ဒီဘက်ခေတ် ယောက်ျားလေးတော်တော်များများ အရက်ဘီယာနဲ့ မကင်းကြပါဘူး။ ပျော်လို့ စိတ်ညစ်လို့ အလုပ်ကိစ္စနဲ့မလို့ စတဲ့ အကြောင်းပြချက်တွေကြောင့် တစ်လမှာအနည်းဆုံးတစ်ကြိမ်တော့ အရက်သောက်ဖြစ်ကြပါတယ်။ ထူးခြားတာတစ်ခုက ယောကျာ်းလေးအများစုဟာ အရက်သောက်ပြီး မူးလာတာနဲ့ ပုံစံလေးတွေပြောင်းသွားတတ်ကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ယောကျာ်းလေးအများစု မူးလာရင် ပြောင်းသွားတတ်တဲ့ ပုံစံလေးတွေကို ပြောပြမှာဖြစ်ပါတယ်။ သင်ရော မူးရင် ဘယ်လိုအမျိုးအစားထဲမှာပါလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) အဖီးလ်ကိုယ်တော်

Source : talbottcampus.com

အဖီးလ်တစ်လိုင်းသူတွေဟာ မသောက်ခင်ကပျော်ပျော်ရွှင်ရွှင်နဲ့ အသံအကျယ်ဆုံးဖြစ်ပြီး လေးငါးခွက်မြောက်လောက်ရောက်လာတာနဲ့ စတင်ပြီး ငြိမ်စပြုလာပါတယ်။ အရှိန်လေးကောင်းလာလေလေ ဖီးလ်စရာတွေတွေးမိလေဖြစ်ပြီး အများစုက တစ်ချိန်ကပတ်သက်ခဲ့ဖူးတဲ့ ရည်းစားဟောင်းအကြောင်းတွေ ပြောပြီး အမှန်အကန်စဖီးလ်လာပြီဖြစ်ပါတယ်။ အိမ်ပြန်ရောက်တဲ့အထိ ဖေ့ဘွတ်ခ်မှာ စတေးထပ်တွေ အမြင်ကပ်လောက်အောင် တင်တတ်ကြပါတယ်။

(၂) အဆိုတစ်လိုင်း

Source : fortenotation.com

အရက်လေးမူးလာရင် ဘယ်တော့မှ အိမ်ပြန်ဖို့စကားမစတတ်တဲ့သူတွေဟာ အဆိုတစ်လိုင်းသမားတွေပါ။ ဝိုင်းကထတာနဲ့ KTV ကိုပြေးဖို့ ကြံစည်နေကြတာဖြစ်ပါတယ်။ ဘော်ဒါတွေကိုလည်း ချုပ်နည်းပေါင်းစုံနဲ့ အိမ်မပြန်အောင်တားပြီး မရမက သီးချင်းသွားဆိုတတ်ကြသူတွေဖြစ်ပါတယ်။ KTV ရောက်ရင်လည်း အပျော်ဆုံးလူသားကသူပါပဲ။ ဘယ်သူဘယ်သီချင်းဆိုဆို သံယောင်လိုက်တတ်ပြီး နောက်ဆုံးတီးလုံးကအစ လိုက်ဆိုတတ်ကြတဲ့သူတွေပါ။

(၃) ဖိုက်တာ

Source : Master’s Men

မူးလာရင် သွေးဆိုးတတ်တဲ့ ဘော်ဒါတွေနဲ့ အတူတူအရက်သောက်ဖူးပါသလား။ အရက်မသောက်ခင်ကတော့ အရမ်းကိုသဘောကောင်းပြီး သည်းခံတက်လွန်းသူ နားလည်ပေးနိုင်လွန်းသူကြီးပေါ့။ အရက်နည်းနည်းဝင်သွားတာနဲ့ လုံးဝပြောင်းပြန်ပြောင်းလဲသွားပြီး လုပ်ရဲကိုင်ရဲ ဖိုက်တာသွေးတွေ ကြွလာပြီပဲ ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ ပြဿနာမဖြစ်ရင်တောင် သူနဲ့ တစ်ဝိုင်းတည်းသောက်နေတဲ့ဘော်ဒါတွေကို မင်းဘယ်သူ့ကိုမကျေနပ်လဲ ငါသွားထိုးပေးမယ်ဆိုတာမျိုးနဲ့ သူရဲကောင်းကြီးလုပ်ချင်ကြသေးတာဖြစ်ပါတယ်။

(၄) ဥသြ

Source : Medical News Today

တစ်ဝိုင်းတည်းသောက်နေကြတဲ့ လူချင်းအတူတူ ဥသြသမားတွေက ပိုမူးတတ်ကြပါတယ်။ တခြားသူတွေ အရှိန်စတက်လို့ ကောင်းတုန်း သူကတော့ Toilet ထဲမှာ ဥသြ အမှန်အကန်ဆွဲနေပြီဖြစ်ပါတယ်။ အတူသောက်တဲ့ ဘော်ဒါတွေအနေနနဲ့ ဥသြသမားတွေ အနည်းငယ်မူးစပြုလာပြီဆိုရင် အခြေအနေကြည့်ပြီး သူ့အတွက်ဥသြဆွဲဖို့နေရာ ရှာပေးရပါတယ်။ ဒါပေမယ့်သူတို့ဟာ ဥသြဆွဲပြီးတာနဲ့ လုံးဝအကောင်းအတိုင်း ပြန်ဖြစ်သွားတတ်ကြတာ ဖြစ်ပါတယ်။

(၅) ထိုးအိပ်

Source : videoblocks.com

အခုနောက်ဆုံးကတော့ မူးလာရင် ဘယ်နေရာဖြစ်ဖြစ်ထိုးအိပ်ဖို့ ဝန်မလေးကြသူတွေပါ။ သောက်နေတဲ့ ဝိုင်းမှာလည်း အိပ်တယ်။ အိပ်ပြန်ပို့တဲ့အချိန် ကားပေါ်မှာလည်း လုံးဝခေါင်းမထောင်နိုင်အောင် အိပ်တတ်ကြတယ်။ မူးပြီးရစ်တတ်တဲ့သူတွေထက်စာရင်တော့ ထိုးအိပ်သမားတွေဟာ အနည်းငယ်တော်သေးတယ်လို့ ဆိုရပါမယ်။ ဘော်ဒါတွေကို နောက်ရက်မှ Sorry သူငယ်ချင်း မနေ့က ငါနည်းနည်းမူးသွားတယ်ဆိုတာမျိုးနဲ့ မျက်နှာချိုလာသွေးကြတာဖြစ်ပါတယ်။