ယောင်္ကျားတစ်ယောက်နဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ အကြား ခြားနားမှုက လူနေမှု ပုံစံပါ။ သင်ဝတ်ဖို့ ထည့်ထားတဲ့ အဝတ်အိတ်ဟာ သင့်အကြောင်းကို အများကြီး ပြောပြနိုင်ပါတယ်။

သပ်ရပ်ခန့်ညားပြီး Gentleman ဆန်ဆန် ဝတ်တတ်စားတတ်သူတစ်ယောက်ရဲ့ ဗီရိုကို ဖွင့်ကြည့်မယ်ဆိုရင် ဒီပစ္စည်းတွေက မပါမဖြစ် ပါဝင်နေပါလိမ့်မယ်။

(၁) လယ်သာအသုံးအဆောင်များ

Photo: Mensxp

သင်သာ အသုံးအဆောင်ကောင်းကောင်း သုံးတတ်တဲ့သူဆိုရင် လယ်သာသားရေစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ခါးပတ် ၊ ဂျက်ကတ် ၊ ဖိနပ် ၊ ပိုက်ဆံအိတ် စတဲ့ အမျိုးသားအသုံးအဆောင်တွေကို စုဆောင်းထားသင့်ပါတယ်။ လယ်သာ အသုံးအဆောင်တွေဟာ စမတ်ကျပြီး ခန့်ညားချင်တဲ့ အမျိုးသားတိုင်းရဲ့ လက်စွဲတော် ဖြစ်ပါတယ်။

(၂) နက်ခ်တိုင် နဲ့ Suit

Photo: Freepik

ဂျင်းနဲ့ တီရှပ်တွေထက်စာရင် Suit နဲ့ Necktie ကောင်းကောင်း ရှိတာက သင့်ကို ပိုပြီး Gentleman ဆန်စေပါတယ်။ ဗီရိုထဲမှာ အရည်အသွေးမြင့် Suit တစ်စုံတော့ ရှိထားသင့်ပါတယ်။ Suit နဲ့အတူ Tailored-Made Shirt တစ်ထည်နဲ့ အကောင်းစား Pant တစ်ထည်လည်း အနည်းဆုံး ပိုင်ထားသင့်ပါတယ်။

(၃) အမျိုးသား အလှကုန်များ

Photo: Mensxp

ယောင်္ကျားတစ်ယောက်ဟာ မိတ်ကပ်လိမ်းစရာ မလိုပေမယ့် ကိုယ့်အသားအရေကိုတော့ ဂရုစိုက်ပေးဖို့ လိုပါတယ်။ နောက်ဆုံး မုတ်ဆိတ်ရိတ်ဖို့နဲ့ ခေါင်းက ဆံပင်အတွက် Grooming Kit ကောင်းကောင်းဆောင်ထားသင့်ပါတယ်။

(၄) အကောင်းစား Shoes

Photo: Fashion Beans

ဖိနပ်ကောင်းတစ်ရံဟာ သူ့ခရီးအကြောင်း စကားပြောပါတယ်။ Gentleman တွေ စီးတဲ့ Shoe ဖြစ်လို့ ဈေးကြီးကောင်း ကြီးပါလိမ့်မယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ Impression ကို ပိုပြီး မြှင့်တင်ပေးနိုင်ပါတယ်။

(၅) နာရီ

Photo: Alux

ယောင်္ကျားတိုင်း နာရီတစ်လုံးတော့ ပိုင်သင့်တယ် ပြောရင် လွန်ရာကျပါလိမ့်မယ်။ တကယ်တော့ နာရီတောင် သွားမယ့်နေရာ တက်မယ့်ပွဲ နဲ့ လိုက်ဖက်တဲ့ အမျိုးအစားတွေ ဝတ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါတွေက Gentleman တစ်ယောက်ရဲ့ ဗီရိုထဲမှာ ရှိကိုရှိသင့်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ Gentleman တစ်ယောက်ရဲ့ ရင်ထဲမှာ ရှိထားသင့်တဲ့ အရည်အသွေးတွေကတော့ ဆိုင်ကနေ ဝယ်လို့မရဘဲ ကိုယ်တိုင်ပြုမူကျင့်ကြံရမှာပါ။