အသက် (၃၀) ရောက်ပြီဆိုရင် ကိုယ်အလေးချိန်ကိုပိုပြီး ဂရုစိုက်ဖို့လိုပါပြီ။ သန့် ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအသောက်တွေစားတာ  ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပြီး ကိုယ့်ရဲ့ ဝိတ်ကို ထိန်းရတော့မှာပါ။

ခပ်ဖိုင့်ဖိုင့် ဝမလာခင်ကတည်းက ကိုယ်အလေးချိန် မတက်အောင် အနေအထိုင် အစားအသောက်ထိန်းရသလိုပဲ အပြင်သွားလာလှုပ်ရှားနေချိန်မှာ ကိုယ့်ကိုလူတွေ တွေ့ လို့ ဝလိုက်တာလို့ မထင်အောင် နေနည်းတွေလည်း သိဖို့ လိုပါတယ်။

(၁) အင်္ကျီဆိုဒ်မှန်ပါစေ

Source: Business Insider

နည်းနည်းဝနေရင် အဝတ်အစားကို ကိုယ်နဲ့ Regualr Fit ဖြစ်တာကို ရွေးဝတ်သင့်ပါတယ်။ ပွယောင်းယောင်း အဝတ်အစားဝတ်ရင် ဗိုက်အဆီတွေ လူမမြင်အောင် ကာနိုင်မယ်လို့ အများစု ထင်မှားနေကြပါတယ်။ တကယ်တမ်းမှာတော့ ဆိုဒ်ကြီးဂိုက်ကြီး ဝတ်စုံတွေဝတ်တာဟာ လူရဲ့ ရုပ်ရည်ပါ ထိခိုက်နိုင်စေပါတယ်။ခပ်ကျပ်ကျပ်အင်္ကျီ ဝတ်ရင်လည်း ဗိုက်ထွက်တာ လူမြင်ပြီးရုပ်ဆိုးပါတယ်။ အကောင်းဆုံးက ကိုယ်နဲ့ Fitting ဖြစ်တဲ့ဆိုဒ်ကို ဝတ်တာဟာ Slim ဖြစ်တယ်လို့ မထင်ရတောင် ဝတယ်လို့ထင်စေမှာ မဟုတ်ပါဘူး။

(၂) အပွင့်အကွက်တွေ မဝတ်မိအောင်ရှောင်ပါ

Source: Pixabay

အထက်အောက် လက်ရှည်အစင်းဝတ်တာဟာ လူကိုပိုပြီး သွယ်လျသွားစေတယ်လို့ ထင်စေပါတယ်။ အကွက်ပြူးတိပြဲတဲကြီးတွေဝတ်မယ်ဆိုရင် လူဟာရှိရင်းစွဲထက်တောင် ဝလာတယ်လို့ မြင်စေပါတယ်။

(၃) လည်ပင်းပေါက် V-Shaped ပါအင်္ကျီတွေဝတ်ပါ

Source: Freepik

V ပုံစံလည်ပင်းပေါက်ပါတဲ့ အင်္ကျီတွေဟာအရပ်အမောင်းကို ပိုရှည်သယောင်ဖြစ်ပြီး ဘော်ဒီကိုလည်း သေးမယ်လို့ထင်ရစေပါတယ်။ V ပုံစံ အင်္ကျီတီရှပ်နဲ့ ဆွယ်တာတွေဝတ်တာ နည်းနည်း ဝလာသူတွေအတွက် အလိုက်ဖက်ဆုံးပါပဲ။

(၄) ဘောင်းဘီရှည်နဲ့ Pants တွေဝတ်ပါ

Source: Unsplash

သရီးကွားတားလို ဘောင်းဘီတိုမျိုး မဝတ်ဘဲ ခြေမျက်စိအထိရောက်မယ့် ဘောင်းဘီရှည်တွေဝတ်တာ ပိုကောင်းပါတယ်။ အရော်ငအနေနဲ့လည်း နက်ပြာရင့်  အနက်နဲ့ မီးခိုးရောင် ကာလာမှိုင်းတွေဟာ ဝလာတဲ့သူတွေနဲ့ အဆင်ပြေတဲ့ ဝတ်စုံ ဖြစ်ပါတယ်။

(၅) Classic စတိုင်သွားပါ

Source: Pixabay

အနက်ရောင် အထူးသဖြင့် All Black ဟာလူကို ပိုပိန်စေသယောင်ထင်ရပါတယ်။ ကာလာဟာ လူကိုဆွဲဆောင်နိုင်မှု မြင့်သလို လူကိုလည်းထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ အနက်ရောင်ဟာ Illusion အတွက် မျက်စိလှည့်စားဖို့ အကောင်းဆုံးအရောင် ဖြစ်ပါတယ်။