ပါတီတစ်ခုမှာ သွားကဲဖို့အတွက် ဘယ်လိုသူငယ်ချင်းမျိုးတွေကိုခေါ်သွားဖို့ စဉ်းစားထားလဲ။ ဘယ်လိုလူတွေက ပါတီတခုကိုပိုပြီး စည်ကားသွားအောင်လုပ်နို င်သလဲ။ ဒီတစ်ခေါက်တော့ ပါတီတခုမှာ သွားကဲဖို့ခေါ်သွားသင့်တဲ့ လူမျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

အမေလိုသူငယ်ချင်းမျိုး။ သူတို့တွေက အမြဲတမ်း ကိုယ့်သူငယ်ချင်းတွေ အဆင်ပြေလာ ဂရုစိုက်နေတတ်တဲ့သူမျိုးတွေပါ။ အပြင်သွားပြီးကဲဖို့ဆိုရင် ဒီလိုသူငယ်ချင်းမျိုးရှိတာက ရန်ဖြစ်တာတွေ မတော်တဆဖြစ်တာတွေကနေ အကာအကွယ်ပေးပါလိမ့်မယ်။ပြီးတော့ ဒီလိုလူမျိုးတွေက တဖက်ကတခြားလူတွေကို ဂရုစိုက်သလို တဖက်ကလည်း ပါတီမှာဘယ်လိုပျော်ရမလဲဆိုတာသိတဲ့ လူမျိုးတွေပါ။

Friends clinking drink glasses in a modern bar

Source : Freepik

ရူးကြောင်ကြောင်လုပ်တတ်သူများ။ သူတို့က အမြဲတမ်းတခုမဟုတ်တခု စိတ်ဝင်စားစရာတွေ ရူးသွပ်တဲ့အပြုအမှုတွေလုပ်နေတတ်တဲ့သူတွေပါ။ဥပမာရေကူးကန်ထဲ ဘောင်းဘီပွပွကြီးတွေဝတ်ပြီးပြေးဆင်းသွားတာတို့ အလံတိုင်နဲ့ သစ်ပင်တွေအပေါ် တွယ်တတ်တာတို့ စတဲ့ မထင်မှတ်ထားတဲ့ အရာတွေကို ရီစရာဖြစ်အောင်လုပ်တတ်ပါတယ်။ပြီးတော့ သူတို့တွေဟာ တခြားသူတွေကိုလည်း သူတို့လိုပဲ ရူးကြောင်ကြောင်တွေ လုပ်ဖို့ စွဲဆောင်နိုင်တဲ့သူတွေပါ။ အပြင်သွားရင် ဒီလိုလူတွေ မပါမဖြစ်ခေါ်သွားပါ။ပါးစပ်မစေ့နိုင်အောင် ရီနေရမှာအမှန်ပါပဲ။

ပျော်ပျော်နေတတ်တဲ့သူများ။ သူတို့ဟာ ပါတီလုပ်ဖို့ မွေးလာတဲ့သူတွေပါ။ သူတို့က အမေ့ဗိုက်ထဲကနေကပြီးထွက်လာတဲ့သူတွေပါ။ မယုံရင်သူတို့ကို ကြည့်လိုက်ပါ။ အမြဲတမ်းကနေတာ ဒါမှမဟုတ်ရင် ဟာသတွေပြောပြီး ရီနေတာကို တွေ့ရပါလိမ့်မယ်။

အမြဲတမ်းဗိုက်ဆာနေတဲ့သူငယ်ချင်းမျိုး။ ဒီလိုသူငယ်ချင်းမျိုးက အမြဲတမ်း ပါတီအတွက်လိုအပ်တဲ့ မုန့်တွေ ဝယ်လေ့ရှိတဲ့လူမျိုးတွေပါ။ ဒါမှမဟုတ်ရင်လည်း ပါတီအတွက် ဘယ်လိုအစားအသောက်တွေ လိုအပ်တယ်ဆိုတာကို အကောင်းဆုံး အကြံဉာဏ်ပေးနိုင်တဲ့သူတွေပါ။ အစားအသောက်ဟာ သူတို့အတွက် အမြဲတမ်းသူငယ်ချင်းလိုပါပဲ။ ပါတီမှာ မကဲခင် energy တွေလိုအပ်ပါတယ်ဆိုတာ သူတို့တွေကောင်းကောင်းနားလည်သဘောပေါက်ကြပါတယ်။

Dancing couple celebrating in club

Source : Freepik

ခင်ဖို့ကောင်းတဲ့သူငယ်ချင်းမျိုး။ဒီလိုသူငယ်ချင်းမျိုးကို ဘယ်လိုနေရာတွေပဲ ခေါ်သွားသွား သူတို့တွေဟာ သူငယ်ချင်းအသစ်တွေ ရလာလေ့ရှိတတ်ပါတယ်။ပြီးတော့ ပါတီတွေမှာလည်း သူတို့က လာသမျှလူတွေအားလုံးကို သူငယ်ချင်းအရင်းခေါက်ခေါက်တွေလို နုတ်ဆက်တတ်ပါသေးတယ်။ သူတို့က ကြင်နာသနားတတ်တဲ့ စကားတွေ အမြဲပြောလေ့ရှိပြီးတော့ တခြားတယောက်ကိုလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေရန်အားပေးစကားတွေ ပြောတတ်တဲ့သူမျိုးတွေပါ။Top of Form