အဝတ်အစားဝယ်မယ်ဆိုရင် ကိုယ့်ရဲ့ Body Type နဲ့ လိုက်အောင် ဝတ်ရင် ပိုပြီး ကြည့်ကောင်းစေပါတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကိုယ်လုံးကိုယ်ပေါက်ပုံစံချင်း တူတာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ခန္ဓာနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေ ရွေးဝတ်နိုင်စေဖို့အတွက် သိထားသင့်တဲ့ Body Type တွေအကြောင်း မျှဝေလိုက်ပါတယ်။

(၁) ဘဲဥပုံ ကိုယ်ခန္ဓာအမျိုးအစား

Photo: manofmany

ပုခုံးနဲ့ ရင်ဘတ်ကျဉ်းမယ်။ ခါးကျယ်ပြီး တင်သေးမယ်။ ဒါမျိုးကို ဘဲဥပုံကိုယ်ခန္ဓာတွေလို့ ခေါ်ပါတယ်။ ဒီကိုယ်ခန္ဓာပိုင်ရှင်တွေဟာ ခန္ဓာကိုယ် သွယ်ပြီး ကြည့်ကောင်းစေဖို့ ထောင်လိုက်စင်း အဝတ်အစားတွေနဲ့ အရောင်ရင့်ရင့်တွေ ဝတ်သင့်ပါတယ်။

(၂) လေးထောင့်ပုံ ကိုယ်ခန္ဓာအမျိုးအစား

Photo: manofmany

လေးထောင့်ပုံတွေကတော့ ခါးတင်အထိ တစ်ထောင့်တည်း ဖြစ်နေပါတယ်။ ဒီကိုယ်လုံးကိုယ်ပေါက်တွေအတွက် အဝတ်အစား မရှားပါဘူး။ အကွက်တွေ အစင်းတွေလည်း ဝတ်နိုင်ပါတယ်။

(၃) တြိဂံပုံစံ ကိုယ်ခန္ဓာအမျိုးအစား

Photo: manofmany

တြိဂံပုံစံ ကိုယ်လုံးတွေက ဘဲဥပုံနဲ့ ဆင်ပါတယ်။ ခါးနေရာပိုကျယ်ပြီး ပခုံး ပိုကျဉ်းပါတယ်။ အနက်ရောင်လို ကာလာတွေဝတ်ပြီး အပေါ်ပိုင်းကို ပိုပြီး သိသာထင်ရှားအောင် ဝတ်စားသင့်ပါတယ်။

(၄) တြာပီဇီယန် ကိုယ်ခန္ဓာအမျိုးအစား

Photo: manofmany

ရင်အုံနဲ့ ပခုံးကျယ်ပြီး ခါးနေရာသေးတဲ့ ကိုယ်ခန္ဓာပုံစံပါ။ အချိုးကျပြီး ကြည့်လို့ အကောင်းဆုံး Body Tye တစ်ခု ဖြစ်သလို ဖက်ရှင်တိုင်းနဲ့လည်း အဆင်ပြေတယ်လို့ ဆိုရမှာပါ။

(၅) တြိဂံပြောင်းပြန် ကိုယ်ခန္ဓာအမျိုးအစား

Photo: ManofMany

ဒါကတော့ ခါးက အတော်ကြီးကို သိသိသာသာ သိမ်နေပြီး ရင်အုံနဲ့ ပခုံးတွေကားထွက်နေတဲ့ ကိုယ်လုံးကိုယ်ပေါက် ဖြစ်ပါတယ်။ Gym မှာ အချိန်အကြာကြီး အားကစားလုပ်ခဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ ပိုလိုရှပ်တွေ ၊ V ပုံစံ T-Shirt တွေ ဝတ်ရင် ကြည့်လို့ ပိုကောင်းပါတယ်။