ကမ္ဘာပေါ်က အမျိုးသား ၇၀ ရာခိုင်နှုန်းလောက်က အသက်ကြီးလာတာနဲ့အမျှ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ကြရပါတယ်။ ပျှမ်းမျှအားဖြင့်တော့ အသက် ၅၀ ကျော်အမျိုးသားတွေမှာ ဆံပင်ကျွတ်တဲ့ ပြဿနာ စတင်ပါတယ်။ တချို့သော အမျိုးသားတွေဆိုရင် အသက် ၂၅ နှစ်နောက်ပိုင်းမှာကို စောစီးစွာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်ခြင်း လက္ခဏာတွေ ပြလာကြပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလို ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တဲ့ ပြဿနာကို ကာကွယ်နိုင်ဖို့ ကွီးတို့သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တချို့ကို မျှဝေပေးသွားမှာပါ။

(၁) Hair Products များပြောင်းလဲပါ

Men's Hair Products

Photo : Regis Salons

ဓာတုပစ္စည်းများပါဝင်တဲ့ Hair Products တွေ ကွာလတီမပြည့်မှီတဲ့ ခေါင်းလိမ်းဆီ ၊ ဂျယ် နဲ့ ခေါင်းလျှော်ရည်တွေအသုံးပြုခြင်းက ဦးရေပြားကိုထိခိုက်စေပြီး ဗောက်ထခြင်း ၊ ဆံပင်ကျွတ်ခြင်း၊ ဆံသားပျက်စီးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သင်လက်ရှိသုံးနေတဲ့ Hair Products က ဓာတုကင်းလွတ်မှုရှိရဲ့ လားဆိုတာ သေချာစစ်ဆေးပါ။ ဆံသားနဲ့ ဦးရေပြားအတွက် သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်ထားတဲ့  Hair Products တွေနဲ့ ပြောင်းလဲအသုံးပြုဖို့ အကြံပြုချင်ပါတယ်။

(၂) ရေပူမကြာခဏချိုးခြင်းကို ရှောင်ကြဉ်ပါ

Handsome man taking shower
Photo : iStock

ကွီးတို့အနေနဲ့ မကြာမကြာ ရေပူချိုးတက်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ ရပ်တန့်ဖို့ အကြံပြုချင်ပါတယ်။ ရေပူချိုးတာက ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာနဲ့ တိုက်ရိုက်ဆက်စပ်မှုမရှိပေမယ့်လည်း မကြာခဏရေပူနဲ့ ရေချိုးခေါင်းလျော်မယ်ဆိုရင်တော့ ဦးရေပြားပေါ်က သဘာဝအဆီတွေကို ခမ်းခြောက်သွားစေပြီး ဆံပင်ပျက်စီးခြင်း၊ ဦးရေပြား ခြောက်သွေ့ယားယံခြင်းနဲ့ ဦးရေပြားပေါ်က မွှေးညင်းပေါက်တွေ ကျဉ်းလာပြီး ဆံပင်အုံ တဖြည်းဖြည်းပါးလာခြင်းတွေကို ဖြစ်ပေါ်လာစေမှာပဲ ဖြစ်ပါတယ်။

(၃) ဦးရေပြားကို နှိပ်နယ်ပေးပါ

Essential oil
Photo : BukaReview

ဦးရေပြားနဲ့ ဆံသားဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ထိပ်ပြောင်ခြင်းကိုလျော့ချနိုင်ဖို့ Essential oil အသုံးပြုပြီး ဦးရေပြားကို နှိပ်နယ်ပေးဖို့ အကြံပြုထားပါတယ်။ Essential oil နဲ့နှိပ်နယ်ပေးတာဟာ ဦးရေပြားနဲ့ ဆံသားကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေတဲ့အပြင် ဆံပင်ကြီးထွားနှုန်းနဲ့ ဆံပင်သိပ်သည်းဆကို တိုးမြင့်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းမလျော်ခင် ၁၅ မိနစ်လောက်ကို တစ်ခေါင်းလုံးအနှံ့ Essential oil လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးပါ။

(၄) ပုံမှန် ခေါင်းလျှော်ပါ

man Washing Hair
Photo : Man of Many

အမျိုးသားအများစုက ဆံပင်တိုတိုထားတက်တာကြောင့် ပုံမှန်ခေါင်းလျှော်ဖို့ကို မလိုအပ်ဘူးထင်ကြသလို ၊ ခေါင်းလျှော်ရမှာလည်း ပျင်းတက်ကြပါတယ်။ တကယ်တော့ နေ့စဉ် ဖုန်နဲ့ အညစ်အကြေးတွေဟာ ဦးရေပြားပေါ်မှာ စွဲကပ်နေတက်တာကြောင့် အနည်းဆုံး ၁ ပတ် ၂ ကြိမ် လောက်တော့ ပုံမှန်ခေါင်းလျှော်ပေးဖို့ လိုပါတယ်။ ပုံမှန်ခေါင်းလျှော်ပေးတာက ဦးရေပြားကို သန့်ရှင်းကျန်းမာစေပြီး ဗောက်ထခြင်း ဆံသားပျက်စီး ဆံပင်ကျွတ်ခြင်းတွေကို သက်သာစေမှာပါ။

(၅) စိတ်ဖိစီးမှုနည်းအောင်နေပါ

The Hand Of Young Man Doing Meditation
Photo : Cerebral Palsy News Today

လေ့လာမှုတွေအရ စိတ်ဖိစီးနဲ့ ဆံပင်ကျွတ်ခြင်း ၊ ထိပ်ပြောင်ခြင်းတွေဟာ ဆက်စပ်မှုရှိပါတယ်။ စိတ်ဖိစီးမှုကနေတဆင့် Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတချို့ မြင့်တက်လာခြင်းကြောင့် ဦးရေပြားပေါ်က မွှေးညင်းပေါက်တွေကို ပိတ်စေပြီး ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းတွေကို ဖြစ်စေတာပါ။ ဒါကြောင့် တက်နိုင်သလောက် စိတ်ဖိစီးမှုနည်းစေဖို့ တရားထိုင်တာ ၊ ယောဂကစားတာ အိပ်ရေးဝဝအိပ်စက်တာမျိုးတွေ လုပ်သင့်ပါတယ်။

Featured Photo : Medical News Today