အမျိုးသားတွေရဲ့ နေ့စဉ်ဖက်ရှင်ထဲမှာ အများဆုံးတွေ့ရတာက T-Shirts တွေပါပဲ။ T-Shirts တွေကလည်း နေရာမရွေး ဝတ်လို့ရတဲ့ ဖက်ရှင်ဖြစ်လို့ ရုံးသွားရုံးတက် ၊ Dating ကနေ အိပ်ရာဝင်တဲ့အထိ ဝတ်နေကြပါတယ်။ ယောင်္ကျားလေးတွေ ဝတ်နေကျ T-Shirt Types တွေကို ပြန်ခွဲကြည့်ရင် များသောအားဖြင့် အခုပြောမယ့် စတိုင် ၅ မျိုးကို တွေ့ရတတ်ပါတယ်။
(၁) Crew Neck
Photo: sanvt
Crew Neck ဆိုတာ လည်ဝိုက်ဒီဇိုင်းကို ပြောတာပါ။ အတွေ့ရအများဆုံးနဲ့ လူအဝတ်ဆုံး T-Shirt ဒီဇိုင်း ဖြစ်ပါတယ်။ မျက်နှာရှည်ပြီး ပခုံးလျှောတဲ့ဘော်ဒီပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံး ဒီဇိုင်းလည်း ဖြစ်ပါတယ်။ လည်ဝိုက်ကော်လာတွေကို နာမည်ကြီးအမျိုးသားတွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်း ၊ ဂျွန်နီဒက် တို့ အဝတ်များပါတယ်။ Classic Crew Neck ဒီဇိုင်းလို့ ခေါ်ရမှာပါ။
(၂) V-Neck
Photo: hiconsumption
နောက်ထပ် အမျိုးသားတွေ အဝတ်အများဆုံး T-Shirt ဒီဇိုင်းက V-Neck ဒီဇိုင်း ဖြစ်ပါတယ်။ လည်ပင်းပုံစံက အင်္ဂလိပ်အက္ခရာဗွီလိုမျိုး ရင်ချိုင့်ရောက်နေတာ ဖြစ်ပါတယ်။ V-Neck ဖက်ရှင်တွေက မျက်နှာဝိုင်းပြီး အပေါ်ပိုင်း Body ကြီးတဲ့ အမျိုးသားတွေနဲ့ အဆင်ပြေပါတယ်။ V-Neck က လည်ပင်းကို ပိုဆန့်စေလို့ ပခုံးမြင့်ပြီး လည်ကုပ်တိုတဲ့အမျိုးသားတွေ ဝတ်သင့်ပါတယ်။
(၃) Henley
Photo: Indies Education
Henley T-Shirt တွေကို Y-Neck T-Shirt တွေလို့လည်း ခေါ်ကြပါတယ်။ လည်ပင်းကြယ်သီးပါ တီရှပ်အမျိုးစားဖြစ်ပြီး ကြွက်သားရှိတဲ့ ဘော်ဒီတောင့်တောင့် အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး T-Shirt ဒီဇိုင်း ဖြစ်ပါတယ်။ အားကစားလုပ်ထားလို့ ရင်ဘတ်နဲ့ လက်မောင်း ကြွက်သားရှိသူတွေအတွက် Crewneck ရိုးရိုးနဲ့ V-Neck လည်ပင်းပေါက်အစား Henley စတိုင်တွေ ဝတ်ဖို့ အကြံပြုချင်ပါတယ်။
(၄) Scoop Neck
Photo: GQ
များသောအားဖြင့် လည်ပင်းပေါက် ကျယ်လွန်းတဲ့ Scoop Neck တွေကို အမျိုးသားတွေ သိပ်မဝတ်ကြပါဘူး။ ဒါပေမယ့်လည်း တီရှပ်တွေထဲမှာ ဒီလို Loose Neck တွေကလည်း ရင်ဘတ်ရှိတဲ့သူတွေဝတ်လို့ အဆင်ပြေပါတယ်။ Scopp Neck တွေဟာ နွေရာသီလို ပူလောင်နေတဲ့အချိန်မှာ စိတ်ရောလူပါ လွတ်လပ်ပေါ့ပါးဖို့အတွက် ဝတ်ပေးသင့်ပါတယ်။
(၅) Graphic T-Shirt
Photo: GQ
Brand တစ်ခု Slogan တစ်ခုခုနဲ့ တီရှပ်ဝတ်ချင်ရင်တော့ Graphic T-Shirt မျိုး ဝတ်သင့်ပါတယ်။ Graphic Tee တွေက ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ခေတ်စားလာခဲ့တဲ့ဖက်ရှင်ဖြစ်သလို အခုထိလည်း အမျိုးသားတွေအကြား လူကြိုက်များနေတုန်းပါပဲ။ Graphic Tees တွေ ဝတ်မယ်ဆိုရင် သိပ်ပြီး ရှုပ်ထွေးတဲ့ Pattern တွေ ၊ Logo တွေ မပါအောင် ရှောင်ပြီး Minimalist ဆန်ဆန် ရှင်းရှင်းလေးတွေ ရွေးချယ်သင့်ပါတယ်။
Featured Image Photo: lifestyleasia