တီရှပ်ဒီဇိုင်းတွေ အများကြီး ရှိတဲ့အထဲမှာ ခေတ်မရိုးမယ့်ဖက်ရှင်တစ်မျိုးက Graphic Tee လို့ ခေါ်တဲ့ Graphic T-Shirt တွေပါပဲ။ Graphic T-shirt တွေဟာ အမှတ်တရစာသားတွေ နဲ့ အဓိပ္ပါယ်ပါတဲ့ Slogan တွေကို ကိုယ့်အင်္ကျီမှာ တပ်ဆင်ထားတဲ့ ဖက်ရှင်မျိုး ဖြစ်လို့ လူငယ်တွေအတွက်တော့ Graphic Tee တွေ ဝတ်တာဟာ ကိုယ့်ပုံစံကို အစစ်အမှန်ဖော်ပြဖို့ အနီးစပ်ဆုံးနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Graphic T-Shirt တွေကို စတိုင်ကျကျ ဝတ်ဆင်နိုင်မယ့်နည်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) Logo T-Shirt

Photo: Fashion Beans
Logo T-Shirt တွေက ပုံစံမျိုးစုံ ကွဲပါတယ်။ အချိုရည်ကုမ္ပဏီ လိုဂိုကနေ စီးပွားရေးလုပ်ငန်းလိုဂိုအထိ Logo တွေမှ အများကြီးပါပဲ။ Logo-T-Shirt တွေက Graphic T-Shirt နဲ့ Streetwear ဖက်ရှင်ထဲမှာ အတွေ့ရအများဆုံးစတိုင် ဖြစ်ပါတယ်။ နောက်ပိုင်းတော့ သပ်ရပ်ပြီး Minimal ဆန်တဲ့ Logo T-Shirt တွေကို Blazer ခပ်သန့်သန့်နဲ့ တွဲပြီး Smart Casual ဖက်ရှင်အဖြစ် ဝတ်လာကြပါတယ်။
(၂) Bootleg T-Shirt

Photo: Fashion Beans
Bootleg T-Shirt တွေကို ကော်ပီဖက်ရှင်တွေလို့ ဆိုကြပါတယ်။ တကယ်က Bootleg T-Shirt တွေဟာ အသစ်ဖန်တီးမှုပါတဲ့ ဖက်ရှင်ဖြစ်ပြီး လူငယ်တွေ လမ်းဘေးစတိုင်အဖြစ် ဝတ်လေ့ရှိပါတယ်။ နာမည်ကြီးဖက်ရှင်Brand တွေကို တုပ ထုတ်လုပ်ထားတာ ဖြစ်ပြီး Casual ဖြစ်လို့ Joggers ၊ Sneaker ဖက်ရှင်တွေနဲ့ တွဲဝတ်သင့်ပါတယ်။
(၃) Band T-Shirt

Photo: Fashion Beans
ကိုယ်အကြိုက်ဆုံး တီးဝိုင်းရဲ့ Logo ရိုက်ထားတဲ့ တီရှပ်တွေ ဝတ်လာကြတာလည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပါတယ်။ ၇၀ ပြည့်လွန်နှစ်တွေကစပြီး Band T-Shirt တွေဟာ လူငယ်တွေ အနှစ်ခြိုက်ဆုံးဖက်ရှင်ဖြစ်ခဲ့ပါတယ်။ အခုခေတ်မှာလည်း ဂျက်စတင်ဘီဘာကနေ ကင်ညေးဝက်စ်အထိ ကိုယ်နှစ်သက်ရာ ဂီတအမျိုးအစားပေါ်လိုက်ပြီး Band T-Shirt တွေ ထွက်နေတုန်းပါပဲ။ Band T-Shirt ဆို Monochrome ကာလာတုန်းနဲ့ ရွေးသင့်ပြီး Jeans ( Skinny / ဒူးပြဲ) ဖက်ရှင်တွေနဲ့ ဝတ်သင့်ပါတယ်။
(၄) All-Over Print

Photo: Fashion Beans
ဒီဖက်ရှင်မျိုးက အခုနောက်ပိုင်း အဝတ်နည်းပါတယ်။ တစ်ထည်လုံးမှာ ဂရပ်ဖစ်လေးတွေနဲ့ ပုံဖော်ထားတာ ဖြစ်ပြီး အမြင်ရှုပ်တယ်လို့ ယူဆကြပါတယ်။ များသောအားဖြင့် အောက်ခံတီရှပ်အနေနဲ့ ဝတ်ပြီး အပေါ်က Bomber Jacket နဲ့ ဝတ်ကြပါတယ်။ ပိုပြီး သပ်ရပ်ချင်ရင် Oxford Shoes လို Shoes ကောင်းကောင်းကို စီးကြပါတယ်။
(၅) Reverse Print

Photo: Fashion Beans
Reverse Print က Minimalist အဆင်တွေ သဘောကျတဲ့ လူငယ်တွေရဲ့ အကြိုက်ထဲမှာ ပါပါတယ်။ ဆန့်ကျင်ဘက်ကာလာအဖောက် (Black-White ကာလာခံကို White-Black ထားတာမျိုး) ဖက်ရှင်ပါ။ ကျောဘက်မှာ Graphic ကို အသားပေးပြထားတာ ဖြစ်ပြီး လက်ရှည်နဲ့ အဝတ်များပါတယ်။ လက်ရှည်ကို အပေါ်က ဂျက်ကတ်နဲ့လည်း ထပ်ဝတ်နိုင်ပါတယ်။ အောက်ခံ Tee ကို ကာလာရင့်ပြီး အရောင်လွင်လွင်သုံးသင့်ပြီး အပေါ် Layer ကို အရောင်မှိုင်း Dark Tone ရွေးနိုင်ပါတယ်။
Featured Photo: W Magazine
