သင့်ကောင်မလေးနဲ့ ရွှေလက်ခိုင်ခိုင်တွဲဖို့ ဆုံးဖြတ်ပြီးသွားပြီ။ နှစ်ဖက်မိဘတွေရဲ့ ခွင့်ပြုချက်တွေကိုလည်း ယူပြီးသွားပြီ။ လက်ထပ်ခွင့်တောင်းဖို့ လက်စွပ်လည်း ဝယ်ပြီးသွားပြီ။ ဒါပေမဲ့ ဘယ်လို လက်ထပ်ခွင့်တောင်းရမလဲဆိုတဲ့အချက်ကြောင့် ခေါင်းခဲနေရပြီလား။
ဝိုင်ခွက်ထဲမှာ လက်စွပ်ထည့်ထားတာ ကိတ်မုန့်ထဲမှာ လက်စွပ်ထည့်ပြီး စပရိုက်တိုက်တဲ့ခေတ်မှာ ကုန်သွားပါပြီ။
အခုဖော်ပြမယ့် နည်းလမ်းများကို အသုံးချပြီး သင့်ကောင်မလေးရဲ့ ရင်ခုန်သံကို ပိုမြန်လာအောင် လုပ်ဆောင်နိုင်ပါတယ်။
ဓာတ်ပုံအယ်လ်ဘမ်ဖြင့် လက်ထပ်ခွင့်တောင်းပါ

ဓာတ်ပုံလေးတွေက အမှတ်တရကောင်းတွေကို သိမ်းဆည်းထားနိုင်တဲ့ ပစ္စည်းကောင်းတစ်ခုပါ။ သင်တို့နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရများကို အယ်ဘမ်ထဲ ထည့်ထားပြီးနောက် သူမကို ပေးလိုက်ပါ။ အယ်လ်ဘမ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ လက်စွပ်လေး ဖွက်ထားပြီး လက်ထပ်ခွင့်တောင်းလိုက်ပါ။
ရုပ်ရှင်ရုံထဲမှာ လက်ထပ်ခွင့်တောင်းပါ

ဒီနည်းလမ်းနဲ့ ပရိုပို့စ်မလုပ်ခင်မှာ သင့် ကောင်မလေးရဲ့ပုံစံကို သိထားဖို့ လိုပါမယ်။ သင့် ကောင်မလေးက အရှက်အကြောက်ကြီးတဲ့သူဆိုရင်တော့ ဒီနည်းလမ်းက မဟန်ပါဘူး။
တကယ်လို့ သင့်ကောင်မလေးက ရိုမန့်တစ်ဆန်တာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီနည်းလမ်းနဲ့ သူ(မ)ရဲ့ ခွင့်ပြုချက်ကို အရယူနိုင်ပါတယ်။
လက်ဆောင်ပေးပြီး လက်ထပ်ခွင့်တောင်းပါ

သူ(မ)ကို လက်ဆောင်ပေးမယ့် ပစ္စည်းလေးထဲမှာ လက်ထပ်ခွင့်လက်စွပ်လေး မြှုပ်ထားပြီး လက်ထပ်ခွင့်တောင်းခြင်းကလည်း သူ(မ)အတွက် အပျော်တွေကို ထပ်ဆင့်တိုးပေးနိုင်ပါတယ်။
သူ(မ) ကြိုက်နှစ်သက်တဲ့ ဆယ်လီတစ်ယောက်ရဲ့အကူအညီရယူပါ

သင့်ကောင်မလေး ကြိုက်နှစ်သက်တဲ့ အနုပညာရှင် ဆယ်လီတစ်ယောက်ရဲ့အကူအညီရယူပြီး သူ(မ) ကို စပရိုက်တိုက်လိုက်မယ်ဆိုရင် သူ(မ)ကို သင် ဘယ်လောက်ထိချစ်သလဲ။ သူ(မ)အတွက် ဘယ်လောက်တောင် သဘောထားကြီးကြီးနဲ့ ကြိုးစားပေးထားသလဲဆိုတာကို သူ(မ) သိမြင်သွားပါလိမ့်မယ်။
First Date တုန်းက တွေ့ခဲ့တဲ့နေရာမှာ လက်ထပ်ခွင့်တောင်းပါ

သင်တို့နှစ်ယောက် ဒီနေရာမှာ ပထမဦးဆုံးတွေ့ဆုံတုန်းက နှစ်ယောက်သား ဘယ်လို ရှက်ကိုးရှက်ကန်းဖြစ်နေကြတာ ဘယ်လိုအမှတ်တရလေးတွေနဲ့ ပြည့်နှက်နေတာ စသည်ဖြင့် ပျော်စရာအမှတ်တရလေးတွေကို ပြန်ပြောင်းပြောရင် လက်ထပ်ခွင့်တောင်းခြင်းကလည်း ရိုမန့်တစ်ဆန်လို့ ကောင်မလေးအများစုက နှစ်သက်ကြပါတယ်။
ဒီလောက်ဆိုရင်တော့ စာဖတ်သူတို့လည်း ဘယ်လိုလက်ထပ်ခွင့်တောင်းရမလဲဆိုတာကို အိုင်ဒီယာရသွားမယ်လို့ မျှော်လင့်မိပါတယ်။
Source: Listovative.com
