မွန်းကြပ်လွန်းတဲ့နေ့တွေ ရောက်လာချိန်မှာ ဘယ်လိုရင်ဆိုင်ရမှန်း မသိအောင် ထွက်ပေါက်ပျောက်ခဲ့ဖူးတယ်ဆိုရင် ဒီနည်းလမ်းတွေက အမြန်စိတ်သက်သာရာရစေမှာပါ။

(၁) အသက်ပြင်းပြင်း ရှုပါ


Source: pexels

စိတ်ထဲမှာ နောက်ကျိလာပြီဆိုရင် အသက်ရှုမှုပုံစံဟာ မဝသလို ဖြစ်လာပြီး အဆုတ်အပေါ်ပိုင်းကနေ အသက်မြန်မြန်ပိုရှုလာစေပါတယ်။ အသက်မြန်မြန်ရှုတာရဲ့ အဓိပ္ပါယ်တစ်ခုက လေအဝင်အထွက် မပြည့်တော့တဲ့ သဘောပါ။ အသက်ရှုမဝချိန်မှာ စိတ်ပိုရှုပ်ထွေးပြီး ခေါင်းပါ မူးနိုင်ပါတယ်။ အသက်ကို စိတ်ထဲကနေ ၁ ကနေ ၅ အထိ ရေပြီး နက်နက်ရှိုင်းရှိုင်း ရှုသွင်း ရှုထုတ်လုပ်လိုက်ပါ။

(၂) အနားယူတတ်တဲ့ အကျင့်မွေးပါ

Source: pexels

စိတ်ရှုပ်နေချိန်မှာ ခေါင်းထဲက အတွေးတွေကို ထုတ်ပြီး ခဏလောက် ဖြစ်ဖြစ် အပြည့်အဝ နားဖို့ လိုပါတယ်။ အပြင်ထွက်ပြီး လမ်းပဲ လျှောက်မလား ၊ အကြိုက်ဆုံး သီချင်း နားထောင်မလား ၊ ကိုယ်ဝါသနာ ပါတဲ့ ပန်းချီပဲ ဆွဲမလား လုပ်ကြည့်သင့်ပါတယ်။

(၃) တစ်ယောက်ယောက်နဲ့ စကားပြောပါ

Source: pexels

နောက်ထပ် နည်းလမ်းတစ်ခုက ကိုယ့်ရဲ့ ပြဿနာကို မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်ပြီး ကိုယ့်ကို အကြံကောင်း ပေးနိုင်မယ့် မိတ်ဆွေ ၊ ဆရာသမားတစ်ယောက်ယောက်နဲ့ စကား သွားပြောဖို့ပါပဲ။ ဒီနည်းဟာ ကိုယ့်ရဲ့ ဖိအားနဲ့ ကြောက်စိတ်ကို ထွက်ပေါက်ပေးနိုင်တဲ့ နည်းလမ်းဖြစ်ပြီး ပြဿနာကို အကောင်းဆုံး အဖြေရှာနိုင်မယ့် နည်းလမ်းလည်း တွေ့ရှိစေပါတယ်။

(၄) အာရုံပြောင်းပါ

Source: pexels

တစ်ခါတစ်လေမှာ ဖြစ်တတ်တာက လူတွေ စိတ်ရှုပ်တယ်ဆိုတာ ပြဿနာရဲ့ လက္ခဏာပေါ် အာရုံအစိုက်လွန်သွားတာပါ။ လုပ်သင့်တာက အားကစားဖြစ်စေ ကိုယ်ကာယနဲ့ ဆက်နွှယ်တဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ပြီး ဦးနှောက်ကို လမ်းကြောင်း ပြောင်းပေးလိုက်ဖို့ပါပဲ။

(၅) စိတ်ရှုပ်ထွေးမှုအကြောင်း သိပါ

Source: pexels

ပြဿနာအကြောင်း အပြည့်အဝသိတာဟာ အဖြေတစ်ဝက်ရတာပါပဲ။ စိတ်ရှုပ်နေတာကို အရှိအတိုင်း လက်ခံလိုက်ပြီဆိုရင် ကိုယ့်ကိုယ်ကို ဒီစိတ်ရှုပ်ထွေးမှုဟာ လက်ခံသင့်သလား လက်ခံစရာ မလိုဘူးလားဆိုတာကို ဦးနှောက်ကစားစေတော့မှာပါ။ ခေါင်းထဲက အလိုအလို ထွက်လာတဲ့ မေးခွန်းတွေကို တစ်ဆင့်ချင်း ဖြေသွားရာကနေ စိတ်ရှုပ်တာတွေ ပေါ့သွားတတ်ပါတယ်။