မကြာခင်မှာ အပူလျော့ပြီး အအေးပိုလာမယ့် ဆောင်းကာလကို ရောက်လာတော့မှာပါ။ ဆောင်းရာသီမှာ မပါမဖြစ် ဖက်ရှင်တစ်ခုက Jackets တွေပါပဲ။ ဒီလို Jacket ဖက်ရှင်ထဲကမှ ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံး Jacket အမျိုးအစားတစ်ချို့ကို မိတ်ဆက်ပေးချင်ပါတယ်။

(၁) Trucker Jacket

Photo: gearmoose

Trucker တွေဟာ Jeans Jacket အမျိုးအစားထဲမျာ ပါပါတယ်။ Trucker တွေက ကာလာစုံတယ် ၊ ပိုပြီး Compact ဆန်တယ်။ သိပ်မအေးတဲ့ ဆောင်းဦးပေါက်တွေမှာ အပြင်ထွက်ရင် ဝတ်သွားဖို့ အကောင်းဆုံးဖက်ရှင်ထဲမှာ ပါပါတယ်။

(၂) Bomber Jacket

Photo: Business Insider

Bomber တွေက Trucker ထက် အချမ်းပိုခံနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး ဝတ်လို့ကောင်းတဲ့ ဖက်ရှင်တစ်ခုဖြစ်လို့ ဆောင်းရာသီမဟုတ်ဘဲနဲ့လည်း ဝတ်နေကြတာပါပဲ။

(၃) Leather Jacket

Photo: Askmen

ဘယ်တော့မှ ရိုးအီသွားမှာမဟုတ်တဲ့ Jacket ဖက်ရှင်ပါ။ လယ်သာဂျာကင်တွေဟာ ပုံစံမျိုးစုံနဲ့ လာပါတယ်။ တစ်ချို့က Biker Style ကြိုက်ပြီး တစ်ချို့တွေလည်း Rocker ဆန်ဆန် ဒီဇိုင်းကို ကြိုက်ကြမှာပါ။ ကိုယ့်အကြိုက်ဖက်ရှင်ကို အသားပေးထားတဲ့ Leather Jacket မျိုး ရွေးဝတ်လို့ ရပါတယ်။

(၄) Field Jacket

Photo: The Coolist

ဒူပေဒါပေ ဝတ်ဖို့အကောင်းဆုံး အကြမ်းခံမှုမြင့်တဲ့ Jacket ပါ။ စစ်တပ်တွေမှာ အဝတ်များပါတယ်။ အိပ်ကတ်ပေါက်တွေက သာမန် Jacket ထက် များပါတယ်။ Function အဓိက Jacket ဆိုပေမယ့် Fashion ကျအောင်လည်း ဝတ်လို့ ရပါတယ်။

(၅) Harrington Jacket

Photo: Askmen

လူငယ်လူလတ်ပိုင်းတွေနဲ့ အလိုက်ဖက်ဆုံး Jacket ဖြစ်ပါတယ်။ H‌arrington Jacket တွေ ပေါ့ပေါ့ပါးပါး ထသွားထလာ ဝတ်လို့ ကောင်းတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။ များသောအားဖြင့် တီရှပ်ပြောင်နဲ့ တွဲဝတ်ကြပြီး ရာသီဥတုမရွေး ဝတ်လေ့ ရှိကြပါတယ်။