ယခုရက်ပိုင်း ရာသီပေါ်ရောဂါတစ်မျိုးဖြစ်တဲ့ H1N1 ကူးစက် ရောဂါသတင်းတွေကတော့ အရမ်းကိုပျံနှံ့လို့ နေပါတယ်။ လူ့အသက်ကိုပါ အန္တရာယ်ပေးနိုင်တဲ့ အဆိုပါ H1N1 ရောဂါကြောင့် သေဆုံးဦးရေကလည်း တစ်ယောက်စ နှစ်ယောက်စနဲ့ နေရာအနှံ့မှာ စတင်ဖြစ်ပွားလျက်ရှိပါတယ်။

ဒီလိုကြောက်စရာကောင်းတဲ့ H1N1 ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ။ ရောဂါကူးစက်မခံရအောင် ဘယ်လိုနေထိုင်သင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) လူထူထပ်တဲ့နေရာတွေကို ရှောင်ပါ

Source : PLAZA HOMES

လူထူထပ်တဲ့ နေရာတွေမှာ ရောဂါပိုးရှိနေသူတစ်ယောက်ယောက်ရှိနေခဲ့ပါက အလျင်အမြန်ကူးစက်လာနိုင်တာကြောင့် ယခုရက်ပိုင်းလူထူထပ်တဲ့နေရာတွေသွားခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း ရောဂါပိုးကာကွယ်ပေးနိုင်တဲ့ နှာခေါင်းစည်း (Mask) တွေတပ်ပါ။ ကြိုတင် ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတာကြောင့် ရောဂါပိုးကူးစက်မခံရအောင် ကိုယ့်ကိုယ်ကို ဂရုတစိုက်နေသင့်ပါတယ်။

(၂) ကိုယ်ခံအားကောင်းအောင်နေပါ

Source : Adobe Stock

H1N1 ရောဂါပိုးက ကိုယ်ခံအားနည်းတဲ့သူတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကိုယ်ခံအားစနစ်ကောင်းမွန်နေအောင် ဂရုပြုနေထိုင်သင့်ပါတယ်။ ညဘက်အိပ်ရေးပျက်တာမျိုး လုံးဝရှောင်ကြဉ်ပါ။ အိပ်ရေးဝဝအိပ်စက်ပြီး ကောင်းကောင်းအနားယူပါ။ အာဟာရပြည့်ဝတဲ့ အစား အသောက်တွေ များများစားပါ။

(၃) လက်သန့်ဆေးရေ ဆောင်ထားပါ

Source : Academy of Nutrition and Dietetics

လူခန္ဓာကိုယ်မှာ ရောဂါပိုးကူးစက်ဖို့ အလွယ်ကူဆုံးနေရာက လက်တွေပဲဖြစ်ပါတယ်။ မိမိလက်မှာ မမြင်နိုင်တဲ့ရောဂါပိုးတွေ အချိန်မရွေးကပ်ပါလာနိုင်တာကြောင့် အပြင်က ပြန်လာတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောသန့်စင်ပါ။ မကြာခဏအပြင် သွားရတဲ့သူတွေအတွက်တော့ အလွယ်တကူဆေးကြော သန် စင်လို့ရမယ့် လက်သန့်ဆေးရေဗူးလေးတွေ ဆောင်ထားပါ။

(၄) နေထိုင်မကောင်းဖြစ်ရင် ချက်ချင်း ကုသမှုခံယူပါ

Source : iStock

ယခုရက်ပိုင်း နေထိုင်မကောင်းဖြစ်တဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းမှာ ချက်ချင်းကုသပါ။ H1N1 ရောဂါလက္ခဏာတွေက သာမာန်အအေးမိဖျားနာတဲ့ရောဂါလက္ခာနဲ့ ဆင်တူပေမယ့် ပျို့ အန်ခြင်း၊ ဝမ်းလျောခြင်း၊ အသက်ရှုရခက်ခြင်း စတဲ့လက္ခဏာတွေ ပါဖြစ်နေပြီဆိုရင်တော့ ချက်ချင်းဆေးရုံဆေးခန်းတစ်ခုခုမှာ သွားရောက်ဆေးကုသမှုခံယူသင့်ပါတယ်။ ဆေးဆိုင်တွေက စပ်ဆေးတွေ ဆေးမြှီးတိုတွေနဲ့ အိမ်မှာပဲ ကြိတ်ပြီး ကုသခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

(၅) နှာချေချောင်းဆိုးရင် လက်ကိုင်ပုဝါသုံးပါ

Source : express.co.uk

နှာချေချောင်းဆိုးခြင်းကနေ ရောဂါပိုး အလွယ်တကူ ကူးစက်လာနိုင်တာကြောင့် နှာချေချောင်းဆိုးဖြစ်တဲ့အခါမှာ လက်ဝါပုဝါသုံးသင့်ပါတယ်။ လက်နဲ့အုပ်ပြီး နှာချေချောင်းဆိုးတာမျိုး အင်္ကျီနဲ့ အုပ်ပြီး နှာချေချောင်းဆိုးတာတွေကို လုံးဝရှောင်ကြဉ်ပါ။အကယ်၍ မတော်တဆ ကိုယ့်မှာသာ ရောဂါပိုးရှိနေမယ်ဆိုရင် အကာကွယ်မရှိ နှာချေချောင်းဆိုးလိုက်တဲ့အခါ တခြားသူတွေကိုပါ ရောဂါပိုးကူးစက်သွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။