Gym ကစားတာ နှစ်ပေါက်လာပေမယ့် အခုထိ ကိုယ်လိုချင်သလောက် ဖြစ်မလာဘူးဆိုရင် သင်အမှားလုပ်မိလို့ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းပြည့်စုံမှု ရှိအောင် လေ့ကျင့်နေတယ်ဆိုတာ အချိန်တွေ အစီအစဉ်တွေနဲ့ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ဘော်ဒီတည်ဆောက်မှု လုပ်နေချိန်မှာ အဖြစ်များတဲ့ အမှားတွေ ရှိပါတယ်။ ဒီထဲကမှ အဆိုးဆုံး Fitness Mistakes ၅ ခု ရှိပါတယ်။

(၁) Training Plan မရှိခြင်း

Photo: Unsplash

အတော်များများ လုပ်မိတဲ့ အမှားတစ်ခုက Plan မထားဘဲ Gym ကစားတာ ဖြစ်ပါတယ်။ နည်းစနစ်ဟာ အရေးကြီးပါတယ်။ မှန်ကန်တဲ့ နည်းစနစ် ၊ တိကျတဲ့ အချိန်ဇယားနဲ့ တစိုက်မတ်မတ် ကြိုးစားမှသာ တိုးတက်မှာပါ။ Training Plan ရှိတာဟာ သင့်ရဲ့ ကြိုးစားမှုကို စနစ်တကျ ဘောင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ Plan မရှိဘဲ Gym ရုံထဲ ဝင်လာသူဟာ ဘာဝယ်ရမလဲ မသိဘဲ Shopping Center တစ်ခုထဲ ရောက်လာသူလို ဖြစ်နေပါလိမ့်မယ်။

(၂) အားကစားလုပ်ပုံ အထိန်းအကွပ်မရှိခြင်း

Photo: Unsplash

ကြွက်သားတွေ အကြီးကြီးဖြစ်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး စုပြုံလုပ်လိုက်မယ်ဆိုပြီး ကစားလို့ မရပါဘူး။ ရင်ဘတ်ကစားတဲ့ အချိန်မှာ သူ့ လေ့ကျင့်ခန်းကို သူ့အကျော့နဲ့သူ စနစ်တကျ ကစားပေးဖို့ လိုသလို ပုခုံးနဲ့ လက်ပြင်ကစားတဲ့ အချိန်မှာလည်း သူ့အတိုင်းအဆနဲ့ သူ ကစားပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်လှချင်တယ်ဆိုရင် အချိုးညီညီ ကစားဖို့က အရေးကြီးဆုံးပါပဲ။

(၃) သိပ်အားမထုတ်ခြင်း

Photo: Unsplash

သင်လုပ်နိုင်တဲ့ အတိုင်းအတာ မရောက်ခင် လက်လျှော့တာမျိုးကလည်း သင့်ရဲ့ Body Building ဖြစ်စဉ်ပေါ် သက်ရောက်ပါတယ်။ ချွေးနည်းနည်း ထွက်လာတာနဲ့ အကြာကြီး ထိုင်နားနေတာမျိုး လုပ်ရင် ဘယ်လိုလုပ် တောင့်တင်းကျစ်လျစ်တဲ့ ကိုယ်လုံးကိုယ်ပေါက် ရလာနိုင်ပါ့မလဲ။ ကိုယ့်ဘက်က အားစိုက်မှု လိုပါတယ်။ နည်းစနစ်မှန်ပြီး အားထုတ်မကစားရင်လည်း ဖြစ်မှာ မဟုတ်ပါဘူး။

(၄) နည်းစနစ် မမှန်ခြင်း

Photo: Freepik

အရေးကြီးဆုံးလို့ ပြောရမှာပါ။ ကစားပုံနည်းစနစ် တလွဲကြီးနဲ့ လုပ်နေရင်တော့ တိုးတက်မှာ မဟုတ်တာ သေချာပါတယ်။ အားကစားလုပ်ချိန်မှာ သင့် Trainer ရဲ့ ညွှန်ကြားချက်ကို အပြည့်အဝလိုက်နာပါ။ လေ့ကျင့်ခန်းနည်းစနစ်တွေကို ကိုယ်ထင်သလို ကစားနေရင် မှားပါလိမ့်မယ်။ Gym ဆရာတွေကို အကူအညီတောင်းပါ။ သူတို့အကြံပေးချက်အတိုင်း ကစားပါ။

(၅) အာဟာရပုံစံ မမှန်ခြင်း

Photo: Unsplash

Weight ကစားတာပဲ ဖြစ်ဖြစ် အဆီချနေတာပဲ ဖြစ်ဖြစ် အစားအသောက်နဲ့ စွမ်းအင်ကို စားသုံးချိန်မှာ မျှတမှန်ကန်ဖို့ လိုပါတယ်။ Gym ကစားချိန်မှာ အာဟာရပြည့်ဝအောင် စားဖို့ လိုပါတယ်။Engergy Drinks တွေအစား ရေများများသောက်တာ ၊ Snack အစား သဘာဝအသီးအနှံနဲ့ အစေ့အဆံတွေ စားတာမျိုး လုပ်သင့်ပါတယ်။
ကျန်းမာပြီး မျှတတဲ့ Diet တစ်ခုဟာ သင့်ရဲ့ Fitness Goal ဆီ ရောက်အောင် ပို့ဆောင်နိုင်သလို သင့်ရဲ့ Workout ကစားမှုတိုင်းကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။