Relationship တစ်ခုတည်ဆောက်ထားတဲ့သူတွေ မဖြစ်မနေကြုံတွေ့ရတဲ့ကိစ္စတစ်ခုက ရန်ဖြစ်စကားများကြတဲ့ပြဿနာပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်နေပေမယ့်လည်း ဘာမဟုတ်တဲ့ ကိစ္စတွေကနေ နားလည်မှုလွဲပြီး ပြဿနာတွေတက်ကြရတာဖြစ်ပါတယ်။

တစ်ခါတစ်လေရန်ဖြစ်တာ ကိစ္စမရှိပေမယ့် ရန်ဖြစ်တဲ့အကြိမ်ရေ စိပ်လာတဲ့ အခါမှာတော့ Relationship အပေါ် စိတ်ကုန်ပြီး လမ်းခွဲပြတ်စဲရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ တကယ်ချစ်ကြတဲ့ ချစ်သူတွေအနေနဲ့ ရန်ဖြစ်နေတဲ့အချိန်တွေကနေ ဘယ်လိုရုန်းထွက်သင့်လဲဆိုတဲ့ အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) အလျော့ပေးပါ

Source : esnoticia.co

Relationship တစ်ခုပြဿနာဖြစ်ပြီးရင် အများဆုံးအလျော့ပေးရတာကလည်း ယောကျာ်လေးတွေဖြစ်ပါတယ်။ မိန်းကလေးတွေစိတ်က အနိုင်လိုချင်စိတ် အနည်းငယ်ပိုသာနေတာကြောင့် သူတို့ကို အနိုင်ယူခွင့်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ အပြန်အလှန်စကားတွေ များနေမယ့်အစား ယောကျာ်းလေးဘက်က အလျော့ပေးပြီး ညှိနှိုင်းလိုက်တာဟာ ပြဿနာကို အမြန်ဆုံးပြေလည်စေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၂) လျစ်လျူမရှု့ပါနဲ့

Source : esnoticia.co

ယောကျာ်းလေးတွေ တော်တော်များများက အာရုံနောက်တဲ့ဒဏ်ကို မခံစားနိုင်ကြပါဘူး။ ဒါကြောင့် ရန်ဖြစ်လာတဲ့အခါ ချစ်သူအပေါ် လျစ်လျူရှု့တတ်လိုက်ကြပါတယ်။ ဒါဟာ မှားတဲ့အချက်တစ်ခုပါ။ ချစ်သူကောင်မလေးအပေါ် ဘယ်တော့မှ လျစ်လျူမရှု့ပါနဲ့။ အကျိုးသင့် အကြောင်းသင့်ရှင်းပြတာဖြစ်စေ ပြဿနာပြေလည်စေမယ့် စကားမျိုးပြောတာဖြစ်စေ ပြုလုပ်သင့်ပါတယ်။

(၃) အသစ်အဆန်း တစ်ခုခုပြုလုပ်ကြည့်ပါ

Source : LovePanky

ရန်ဖြစ်ချိန်တွေ အရမ်းများလာတဲ့အခါ ဒီပြဿနာတွေကိုပဲ အထပ်ထပ်ဖြေရှင်းမယ့်အစား စိတ်ကိုအပြောင်းအလဲဖြစ်စေမယ့် အသစ်အဆန်းတစ်ခုခုကို နှစ်ယောက်အတူတူပြုလုပ်ကြည့်ပါ။ ဥပမာ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားတာမျိုး မသွားဖူးသေးတဲ့ ခရီးတစ်ခုခုကို ၂ ယောက်ထဲသွားကြည့်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှလည်း စိတ်အပြောင်းအလဲဖြစ်ပြီး ပြဿနာတွေကြားက ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။

(၄) ခံစားချက်တွေ အပြန်အလှန်စာရေးပို့ပါ

Source : Study in the States – Homeland Security

တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ပြဿနာရှင်းတာထက် ကိုယ်မကျေနပ်တဲ့အရာတွေကို စုပြီး စာရွက်တစ်ရွက်ပေါ် ချရေးပါ။ ပြီးရင် သူ့ခံစားချက် ကိုယ့်ခံစားချက်ကို သိရဖို့ ရေးထားတဲ့ စာတွေကို အလဲအလှယ်လုပ်ပြီး ဖတ်ကြည့်ပေးပါ။ ဒီနည်းလမ်းဟာ တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ လစ်ဟင်းမှုတွေ ဂရုမစိုက်မှုတွေနဲ့ လိုအပ်ချက်တွေကို သိသာမြင်သာစေမယ့် အချက်တစ်ခုဖြစ်ပြီး တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် အပြန်အလှန် မြင်စေမယ့်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။