လစာတွေပြတ်လပ်ပြီး စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေပြီဆိုရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ ကုန်စရာတွေပေါ်လာတတ်ပါတယ်။ ကိုယ်တိုင်တောင် ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားနေရချိန်မှာ အခုလိုငွေကုန်စရာကိစ္စတွေကြုံလာတက်တာ တကယ့်ကို အသည်းပေါက်စရာပါပဲ။ ကွီးစာဖတ်ပရိသတ်တွေရော ပြတ်တုန်းလပ်တုန်း ၂၃ ဖြစ်နေချိန်မှာ အချိန်ကိုက်ပေါ်လာတတ်တဲ့ ငွေကုန်စရာအဖြစ် မျိုးကြုံဖူးကြလား။

(၁) ဖိနပ်ပြတ်ခြင်း

Source : Indian Consumer Complaints Forum

လက်ထဲပိုက်ဆံနည်းနေပြီဆိုရင် ဖိနပ်လေးပြတ်လိုက်ရမှဆိုတဲ့အဖြစ်မျိုး တော်တော်များများကြုံဖူးမယ်ထင်ပါတယ်။ တကယ့်ကို တိုက်ဆိုင်တာပဲလား ကံဆိုးတယ်လို့ပဲ ကံကိုအပြစ်ပုံချရမလားမသိတော့ပါဘူး။ တစ်လလုံး စီးလာတာအကောင်း ပိုက်ဆံနည်းနည်းပဲ လက်ထဲကျန်တော့တဲ့ လကုန်ရက်တွေမှာ ပိုက်ဆံကိုချွေတာသုံးနေရပြီဆိုရင်တော့ ဖိနပ်ကအကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားတတ်တာဖြစ်ပါတယ်။

(၂) လူမှုရေးပွဲများ ဖိတ်ကြားခံရခြင်း

Source : Cards & Pockets Design Idea Blog

ဒီပြဿနာဟာ အပေါင်းအသင်းဆန့်တဲ့သူတော်တော်များများမှာ ကြုံရလေ့ရှိတဲ့ ကိစ္စတစ်ခုပါ။ လက်ထဲပိုက်ဆံနည်းနေလို့ အပြင်သွားဖို့တောင် စိတ်မပါဖြစ်နေချိန်မှာ မင်္ဂလာဆောင်ဖိတ်စာတွေ ၊ မွေးနေ့ပွဲဖိတ်စာတွေက ဝင်လာမစဲတသဲသဲပါပဲ။ မိတ်ဆွေဖြစ်နေတော့ မသွားရင်လည်း မကောင်း ၊ သွားဖို့ကလည်း မတတ်နိုင်နဲ့ တကယ်ကို တိုင်ပတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

(၃) တစ်ကိုယ်ရည်သုံး ပစ္စည်းများကုန်ခြင်း

Source : alessandroinnocenti.wordpress.com

လကုန်ခံနီးရက်တွေဆို မျက်နှာသစ်ဆေးကုန်ရတာနဲ့ ၊သွားတိုက်ဆေးက ဖင်ကပ်ပဲရှိတော့ရတာနဲ့ ၊ Roll On ကကုန်နေတာနဲ့ တော်တော်လေးကို အဆင်မပြေတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခုတစ်လေလောက် ကုန်နေတာကိစ္စမရှိပေမယ့် တစ်ချိန်ထဲမှာပဲ သုံးလေးမျိုးလောက် တစ်ပြိုင်နက် ကုန်နေတာတွေကတော့ တော်တော်လေးကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေပဲဖြစ်ပါတယ်။

(၄) ဈေးရောင်းပွဲတော်များ ပေါ်လာခြင်း

Source : SETHLUI.com

ပိုက်ဆံပြတ်နေပြီဆိုရင် စားချင်စဖွယ် အစားအသောက် အသစ်အဆန်းတွေရောင်းချတဲ့ ဈေးရောင်းပွဲတော်တွေ တစ်မျိုးပြီးတစ်မျိုးမရိုးရအောင် ပေါ်လာတတ်ကြပါတယ်။ ပိုက်ဆံရှိနေချိန်က အားခဲထားသမျှ Night Market တွေ ၊ Food Villa တွေဟာ ကိုယ်ပိုက်ဆံပြတ်နေတဲ့အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ကျင်းပတတ်ပြီး ကိုယ်သွားစားမယ်လည်းလုပ်ရော ဈေးရောင်းပွဲတော်က ပြီးသွားပါပြီ။ ဒီလိုအဖြစ်အပျက်မျိုးကတော့ အစားအသောက် ချစ်မြတ်နိုးတဲ့ Foody တွေအတွက်တော့ တကယ့်ကို ဝမ်းနည်းစိတ်ပျက်ဖွယ်ပါပဲ။

(၅) သောက်စားပျော်ပါးဖို့ အဆွယ်ခံရခြင်း

Source : Business Insider

ပိုက်ဆံမရှိတဲ့အချိန်မှ Club တက်ချင်ရတာနဲ့ Bar ကောင်းကောင်းမှာ Chill ချင်ရတာနဲ့ လာလာပြီးမဲဆွယ်ကြတဲ့ ဘော်ဒါတွေနဲ့ကြုံဖူးကြလား။ တစ်ချို့သော ဘဝတူဘော်ဒါတွေအနေနဲ့ ကိုယ်ချင်းစာနိုင်ပေမယ့် မိဘပိုက်ဆံထိုင်စားပြီး ပိုက်ဆံအိတ် ဖောင်းကားနေတဲ့ အမြင်ကပ်စရာဘော်ဒါတွေကတော့ တကယ့်ကိုပြောရဆိုရ လက်ပေါက်ကပ်ပါတယ်။ ကိုယ်မလိုက်ရင်လည်း ဘော်ဒါစိတ်မရှိဘူးတွေ ဘာတွေတောင် အပြောခံရတာဖြစ်ပါတယ်။ ပိုက်ဆံမရှိတဲ့အချိန် ဒီလိုသောက်စားပျော်ပါးဖို့ အခေါ်ခံရတာလည်း သောကတစ်ခုပါနော်။