ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း အိမ်မှာနေရင်း အလုပ်လုပ်သူတွေ များလာတာနဲ့အမျှ Video Conferencing ပလက်ဖောင်း အသုံးပြုမှုလည်း များလာပြီ ဖြစ်ပါတယ်။ လူချင်းဝေးအောင် နေရတဲ့ Social Distancing စနစ် ကျင့်သုံးချိန်မှာ ကိုယ့်အလုပ်နဲ့ ဖြစ်ဖြစ် မိသားစု ၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ Device မှာ ရုပ်သံအစည်းအဝေး app ကောင်းကောင်း ထည့်ထားဖို့လိုပါတယ်။
ဒီတော့ COVID-19 ကြောင့် အိမ်မှာနေချိန်မှာ ရွေးချယ်သင့်တဲ့ Video Conferencing app ၅ မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) Google Hangouts Meet

Photo: zonait

Google Hangouts Meet ဟာ အစောပိုင်းက Google+ ရဲ့ feature တစ်ခုဖြစ်ပြီး ၂၀၁၃ မှာ standablone app အဖြစ် ထွက်ခဲ့ပါတယ်။ လူပေါင်း ၂၅၀ အထိ တစ်ပြိုင်နက်တည်း အစည်းအဝေးထိုင်နိုင်ပါတယ်။

(၂) Microsoft Teams

Photo: dispatch

free သုံးလို့ရတဲ့ video conferencing ပလက်ဖောင်းဖြစ်ပြီး ဝန်ဆောင်မှု ပြတ်တောက်ခြင်း မရှိအောင် ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။ Microsoft ပိုင် နောက်ထပ် နာမည်ကြီး ရုပ်သံအစည်းအဝေးပလက်ဖောင်းက Skype ဖြစ်ပါတယ်။

(၃) Zoom

Photo: NYPost
Zoom ကတော့ အခု နာမည်ကြီးနေတဲ့ ပလက်ဖောင်းပါ။ privacy ပြဿနာ ရှိတယ်လို့လည်း ကြားထားပါတယ်။ သုံးတဲ့သူကတော့ နေ့စဉ် သန်း ၂၀၀ ကျော်ပြီလို့ ဆိုပါတယ်။

(၄) Messenger

Photo:  Tech Crunch

Desktop ဗားရှင်း Messenger app က ဒီရက်ပိုင်းပဲ ထွက်ထားတာပါ။ Full Version ဟာ ကွန်ပျူတာနဲ့ Chatting ထိုင်ချင်သူတွေ Video call ခေါ်ချင်သူတွေအကြိုက် ဖြစ်ပါလိမ့်မယ်။

(၅) Viber

Photo: infomigrants

အခုနောက်ပိုင်း Viber က အတော်လေး အသုံးတွင်လာပါပြီ။ တစ်ဦးချင်းရော Group Call မှာပါ သုံးနိုင်လို့ပါ။ အခုဆို Viber မှာ မိတ်ဆွေ ၂၀ အထိ တစ်ပြိုင်နက်တည်း chatting လုပ်နိုင်လို့ သူငယ်ချင်းတစ်စု အွန်လိုင်းကနေ ရုပ်သံခေါ်ဆိုပြီး ပေါက်ပေါက်ဖောက်ဖို့ နေရာကောင်းပါပဲ။