အလုပ်ခွင်တစ်ခုမှာ လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းတွေနဲ့ အဆင်မပြေတာဟာလည်း ဒုက္ခတစ်ခုပဲဖြစ်ပါတယ်။ အလုပ်ကလည်းကောင်းတယ် ကိုယ်ရဲ့ဝါသနာနဲ့လည်း ကိုက်ညီတယ်။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ အလုပ် ထွက်လိုက်ကြတဲ့သူတွေ ဝန်ထမ်းလောကမှာများစွာရှိနေပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပတယ်။

(၁) နှုတ်ဆက်စကားဆိုပါ

Source : culture-fx.com

မနက်ခင်းရုံးရောက်တဲ့အခါ တစ်ကိုယ်တည်း နှုတ်ဆိတ်စွာနေမယ့်အစား လုပ်ဖော်ကိုင်ဖက်တွေကို မောနင်းပါ ၊ မင်္ဂလာပါစသည်ဖြင့် နှုတ်ဆက်စကားလေးတွေနဲ့ မနက်ခင်းကို ကျက်သရေရှိစွာ စတင်သင့်ပါတယ်။ နှုတ်ဆက်တယ်ဆိုတာ မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။ ဒီလိုနှုတ်ဆက်လိုက်ခြင်းအားဖြင့် ကိုယ်တိုင်လည်း စိတ်ကြည်နူးရသလို လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ထဲမှာလည်း သူတို့ကိုအရေးတယူ နှုတ်ဆက်စကားဆိုတဲ့ အတွက်အသိမှတ်ပြုနေမှာဖြစ်ပါတယ်။

(၂) ပျော်ပျော်နေပါ

Source : optimistdaily.com

အလုပ်ခွင်မှာပျော်ပျော်နေတတ်တဲ့သူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးပိုပြီး အဆင်ပြေတာတွေ့ရပါတယ်။ ကိုယ်ရဲ့အလုပ်ခွင်တစ်နေ့တာကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းမယ်ဆိုရင် အလုပ်ခွင်မှာ ငြီးငွေ့လာတာမျိုး ပျင်းလာတာမျိုးတွေမရှိတော့ဘဲ အလုပ်နဲ့ပတ်သက်တဲ့ ကိုယ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာစေမှာဖြစ်ပါတယ်။

(၃) နေ့လည်စာအတူတူစားပါ

Source : Shutterstock

လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေလည်စာအတူတူ ဝိုင်းဖွဲ့စားခြင်းဟာလည်း သူတို့နဲ့ ကိုယ့်ကြားကဆက်ဆံကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း ပျင်းရိစွာစားနေတာထက်စားရင်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောရင်း ပျော်ပျော်ရွှင်ရွှင်စားသောက်တာ ပိုပြီးပြည့်စုံတဲ့နေ့လည်စာဖြစ်စေမှာပါ။

(၄) အလုပ်ခွင်ပြင်ပမှာ တွေ့ဆုံပါ


လုပ်ငန်းခွင်မှာ နေ့စဉ်တွေ့ရတယ်ဆိုပေမယ့် သောကြာနေ့လို အလုပ်ခွင်ပြင်ပမှာ တွေ့ဆုံတာကလည်း ပိုပြီးရင်းနှီးမှုရစေမှာဖြစ်ပါတယ်။ Friday Night တွေ Weekend တွေမှာ ချိန်းပြီး မုန့် စားမျိုး ကော်ဖီဆိုင်မှာစကားပြောမျိုးတွေ လုပ်သင့်ပါတယ်။ အလုပ်ခွင်မှာထက်စာရင် အပြင်မှာတွေ့ဆုံခြင်းဟာ အရင်းနှီးဆုံး သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်သွားတဲ့အထိ ဆက်ဆံရေးကို ပိုမိုထိရောက်မှုရှိစေတာဖြစ်ပါတယ်။

(၅) အသွားအပြန်ရှိရပါမယ်

လုပ်ဖော်ကိုင်ဖက်တွေကို ကူညီတာဖြစ်စေ သူတို့ဆီကအကူအညီတောင်းခံတာမျိုးဖြစ်စေ ကိုယ်အနေနဲ့ ဘယ်တော့မှ တစ်ဖက်သတ် ဖြစ်မနေသင့်ပါဘူး။ အလုပ်နဲ့ဆိုင်သည်ဖြစ်စေ အလုပ်နဲ့မသက်ဆိုင်တဲ့ ကိစ္စဖြစ်စေ ဘယ်ကိစ္စကိုမဆို ကိုယ်ကပဲကူညီပေးနေမသင့်သလို ကိုယ်ကလည်း အမြဲအကူညီတောင်းနေတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဘယ်အရာမဆို Balance ညီညီနဲ့ အသွားအပြန်ရှိနေဖို့လိုပါမယ်။