။လေ့လာတွေ့ရှိချက်တွေအရ တစ်ရက်ကို ၈နာရီခွဲလောက် ပုံမှန်အိပ်စက်ပေးတာဟာ ကျန်းမာသောကိုယ်အလေးချိန်ကိုရရှိစေတယ်လို့ဆိုပါတယ်။ဒါ့အပြင်အိပ်စက်ခြင်းက စိတ်ဖိစီးမှုလျော့ကျစေပြီး ဦးနှောက်စွမ်းရည်ကိုမြင့်တက်စေတာကြောင့် ကိုယ်ရဲ့ အိပ်ချိန်ကို ဦးစားပေးသင့်ပါတယ်။

(၄) Cardio ကစားပါ

Source : Greatist

Cardio ကစားခြင်းက ခန္ဓာကိုယ်က အဆီတွေကို အမြန်ဆုံးလောင်ကျွမ်းသေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ နာရီဝက်ခန့် Cardio ကစားတာဟာ ၁ နာရီလောက် အပြေးလေ့ကျင့်တာထက် ပိုပြီးထိရောက်ရှိသလို အချိန်ကုန်တာလည်းသက်သာစေပါတယ်။ Cardioက ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှားပြုလုပ်ပေးရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ကိုယ်အလေးအချိန်ကျချင်သူတွေနဲ့ ဘီယာဗိုက်ပျောက်ချင်သူတွေအတွက် သင့်တော်တဲ့ အားကစားနည်းတစ်ခုပါ။

(၅) ဘီယာလျော့သောက်ပါ

Source : Shutterstock

အပေါ်မှာပြောခဲ့တဲ့ အချက်တွေအားလုံးလုပ်ပေမဲ့ ဘီယာသောက်တာမလျော့ဘူးဆိုရင်တော့ ဘီယာဗိုက်ပျောက်ချင်တဲ့ အိပ်မက်ကြီးကဖြစ်လာမှာမဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ဘီယာမသောက်ဖြစ်ရင် ဘီယာဗိုက်မြန်မြန်ပြုတ်ဖို့ အခွင့်အရေးပိုများလေလေပါပဲ။ အကယ်၍ ပွဲလမ်းသဘင်တွေ မဖြစ်မနေသောက်ရမဲ့ ကိစ္စတွေပေါ်လာရင်လည်း ၁ခွက်ထက်ပိုမသောက်တာကောင်းပါတယ်။ ဘီယာသောက်တဲ့အခါ ဘီယာနဲ့အတူ အဆီဓာတ်များတဲ့အစားအစာတွေ အကြော်တွေကို အမြည်းအဖြစ်စားသုံးခြင်းကိုလည်း ရှောင်ကျဉ်ပါ။