လူတစ်ယောက်နဲ့ တစ်ယောက်သည် ဘဝပေးအခြေအနေချင်းလည်း မတူတဲ့အတွက်ကြောင့် စိတ်ဓာတ်ကျရတဲ့ အကြောင်းအရာချင်းလည်း မတူညီကြပါဘူး။ အချို့ကလည်း မိမိလိုချင်တဲ့ ပန်းတိုင်ကို သတ်မှတ်ထားတဲ့အချိန်အတွင်း မရောက်နိုင်လို့ စိတ်ဓာတ်ကျတာမျိုးလည်း ရှိနိုင်သလို အချို့ကလည်း စီးပွားရေးအကြပ်အတည်းကြောင့်သော်လည်းကောင်း၊ အချစ်ရေးကိစ္စကြောင့်သော်လည်း စိတ်ဓာတ်ကျတတ်ပါတယ်။

စိတ်ဓာတ်ကျပုံချင်းလည်း မတူသလို စိတ်ဓာတ်ခွန်အား ပြန်လည်မြင့်တင်ကြတဲ့ ပုံစံသည်လည်း ကွဲပြားကြပါတယ်။ စိတ်ဓာတ်ကျနေတဲ့ ယောကျာ်းများအတွက် မိမိရဲ့စိတ်နေစိတ်ထားပေါ် မူတည်ပြီး ဘယ်လိုနည်းလမ်းများနဲ့ Motivation ပြန်မြှင့်တင်နိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

မိမိအတွင်းစိတ်က ဖြစ်တည်လာတဲ့ Motivation

internal motivation for men

Photo Source: Thriveglobal.com

သင်က ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးတတ်သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့စိတ်ဓာတ်ခွန်အားသည် သင့် အတွင်းစိတ်ထဲကနေ ဖြစ်တည်လာတာပါ။ ဥပမာ သင်က ကိုယ်အလေးချိန် လျော့ချဖို့ စိတ်ကူးရှိတယ်။ ဒါ့ကြောင့် အစားအစာများကို ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးဖို့နဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ဖို့ တွန်းအားရခြင်းသည် သင့်ရဲ့အတွင်းစိတ်ထဲက လာတာဖြစ်ပါတယ်။

ပြင်ပမှလာတဲ့ Motivation

 

external motivation for men

Photo Source: Pmtips.net

ဒီ Motivation ကတော့ သင့် အတွင်းစိတ်ထဲကမဟုတ်ဘဲ ပြင်ပမှလာတဲ့ ဖိအားကြောင့် စိတ်ဓာတ်မြင့်တက်လာခြင်းဖြစ်ပါတယ်။ စောစောက ဥပမာနဲ့ ပြန်ကောက်ရမယ်ဆိုရင် သင်သည် ကိုယ့်အသိစိတ်ကြောင့် အစားလျော့ချင်တာမျိုးမဟုတ်ဘဲ သင့်ကောင်မလေးက ကျန်းမာရေးနဲ့ ညီညွှတ်ဖို့အတွက်၊ အဝမလွန်ဖို့ရန်အတွက် Diet လုပ်သင့်ကြောင့် ခဏခဏ အကြံပေးရာကနေ ဖြစ်ပေါ်လာတဲ့ တွန်းအားတစ်မျိုးပါ။

ဆုတံဆိပ်များကြောင့် ဖြစ်တည်လာတဲ့ Motivation

reward for yourself

Photo Source: Bplans.com

ကိုယ့်ရည်မှန်းချက်တွေ ပြည့်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်လိုဆုချမှာ။ ကိုယ့်သူငယ်ချင်း (သို့) ကိုယ့်ကောင်မလေးက ဘယ်လိုဆုချမှာ စသည်ဖြင့် မိမိရဲ့ကြိုးစားခြင်းကြောင့် ဆုလာဒ်များ မြင်ယောင်ပြီး တွန်းအားများ ဖြစ်ပေါ်လာတဲ့ Motivation ဖြစ်ပါတယ်။

အကြောက်တရားပေါ် အခြေခံတဲ့ Motivation

motivation based on fear for men

တဖြည်းဖြည်း ကိုယ်အလေးချိန်တက်လာပြီ အဝလွန်လာမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးခြင်း စတဲ့ ရောဂါမျိုးစုံကို ခံစားရတတ်ပါတယ်။ ထိုရောဂါများ ခံစားရမှာကို ကြောက်ရွံ့ခြင်းကြောင့် ဝိတ်လျော့လိုက်ခြင်းသည် အကြောက်တရားကြောင့် စိတ်ဓာတ်တွန်းအားတစ်ခုဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုကြောင့် ပေါက်ဖွားလာတဲ့ Motivation

motivation based on competition

Photo Source: Edtimes.in

သူတစ်ပါးနှင့် ပြိုင်ဆိုင်ခြင်းသည် ကောင်းတဲ့အလေ့အကျင့်တစ်ခုတော့မဟုတ်ပါဘူး။ သို့သော် ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကျွန်တော်တို့ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်သည် အခြားသူများနှင့် နှိုင်းယှဉ်ခံရတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ အမြစ်တွယ်မှန်းမသိ တွယ်လာပြီး သူတစ်ပါးနှင့် ပြိုင်ဆိုင်လိုစိတ်သည် စိတ်ထဲမှာ ကြီးစိုးလာပါတယ်။ ပြိုင်ဆိုင်လိုစိတ် ပြင်းပြင်တဲ့သူတွေကတော့ စိတ်ဓာတ်ကျလာပြီဆိုရင် မိမိကိုယ်ကို အခြားသူနဲ့သာ နှိုင်းယှဉ်လိုက်ပါ။

စိတ်ဓာတ်ကျလာတဲ့အခါ အရင်ဦးဆုံး သင်က ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာကို မိမိကိုယ်ကိုယ် လေ့လာဆန်းစစ်ကြည့်ပါ။ ပြီးရင်တော့ မိမိရဲ့စိတ်နေစိတ်ထားနဲ့ လိုက်ဖက်မယ့် နည်းလမ်းကို အသုံးချကာ Motivation မြှင့်တင်နိုင်ပါပြီ။

Source: Lifehack.org