Y18 ၊ Y18i နဲ့ Y18e တို့ ပါဝင်တဲ့ vivo ရဲ့ Y18 Series ထဲမှာ စတုတ္ထမြောက် မျိုးဆက် စမတ်ဖုန်းအသစ် vivo Y18t ကို ထပ်မံ မိတ်ဆက်သွားခဲ့ပါပြီ။ vivo Y18t ဖုန်းမှာ Unisoc T612 SoC မောင်းနှင်ထားပြီး Android 14 အခြေပြု Funtouch OS 14 ကို အသုံးပြုထားပါတယ်။ 4GB RAM နဲ့ 128GB Storage အတွဲအစပ်နဲ့ လာပြီး MicroSD Card ပေါက်တစ်ခုလည်း ပါပါတယ်။

vivo Y18t

Photo : Smartprix

vivo Y18t မှာ ၆.၅၆ လက်မ 90Hz HD+ LCD ကို တပ်ဆင်ထားပြီး 269 Ppi Pixel Density နဲ့ 840 Nits Brightness ထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင် အရှေ့ဘက်မှာ 8MP ကင်မရာ ထည့်သွင်းထားတဲ့ Notch တစ်ခုပါရှိပြီး Fingerprint Scanner ကိုတော့ ပါဝါခလုတ်အောက်မှာ ထည့်ပေးထားပါတယ်။

ကျောဘက်မှာတော့ 50MP Main ကင်မရာနဲ့အတူ 0.08MP ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင် ပေးထားပါတယ်။ ဘက်ထရီ ပိုင်းမှာတော့ USB-C ကနေတဆင့် အားသွင်းနိုင်မယ့် 15W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ ၁၄၅ မိနစ်အတွင်း ဘက်ထရီကို အားအပြည့်သွင်းနိုင်မယ်လို့ vivo ဘက်က အတည်ပြုပြောကြား ထားပါတယ်။

vivo Y18t

Photo : Udaipur Kiran

vivo Y18t မှာ IP54 အဆင့်သတ်မှတ်ချက် ပါရှိပြီး Space Black နဲ့ Gem Green ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ရူပီး ၉,၄၉၉ (ဒေါ်လာ ၁၁၅ / ယူရို ၁၀၅ ) ခန့်ကျသင့်မှာ ဖြစ်ပြီး Vivo ရဲ့ တရားဝင် ဝဘ်ဆိုဒ်ကနေတဆင့် အိန္ဒိယနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com