ကမ္ဘာ့အမြန်ဆုံး ဆိုင်ကယ်တွေ အကြောင်းပြောမယ်ဆိုရင် အခုပြောပြမယ့် ဆိုင်ကယ်တွေက မပါမဖြစ်ပါပဲ။ ဘာကြောင့်လဲဆိုရင် တစ်နာရီမိုင်ရာနဲ့ချီပြေးနိုင်တဲ့ စွမ်းအားမြင့် မော်တော်ဆိုင်ကယ်တွေ ဖြစ်နေလို့ပါ။
ဒီတစ်ခေါက်တော့ ဆိုင်ကယ်ချစ်သူကွီးတို့ အတွက် အင်ဂျင်လည်ပတ်အား တစ်မိနစ် အပတ်ရေ ၅၆၀၀ ထိအမြင့်ဆုံး လည်ပတ်နိုင်တဲ့ Dodge Tomahawk ဆိုင်ကယ်အပါအဝင် ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အမြန်ဆုံးသတ်မှတ်ခံထားရတဲ့ မော်တော်ဆိုင်ကယ် (၅) စီးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။
(၁) DODGE TOMAHAWK

Photo : Motori360.it
Dodge Tomahawk ဆိုင်ကယ်ဟာ တစ်နာရီကို မိုင် ၄၂၀ ထိ အမြန်ဆုံး မောင်းနှင်လို့ရတဲ့ Super Bike တစ်စီးဖြစ်ပါတယ်။ RPM ၅၆၀၀ မှာ အင်ဂျင်မြင်းကောင်ရေ ၅၀၀ အားအထိ အမြင့်ဆုံးထွက်နိုင်ပါတယ်။ အင်ဂျင်ဟာ ၈.၃ လီတာသုံးအရွယ် ဖြစ်ပြီး V10 အင်ဂျင်အမျိုးအစားကိုအသုံးပြုထားကာ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၁.၅ စက္ကန့်နဲ့ အမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။ Dodge Tomahawk ဆိုင်ကယ်ဟာ ယနေ့အချိန်ထိ ပြိုင်ဘက်မရှိသော်လည်း ဘီးလေးဘီးပါဝင်တဲ့ ဆိုင်ကယ်ဖြစ်နေတာနှင့် အခြားသောအကြောင်းအရင်းအချို့ကြောင့် အမေရိကန်နိုင်ငံမှာ တရားဝင်အသုံးပြုခွင့် မရှိပါဘူး။
(၂) SUZUKI HAYABUSA

Photo : Beautifullife
SUZUKI HAYABUSA ဆိုင်ကယ်ဟာ ၁၃၄၀ စီစီ ၊ ဆလင်ဒါ လေးလုံးထိုး DOHC စနစ်နဲ့ 16-valve အင်ဂျင်အမျိုးအစားဖြစ်ပါတယ်။ တစ်နာရီကို မိုင်၂၄၈ အထိအမြန်ဆုံး မောင်းနှင်လို့နိုင်ပါတယ်။ RPM ၆၇၅၀ မှာ အင်ဂျင်မြင်းကောင်ရေ ၁၉၇ အားအထိ အမြင့်ဆုံးထွက်နိုင်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းကို ၀.၆၀ မှ ၂.၆ စက္ကန့်အတွင်းရောက်နိုင်ပါတယ်။ ဒီဇိုင်းပိုင်းသေသပ်လှပပြီး လူကြိုက်များတဲ့ ကမ္ဘာ့အမြန်ဆုံး မော်တော်ဆိုင်ကယ်တွေထဲကတစ်စီးဖြစ်ပါတယ်။
(၃) MTT TURBINE SUPERBIKE Y2K

Photo : Beautifullife
ဒီဆိုင်ကယ်ဟာ စွမ်းအားအကြီးဆုံးထုတ်လုပ်ထားတဲ့ကမ္ဘာ့အမြန်ဆုံးမော်တော်ဆိုင်ကယ် တွေထဲကတစ်စီးဖြစ်ပါတယ်။ Rolls-Royce 250-C18 Turbos Haft အင်ဂျင်ကို 2-speed semi-automatic ဂီယာဖြင့် တပ်ဆင်ထားပြီး တစ်နာရီကို မိုင်၂၂၇ အထိအမြန်ဆုံး မောင်းနှင်လို့နိုင်ပါတယ်။ MTT Turbine Superbike Y2K ဟာ ၅၂၀၀၀ RPM မှာ အင်ဂျင်မြင်းကောင်ရေ ၁၉၇ အားအထိ အမြင့်ဆုံးထွက်နိုင် ၃၂၀ အားအထိ အမြင့်ဆုံးထွက်နိုင်ပြီ တစ်နာရီ မိုင် ၆၀ နှုန်းကို ၀.၆ မှ ၂.၅ စက္ကန့် အတွင်းရောက်နိုင်ပါတယ်။
(၄) KAWASAKI NINJA H2R

Photo : Beautifullife
H2R Super ဆိုင်ကယ်ဆိုရင် တစ်နာရီကို မိုင်၂၂၂ အထိအမြန်ဆုံး မောင်းနှင်လို့နိုင်ပြီး ပြိုင်ပွဲပြေးလမ်းတွေပေါ်မှာ အမြန်ဆုံးမောင်းနှင်လို့ရတဲ့ Superbike အဖြစ် မှတ်တမ်းဝင်ထားတဲ့ဆိုင်ကယ်ဖြစ်ပါတယ်။ RPM ၁၁၀၀၀ မှာ အင်ဂျင်မြင်းကောင်ရေ 197.3 bHP အထိ အမြင့်ဆုံးထွက်နိုင်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းကို ၂.၅ စက္ကန့်အတွင်း ရောက်နိုင်ပါတယ်။ H2R ဆိုင်ကယ်ဟာ 998CC liquid cooled, 4 stroke , in-line four, DOHC စနစ်နဲ့ 16-valve အင်ဂျင်အမျိုးအစား ကမ္ဘာ့အမြန်ဆုံး မော်တော်ဆိုင်ကယ်ဖြစ်ပါတယ်။
(၅) HONDA CBR 1100XX BLACKBIRD

Photo : Beautifullife
1137 CC liquid cooled ၊ ဆလင်ဒါ လေးလုံးထိုး အင်ဂျင်အမျိုးအစားဖြစ်ပြီး တစ်နာရီကို မိုင်၁၉၀ အထိအမြန်ဆုံး မောင်းနှင်လို့နိုင်ပါတယ်။ RPM ၁၀၀၀၀ မှာ အင်ဂျင်မြင်းကောင်ရေ ၁၅၃ အားအထိ အမြင့်ဆုံးထွက်နိုင်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းကို ၂.၆ စက္ကန့်စက္ကန့်အတွင်း ရောက်နိုင်ပါတယ်။ RPM ပိုမြင့်လေ မောင်းရပိုပြီး ချောမွေ့လေပါပဲ။ HONDA CBR 1100XX BLACKBIRD ဆိုင််ကယ်ဟာ ၁၉၉၆ မှ ၂၀၀၇ ခုနှစ်ထိထုတ်လုပ်ခဲ့တဲ့ CBR series ထဲကတစ်စီးအပါအဝင်ဖြစ်ပြီး Kawasaki Ninja ZX-11 ကို ကမ္ဘာ့အလျင်မြန်ဆုံး မော်တော်ဆိုင်ကယ်အဖြစ်စိန်ခေါ်ရန် သေချာတည်ဆောက်ထားတာဖြစ်ပါတယ်။
Featured Photo : Road & Track
