ဆောင်းရောက်ရင် အပူချိန်နဲ့ စိုထိုင်းဆကျဆင်းလာပြီး အသားခြောက်တတ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းရောက်ပြီဆိုရင် အသားခြောက်တာ ၊ ယားယံတာ ၊ အသားပတ်ပြီး အရေပြားတွေ ကွာကျတာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသားအတော်များများက အသားတွေခြောက်ပြီး အရေပြားတွေ ကွာကျလာမှ Skin Care ဖို့ သတိရတတ်ကြပါတယ်။ အဲ့ဒီအချိန်ဆို နောက်ကျနိုင်လို့ အခုကတည်းက ဆောင်းတွင်းအသားအရေ ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

(၁) Sunscreen လိမ်းဖို့ မမေ့ပါနဲ့

Creams

Photo: Unsplash

ဆောင်းတွင်းမှာတောင် အန္တရာယ်ရှိတဲ့ UVA နဲ့ UVB ရောင်ခြည်တွေအန္တရာယ်ကို သတိထားဖို့ လိုပါတယ်။ အပြင်ထွက်တိုင်း SPF Sunscreen တစ်ခုခု လိမ်းပါ။ တကယ်လို့ နေလောင်ကာခရမ်ရဲ့ စေးကပ်မှုကို မကြိုက်ဘူးဆိုရင် အဆီမပါတဲ့ ရေအခြေခံ Sunscreen လိုးရှင်းတစ်မျိုးမျိုး သုံးပါ။ Sunscreen ပုံမှန်သုံးပြီး အသားအရေကို ကာကွယ်ထားမယ်ဆိုရင် အရေးအကြောင်းထင်တာ ၊ အသားအရေပျော့တွဲတွန့်ခေါက်တာ ၊ နေလောင်ကွက်ထတာတွေ မဖြစ်အောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၂) Face Scrub လုပ်ပါ

applying charcoal face mask

Photo: Unsplash

ယောင်္ကျားလေးအများစုက Face Scrub နဲ့ ဆိုတဲ့ မျက်နှာချေးချွတ်တာမျိုး လုပ်ဖို့ စိတ်မဝင်စားတတ်ကြပါဘူး။ တကယ်တော့ ဆောင်းတွင်းမှာ Face Scrub လုပ်ပေးခြင်းအားဖြင့် ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်ပြီး အသားအရေအစိုဓါတ် ထိန်းနိုင်မှာပါ။ အစိုဓါတ်ထိန်းနိုင်တဲ့အသားအရေဟာ ‌အသားပတ်တာ ၊ အသားခြောက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်လည်း Face Scrub ကို တစ်ပတ်နှစ်ကြိမ်ထက် ပိုမလုပ်ပေးဖို့ လိုပါတယ်။ မဟုတ်ရင် အစိုဓါတ်ထိန်းတဲ့ အရေးပါတဲ့ Skin Cells တွေပါ ပျက်စီးနိုင်လို့ ဖြစ်ပါတယ်။

(၃) မုတ်ဆိတ်ရိတ်နည်း မှန်ပါစေ

Shaving

Photo: Unsplash

မုတ်ဆိတ်ရိတ်တာ ဘာများထူးသွားမှာမလို့လဲလို့ မေးကြပါလိမ့်မယ်။ အေးချမ်းခြောက်သွေ့တဲ့ဆောင်းတွင်းမှာ မုတ်ဆိတ်ရိတ်မယ်ဆိုရင် မုတ်ဆိတ်ရိတ်နည်း မှားရင် အနီကွက်ထတာ ၊ ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။ မုတ်ဆိတ်မရိတ်ခင်မှာ အစိုထိန်း Shaving Gel ဒါမှမဟုတ် Pre-Shave Oil တစ်မျိုးမျိုး သုံးဖို့ လိုပါတယ်။ မုတ်ဆိတ်ရိတ်ပြီးရင်လည်း Post-Shave ထုတ်ကုန်တမျိုးမျိုး သုံးပြီး အသားအရေမပျက်စီးအောင် ထိန်းသိမ်းဖို့ လိုပါတယ်။

(၄) Face Moisturizer သုံးပါ

Face Cream

Photo: Unsplash

ဆောင်းတွင်းမှာ လေထဲ စိုထိန်းဆကျဆင်းလာလို့ အသားအရေပေါ်က အစိုဓါတ်တွေပါ ခမ်းခြောက်လာနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ Moisturizer သုံးဖို့ ပြောနေကြတာ ဖြစ်ပါတယ်။ မျက်နှာလိမ်း အစိုထိန်းခရမ်ကောင်းကောင်းသုံးရင် လုံလောက်ပါတယ်။ Moisturizer တွေဟာ သင့်မျက်နှာပေါ်က အစိုဓါတ်မဆုံးရှုံးရအောင် တစ်နေ့လုံး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

(၅) အိပ်ရာမဝင်ခင် Skincare လုပ်ပါ

Hands

Photo: Unsplash

သုတေသနတွေအရ အိပ်ရာမဝင်ခင် Skincare လိမ်းတာဟာ မျက်နှာကို နူးညံ့ချောမောစေပြီး ရေဓါတ်ပိုထိန်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိပ်ခါနီးမှာ Face Cream တစ်ခုခု လိမ်းပြီး အိပ်ပါ။ အသက် ၃၀ ကျော် အမျိုးသားတွေအတွက် မျက်နှာအရေပြားတင်းရင်းစေအောင် ကူညီပေးဖို့ Face Serum တစ်ခုခု လိမ်းဖို့လည်း အကြံပြုလိုက်ရပါတယ်။

Featured Photo: greenpeople