စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် လူတိုင်းမှာ တစ်နေ့တာ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားအသီးသီးရှိကြပါတယ်။ သင့်စီးပွားရေးက ပိုအောင်မြင်လေ (သို့) သင်က သင့်အလုပ်ရှင်အတွက် ပိုပြီး ယုံကြည်စိတ်ချရတဲ့သူဖြစ်လေ သင် လုပ်ဆောင်ရတဲ့ ပရောဂျက်နှင့် လုပ်ငန်းတာဝန်များသည်လည်း ပိုများလေ့ရှိပါတယ်။

အလုပ်တာဝန်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ပြုလုပ်ပေးနိုင်မယ့် မှော်ပညာတော့မရှိပေမယ့် သင့်ရဲ့အချိန်ကို သေချာစီမံခန့်ခွဲနိုင်မယ်၊ သင့်ရဲ့အရည်အချင်းကို သေချာအသုံးချနိုင်မယ်ဆိုရင် သတ်မှတ်ချိန်အတွင်းမှာ အလုပ်တာဝန်များ မြန်မြန်ပြီးမြောက်နိုင်ပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးများကတော့ ပရောဂျက်တွေအရမ်းများပြီး အလုပ်ရှုပ်နေတဲ့ ယောကျာ်းများအတွက် အကူအညီဖြစ်စေမှာပါ။

နေ့တစ်နေ့ မစခင်မှာ ပြုလုပ်ရမယ့်အရာများကို ချရေးထားပါ

time management tips for busy men

တချို့ရက်တွေမျာ အလုပ်အရမ်းများလို့ ကိုယ် လုပ်ရမယ့်အလုပ်တွေကို မေ့သွားတတ်တာမျိုးတွေရှိပါတယ်။ ဒီလိုမျိုး မေ့မသွားရလေအောင် နေ့တစ်နေ့ကို အစမပြုခင်မှာ ကိုယ် လုပ်စရာရှိတဲ့လုပ်ငန်းတာဝန်များကို ချရေးထားလိုက်ပါ။ သင် အိပ်ရာမဝင်ခင်ကတည်းက နောက်တစ်ရက်လုပ်ရမယ့်အရာတွေကို ကြိုတင်ကာချရေးထားလို့လည်း ရပါတယ်။

အဓိကနဲ့ သာမညကို ခွဲခြားထားပါ

time management tips for busy men

ဘယ်ပရောဂျက်က နောက်ဆုံးအပြီးအပ်ရမလဲ။ ဘယ်ပရောဂျက်ကတော့ အချိန်တစ်ခုအထိ စောင့်လို့ရမလဲဆိုတာကို သင် အသိဆုံးဖြစ်ပါတယ်။ အရေးကြီးတဲ့အလုပ်ကို အရင်အချိန်ပေးပါ။ ပြီးမှ သိပ်အရေးမကြီးတဲ့ အလုပ်တွေကို ဒုတိယ၊ တတိယနေရာမှာထားကာ အစဉ်အတိုင်း ပြုလုပ်ပေးလိုက်ပါ။

အာရုံမပျံ့လွှင့်အောင် ကြိုးစားပါ

time management tips for busy men

ကိုယ် အလုပ်လုပ်နေတုန်းမှာ အလုပ်ကိစ္စ ဖုန်းဝင်လာတာပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာဖုန်းပဲဖြစ်ဖြစ် ဝင်လာတတ်ပါတယ်။ ဖုန်းပြောပြီးတဲ့အခါမှာ အာရုံထွေပြားသွားပြီး ကိုယ့်အလုပ်ပေါ်မှာ အာရုံပြန်စိုက်ဖို့ ခက်ခဲပါတယ်။ အတတ်နိုင်ဆုံး အာရုံပြန်စုစည်းနိုင်အောင် ကြိုးစားပါ။ တစ်နေ့တာအတွက် Plan ချရေးကတည်းက ထိုကဲ့သို့သော အနှောင့်အယှက်ခံရနိုင်သည့် ကိစ္စရပ်များအတွက်ပါ တစ်နာရီ (သို့) နှစ်နာရီခန့် ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။

မိမိအရည်အသွေး တိုးတက်လာအောင် မြှင့်တင်ပါ

time management tips for busy men

သင့်ရဲ့အလုပ်လုပ်နိုင်စွမ်း တိုးတက်မြန်ဆန်ဖို့ Output များများထွက်ဖို့ဆိုရင် သင့်ရဲ့အရည်အချင်းနှင့် ဗဟုသုတတွေကိုလည်း တိုးမြှင့်ဖို့လိုပါတယ်။ ဒါ့ကြောင့် မိမိနယ်ပယ်နဲ့ သက်ဆိုင်တဲ့စာအုပ်စာပေများအတွက်သော်လည်းကောင်း သင်တန်းများအတွက်သော်လည်းကောင်း အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။ သင်တန်းတက်ဖို့အချိန်မရရင်တောင်မှ YouTube ပေါ်မှာ မိမိသိချင်တဲ့အရာတွေကို ရှာဖွေလိုက်ရုံနဲ့ အလွယ်တကူလေ့လာနိုင်ပြီပဲဖြစ်ပါတယ်။

မိမိကိုယ်ကို နားချိန်လည်း ပေးရပါမယ်

time management tips for busy men

တစ်နေ့တာလုံး အလုပ်ချည်းပဲ ပြီးအောင် လုပ်ရတယ်။ ကိုယ့်အရည်အချင်းတိုးတက်အောင်လည်း အချိန်ပေးပြီးတော့ မိမိစိတ်အပန်းဖြေဖို့အတွက် အချိန်မပေးဘူးဆိုရင် မဖြစ်သေးပါဘူး။ တစ်ရက် နှစ်ရက်တော့ သင် နားချိန်မရှိဘဲ လုပ်နိုင်ပါတယ်။ သို့သော် အချိန်ကြာလာတဲ့အခါ စိတ်ဖိစီးမှုဒဏ်ကို ခံရပြီး အလုပ်လုပ်ရတာလည်း မပျော်မရွှင်ဖြစ်လာနိုင်ပါတယ်။ ထို့အတွက်ကြောင့် အလုပ်တစ်ခုပြီးသွားရင် မိနစ်အနည်းငယ်ခန့် အနားယူဖို့ မမေ့ပါနဲ့။

စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာနေမှ ကြံရွယ်သမျှကို လုပ်ဆောင်နိုင်မှာပါ။

Source: Score.org