ဆွဲဆောင်မှု အားကောင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်ချင်ပါသလား။ ယောင်္ကျားပီပီသသနဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ ညို့အားပြင်း အမျိုးသားတစ်ယောက်ဖြစ်ဖို့ သိပ်မခက်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။ စိတ်ဝင်စားတယ်ဆို ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။
(၁) မုတ်ဆိတ်ထားပါ
Photo : NIVEA
မုတ်ဆိတ်ခပ်စစ ထားတာဟာ အမျိုးသားတွေအတွက် ဆွဲဆောင်မှုတိုးစေတဲ့အချက်တစ်ခုပါ။ မုတ်ဆိတ်က ရင့်ကျက်ပြီး ယောင်္ကျားပီသတဲ့ အသွင်ကိုရစေပါတယ်။ လေ့လာမှုတွေအရလည်း မုတ်ဆိတ်ခပ်စစ ထားတဲ့အမျိုးသားတွေဟာ အမျိုးသမီးတွေအတွက်ပိုပြီးဆွဲဆောင်မှုရှိစေပါသတဲ့။
(၂) နှစ်လိုဖွယ်ပြုံးပါ
Photo : Healthline
အပြုံးဟာလူတစ်ယောက်ရဲ့ နှစ်လိုဖွယ်အမူအရာတစ်ခုဖြစ်ပြီး ရင်းနှီဖော်ရွေမှုကို ပြသရာရောက်ပါတယ်။ လေ့လာမှုတွေအရ မြန်မြန်ပြုံးတာထက် ခပ်ဖြည်းဖြည်းခြင်း ညင်သာစွာပြုံးတဲ့ နှစ်လိုဖွယ်အပြုံးဟာ အမျိုးသားတွေကို ပိုပြီးဆွဲဆောင်မှုရှိစေတယ်လို့ လေ့လာသူတွေကဆိုထားပါတယ်။
(၃) သွားကျန်းမာရေးဂရုစိုက်ပါ
Photo : Wilkinson Dental
သွားကျန်းမာရေးဟာလည်း အမျိုးသားတစ်ယောက်အတွက် ဆွဲဆောင်မှုရှိခြင်း မရှိခြင်းအပေါ်အများကြီး သက်ရောက်မှုရှိပါတယ်။ ခံတွင်းရနံ့ကောင်းပြီး ဖြူဝင်းတဲ့သွားလေးတွေပိုင်ဆိုင်ထားမယ်ဆိုရင် စကားပြောဆိုလိုက်တိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိနေမှာပါ။
(၄) ရေမွှေးကောင်းကောင်းသုံးပါ
Photo : FragranceX.com
ရေမွှေးရနံ့ကလည်း သင့်ကိုဆွဲဆောင်မှုပိုအားကောင်းစေမယ့် အချက်တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားတွေအတွက်လိုက်ဖက်တဲ့ရေမွှေးရနံ့က ဆေးရွက်ကြီးအနံ့ ၊ သစ်သားအနံ့တွေပါတဲ့ အနံ့သိပ်မပြင်းတဲ့ ခပ်သင်းသင်းရေမွှေးရနံ့ တွေ သုံးသင့်ပါတယ်။
(၅) ဖက်ရှင်သေချာရွေးချယ်ပါ
Photo : The Manual
ကိုယ်သွားမယ့် နေရာပေါ်မူတည်ပြီး ဖက်ရှင်ကိုလည်း သေချာဂရုတစိုက် ရွေးချယ်ဖို့လိုပါတယ်။ ထသွားထလာအခါမျိုးမှာ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်ပေမယ့် ပွဲတက်အခမ်းအနားတွေသွားတဲ့အခါ စမတ်ကျတဲ့ Suit ကောင်းကောင်းဝတ်ဖို့လိုမှာပါ။ အရောင်တွေအားဖြင့် နီညိုရောင် ၊ သံလွင်စိမ်းရောင် ၊ မီးခိုးရင့်ရောင်နဲ့ နက်ပြာရောင်တွေဟာ ယောင်္ကျားဆန်ပြီး ဆွဲဆောင်မှုပိုရှိစေမှာပါ။
Featured Photo : Milkman Grooming Co