လူတိုင်းဘဝမှာဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ကိုယ်စီရှိကြစမြဲပါ။ စိတ်ကူးစိတ်အိပ်မက်တွေဟာ ဘယ်လောက်ပဲကြီးမားနေပါစေ အမှန်တကယ်လက်တွေ့အကောင်ထည်ဖော်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်ဒီဆောင်းပါးလေးမှာတော့ ကိုယ့်ဘဝရဲ့အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ယုံကြည်ပါ

believe in yourself
Photo : Katherine Spinney Coaching

သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ပထမဆုံးခြေလှမ်းက သင်ကိုယ်တိုင်အပြည့်အဝ ယုံကြည်မှုထားဖို့ပါပဲ။ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုမရှိဘူးဆိုရင် တစ်ချိန်မှာ လွယ်လွယ်ပဲလိုက်လျော့သွားနိုင်ပါတယ်။ ဒါကြောင့် သင့်အိပ်မက်ကဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားနေပါစေ သံသရမဝင်ပဲ အပြည့်အဝယုံကြည်မှုထားလိုက်ပါ။

(၂) လက်တွေ့လုပ်ဆောင်ပါ

 man Chess Player
Photo : Unsplash

အိပ်မက်တွေဆိုတာ လက်တွေ့လုပ်ဆောင်မှုမပါပဲ ဘယ်တော့မှ မပြည့်ဝလာနိုင်ပါဘူး။ သင့်အိမ်မက်တွေ လက်တွေ့ဖြစ်လာဖို့ဆိုရင် နေ့စဉ်လုပ်ဆောင်သွားရမှာပါ။ ဘယ်လောက်ပဲ သေးငယ်တဲ့ အရာလေးတွေဖြစ်နေပါစေ လုပ်ဆောင်မှုတိုင်းက သင့်စိတ်ကူးအိပ်မက်ဆီသို့ ခြေတစ်လှမ်းပို နီးကပ်လာစေတာပဲဖြစ်ပါတယ်။ နေ့တိုင်းမှာ အသေးအမွှားအရာလေးတစ်ခုလုပ်ခဲ့မယ်ဆိုရင် တစ်နှစ်ကြာတဲ့အခါ သင်ဘာတွေအောင်မြင်နိုင်မလဲဆိုတာ စိတ်ကူးကြည့်လိုက်ပါ။

(၃) အချိန်ကာလတစ်ခု သတ်မှတ်ပါ

Time Frame
Photo : iStock

စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ အချိန်ဆိုတဲ့အရာက အရေးကြီးပါတယ်။ ကိုယ့်အိပ်မက်တွေ အတွက် တိကျတဲ့ အချိန်ကာလတစ်ခု သတ်မှတ်မထားဘူးဆိုရင် ပုံမှန်ရွေ့လျားနေတဲ့ အချိန်နာရီတွေ ၊ နေ့ရက်တွေများစွာထဲမှာ တဝဲလည်လည် ဖြစ်နေတက်ပါတယ်။ ဥပမာ ကိုယ်ပိုင်အိမ် တစ်လုံးဝယ်နိုင်ဖို့ စိတ်ကူးအိပ်မက်တစ်ခုရှိတယ်ဆိုရင် အချိန်ဘယ်လောက် သတ်မှတ်မလဲ ၃ နှစ်လား ၊ ၅ နှစ်လား။ ဒီလိုအချိန်ကာလတစ်အခုသတ်မှတ်ထားတာဟာ ကြိုးစားချင်စိတ် ပိုမို ဇွဲသန်စေပြီး အိပ်မက်တွေပြည့်ဝဖို့ တွန်းအားဖြစ်စေပါတယ်။

(၄) အဆိုးမြင်သမားတွေကို လျစ်လျူရှု့ပါ

Personal thinking time - an essential ingredient in your success
Photo : Medium

” မင်းစိတ်ကူးအိပ်မက်တွေက လက်တွေ့ဖြစ်မလာနိုင်ပါဘူးကွာ”လို့ ပြောမယ့် သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေဆိုတာ အမြဲရှိပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေဟာ အချိန်တိုင်းတော့ မှန်မနေနိုင်ပါဘူး။ အများစုဟာ ကိုယ်မလုပ်နိုင်ခဲ့တဲ့အရာတွေကို တခြားသူတွေလည်း မလုပ်နိုင်လောက်ပါဘူးဆိုတဲ့အထင်နဲ့ အပျက်သဘောဆောင်တဲ့ အကြံပြုချက်တွေပေးလေ့ရှိကြတာပါ။ တကယ် ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်အမှန်တကယ်ယုံကြည်ပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်နေမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

(၅) အရှိန်အဟုန်နဲ့ ဆက်သွားနေပါ

Do it - Behind Every Successful Man Is A Lot Of Unsuccessful Years

Photo : Ben Francia

အများစုဟာ ကောက်ရိုးမီးလို အခုချက်ချင်းတက်ကြွစွာလုပ်နေပေမယ့် သိပ်မကြာခင်မှာ ရပ်တန့်သွားတက်ကြပါတယ်။ တကယ်တော့ ဘယ်အရာမဆိုအောင်မြင်မှုတစ်စုံတစ်ရာလိုချင်တယ်ဆိုရင် အရှိန်အဟုန်မြင့်စွာ အမြဲမပြတ်လုပ်ဆောင်နေရမှာပါ။ ရပ်တန့်မသွားပါနဲ့။ ကျရှုံးမှုတွေရှိခဲ့ရင်တောင် ပြန်ထပြီး ဆက်လျောက်ပါ။ သေချာပေါက် အိပ်မက်တွေပြည့်ဝလာပါလိမ့်မယ်။

Featured Photo : Fine Art America