ငယ်ရွယ် လွတ်လပ်ကာ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို လူတိုင်း လိုလားကြပါတယ်။ ဒါပေမဲ့ လူနည်းစုလောက်ကသာ ထိုဘဝမျိုးကို ပိုင်ဆိုင်နိုင်ကြတာဖြစ်ပါတယ်။ သင့်အနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အရများကို လိုက်နာကျင့်ကြံပေးဖို့လိုပါတယ်။

သင့်ပတ်ဝန်းကျင်ကို လူကောင်းတွေနှင့်သာ ဝန်းရံထားပါ

successful lifestyle

သင်နဲ့ စိတ်တူကိုယ်တူရှိပြီး သင့်လိုမျိုး ရည်မှန်းချက်ကြီးတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။ ပျင်းရိတတ်သူ အလုပ်လုပ်ရာမှာ လက်ကြောမတင်းသူတွေနဲ့ ပေါင်းသင်းဆက်ဆံပါက သင့်အချိန် အလဟဿကုန်ဆုံးတာပဲ အဖတ်တင်ပါလိမ့်မယ်။

သင့်အချိန်ကို သေချာစီမံခန့်ခွဲပါ

manage your time wisely

သင် ငယ်ရွယ်စဉ်မှာတော့ အချိန်ရဲ့တန်ဖိုးကို သိဦးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အသက်အရွယ် တဖြည်းဖြည်းကြီးရင့်လာသည်နှင့်အမျှ ကုန်ခမ်းသွားတဲ့အချိန်ကို ပြန်လည်အစားထိုးမရနိုင်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ငယ်ရွယ်စဉ်ကတည်းက အချိန်ကို သေချာစီမံခန့်ခွဲတတ်ဖို့လိုပါတယ်။

မိမိရဲ့အမှားကို လက်ခံပါ

accept your mistake

လူတိုင်းက အမှားပြုလုပ်တတ်ကြပါတယ်။ မတော်တဆပြုလုပ်မိတဲ့ အမှားကြောင့် ကိုယ့်ကိုယ်ကိုယ် တစ်သက်လုံး အပြစ်တင်မနေပါနဲ့။ ထိုအမှားထံမှ သင်ခန်းစာယူရင်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ဆက်လက်လေ့လာနိုင်ပါတယ်။

ငွေသုံး မကြမ်းစေဘဲ စုဆောင်းကာ ရင်းနှီးမြှုပ်နှံပါ

use your money wisely

ကိုယ် လိုအပ်သည့်အရာနှင့် လိုချင်သည့်အရာကို သေသေချာချာ ခွဲခြားသိမြင်တတ်ရပါမယ်။ စုဆောင်းသင့်တန်တာ စုဆောင်းရမှာဖြစ်ပြီး လိုအပ်တဲ့အချိန်မှာ သေသေချာချာ ထုတ်သုံးတတ်ဖို့လိုပါတယ်။ ပိုက်ဆံကို သေချာစီမံခန့်ခွဲနိုင်မှသာ သင့်စီးပွားရေးလည်း တစ်စထက်တစ်စ အောင်မြင်လာမှာဖြစ်ပါတယ်။

အရာရာမှာ အကောင်းဆုံး လုပ်ဆောင်ပါ

do your best

သင့်ရဲ့ကျောင်းစာ (သို့) ရုံးအလုပ်များ ပြုလုပ်ရတဲ့အခါ မိမိကို ပေးအပ်လာတဲ့တာဝန်တွေကို သေသေချာချာကျေပွန်အောင် လုပ်ဆောင်ရပါမယ်။ ကိုယ်ဝါသနာပါတဲ့အရာတွေ လုပ်ဆောင်တဲ့အခါမှာလည်း အကောင်းဆုံး လုပ်ဆောင်တတ်ဖို့လိုပါမယ်။ တဖြည်းဖြည်းနဲ့ သင်သည် အရည်အချင်းပြည့်ဝလာပြီး တော်တဲ့သူတစ်ယောက် ထက်မြက်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

Source: Jeetbanerjee.com