ဟိုနားဒီနား အထားမှားလို့ ပစ္စည်းတွေ ခဏခဏပျောက်တာမျိုး ဖြစ်ဖူးတယ်ဆိုရင် အခုပြောမယ့် နည်းလမ်းလေးတွေ ကျင့်သုံးသင့်ပါတယ်။ အပျောက်မှားတဲ့ ပစ္စည်းတွေထဲမှာ သော့လို ၊ ပိုက်ဆံအိတ်လို ၊ ခရစ်ဒစ်ကတ်လို အရေးပါပြီး သေးမွှားတဲ့ပစ္စည်းတွေ ဖြစ်တတ်ပါတယ်။ ဒီလိုပစ္စည်းတွေကို မပျောက်ပျက်အောင်နဲ့ ရှာရလွယ်အောင် ဒီအချက်တွေလိုက်နာသင့်ပါတယ်။

(၁) နေရာအတည်တကျ သတ်မှတ်ထားရှိပါ

Source: Pixabay

သော့ဆို ပုံမှန်ချိတ်ရမယ့် နေရာမှာအမြဲထားတဲ့ အကျင့်လုပ်သင့်သလို နေ့ စဉ်သုံးပြီး ကိုယ်နဲ့ မကွဲမကွာပါနေတတ်တဲ့ ဖုန်း ၊ ပိုက်ဆံအိတ်စတာတွေကို သူ့ နေရာနဲ့ သူသီးသန့် ထားမယ်ဆိုရင် ရှာဖို့ လည်း လွယ်ပြီး အရေးအကြောင်းဆိုအလွယ်ကလေး ထယူနိုင်မှာပါ။

(၂) သန့်ရှင်းရေးလုပ်ပါ

Source: Pexels

ရုံးမှာပဲ ဖြစ်ဖြစ်အိမ်မှာပဲ နေနေ ကိုယ်နေတဲ့ နေရာမှာ ပစ္စည်းတွေရှုပ်ပွနေအောင် မထားသင့်ဘဲ တတ်နိုင်သမျှ ရှင်းလင်းထားသင့်ပါတယ်။ အခန်းကရှင်းလေလေ ပျောက်တဲ့ပစ္စည်း ရှာရာမှာလည်း မြန်လေလေပါပဲ။

(၃) အရန်ထားပါ

Source: Pexels

အသုံးများတဲ့ သော့လိုပစ္စည်းမျိုးကိုတော့ အပိုတစ်စုံဆောင်ထားသင့်ပါတယ်။ Backup အပို ရှိတာဟာအရေးပေါ် အခြေအနေတိုင်းအတွက် ပြင်ဆင်ပြီး ဖြစ်စေပါတယ်။

(၄) အစီအစဉ်တကျ ရှိပါစေ

Source: Unsplash

မနက်ရုံးတက်မယ်ဆိုပါစို့ ။ ရုံးကိုယူသွားမယ့်ပစ္စည်း ပစ္စယကို ညကတည်းက မအိပ်ခင်စီစဉ်တာဟာ အချိန်လေလွင့်တာသက်သာစေသလို ပစ္စည်းတွေမေ့ကျန်နေတာမျိုးလည်း မဖြစ်တော့ပါဘူး။

(၅) အရေးကြီးတဲ့ပစ္စည်းတွေကို တစ်နေရာတည်းမှာစုစည်းထားပါ

Source: Unsplash

ဘွဲ့ လက်မှတ်လို အိမ်ထောင်စုဇယားလို စာရွက်စာတမ်းတွေကို ဖိုင်တွဲနဲ့  စနစ်တကျသိမ်းထားမယ်ဆိုရင် သယ်လို့ ပြုလို့ လည်း လွယ်သလိုတစ်နေရာကနေ တစ်နေရာ ယူသွားချိန်မှာလည်း တစ်ခါတည်း အကုန်ပါပြီး ဖြစ်စေမှာပါ။