ယနေ့ခေတ််မှာ စိတ်ဓာတ်ကျခြင်းဆိုတာ အသက်အရွယ်မရွေးခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမယ်ဆိုသလိုပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုမရှိရင် နေ့စဉ်ဘဝမှာပါ ဆိုးကျိုးတွေသက်ရောက်လာစေမှာပါ။ အကယ်၍ ကွီးတို့အနေနဲ့ စိတ်ဓာတ်ကျနေတယ်လို့ ကိုယ့်ကိုယ်ကိုခံစားရတဲ့အခါ အခုပြောမယ့် အရာလေးတွေ လုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ

man running
Photo : Time Magazine

စိတ်ဓာတ်ကျနေချိန်မှာ Active ဖြစ်နေဖို့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမယ့် ကြိုးစားပြီး တစ်ရက်ကို ၁၅ မိနစ် ကနေ မိနစ် ၃၀ လောက်အထိ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး စိတ်ဓာတ်ကျနေတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်။

(၂) ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ

Young man eating fresh salad after intensive home workout

Photo : iStock

စိတ်ဓာတ်ကျနေချိန်မှာ စားသောက်မှုပုံစံနဲ့ပတ်သတ်ပြီး ပုံစံ ၂ မျိုးဖြစ်လေ့ ရှိပါတယ်။ တစ်ခုက ဘာမှစားချင်စိတ်မရှိတာနဲ့ နောက်တစ်ခုက အထိန်းအကွပ်မဲ့စားမိတာပါ။ နှစ်ခုလုံးက ကျန်းမာရေးနဲ့မညီညွတ်တဲ့အပြင် စိတ်ခံစားချက်နဲ့ စွမ်းအင်ဆိုင်ရာမှာ ပိုဆိုးစေနိုင်ပါတယ်။ စိတ် ဓာတ်ကျနေတယ်ဆိုရင် အချိန်မှန်မှန်စနစ်တကျစားဖို့သလို ကျန်းမာရေးနဲ့ညီညွတ်အောင်လည်း ဂရုတစိုက်စားပေးရမှာ ဖြစ်ပါတယ်။

(၃) အာရုံပြောင်းပါ

man playing guitar
Photo : MusicRadar

စိတ်ညစ်စရာအကြောင်းအရာတွေကိုပဲ ထပ်ခါတလဲလဲ တွေးနေပြီး ညည်းညူတာ ၊ အပြစ်တင်တာများလွန်းရင် သင့်စိတ်အခြေအနေက ကောင်းမွန်မလာပဲ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ကိုမကောင်းတဲ့အတွေးအမြင်တွေထဲမှာပဲ နစ်မြုပ်မနေအောင်အာရုံပြောင်းထားပါ။ သူငယ်ချင်းတွေနဲ့တွေ့ပါ ၊ ဝါသနာပါတဲ့အရာတွေအပေါ်အချိန်ပေးပါ ၊ စိတ်ကိုကျန်းမာစေမယ့် အလေ့အထလေးတွေလုပ်ဆောင်ပါ။

(၄) အရည်အချင်းကို ထုတ်ဖော်ပါ

Happy Freelancer Man Sitting By Working Table

Photo : Crello

စိတ်ဓာတ်ကျနေချိန်မှာ များသောအားဖြင့်ကိုယ့်ကိုယ်ကို အသုံးမကျသလိုခံစားကြရပါတယ်။ ဒီလိုအခြေအနေကနေရုန်းထွက်နိုင်ဖို့ဆို သင်ကျွမ်းကျင်အရာ ၊ သင့်ရဲ့အရည်အချင်းကို အသုံးချဖို့လိုမှာပါ။ သင့်ရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းကို ပြန်ပြီးပုံဖော်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ပိုမြင့်တက်လာစေပြီး စိတ်ဓာတ်ပြန်လည်တက်ကြွလာပါလိမ့်မယ်။

(၅) ကောင်းတဲ့အရာတွေကို သတိပြုပါ

man thinking
Photo : Head Topics

အရာရာတိုင်းက အကောင်းအဆိုးအမြဲ ဒွန်တွဲနေတာပါ။ သင့်လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေမှာလည်း အမြဲအဆိုးဆုံးဆိုတဲ့အခြေအေနတွေပဲ ရှိမနေတာတော့ သေချာပါတယ်။ ဒီတော့ အကောင်းဘက်က မြင်နိုင်အရာလေးတွေများများတွေးပေးပါ ၊ ကောင်းတဲ့အရာလေးတွေပေါ်မှာအာရုံစိုက်ပါ။ စိတ်ဓာတ်ကျခြင်းတွေ သက်သာပြီး ပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်လာနိုင်မှာပါ။

Featured Photo : DJ Mag