လူတိုင်း လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီရှိကြပါတယ်။ ကိုယ်စီရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် လျှောက်လှမ်းနေချိန်မှာ သင့်ရဲ့ပန်းတိုင်ဆီ အရောက်မလှမ်းနိုင်အောင်လို့ နောက်ကနေ ဖမ်းဆွဲထားတတ်တဲ့ အကျင့်ဆိုးများရှိပါတယ်။

ထိုအကျင့်ဆိုးများကို ဖျောက်ဖျက်နိုင်မှသာ သင် လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။

ပျင်းရိခြင်း

lazy man resting on sofa

သင့်မှာ အောင်မြင်ချင်စိတ်သာရှိပြီး ပျင်းရိပျင်းတွဲနဲ့ အချိန်ဖြုန်းတတ်တယ်ဆိုရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အောင်မြင်ချင်တယ်ဆိုရင် ပျင်းရိတတ်တဲ့စိတ်ကို အရင်ဦးဆုံး ရိုက်ချိုးထားရပါမယ်။

အခြားသူများရဲ့မိမိအပေါ် ထားရှိတဲ့အမြင်များကို ဂရုစိုက်လွန်းခြင်း

man being critized

Photo: Ayoti.in

အခြားသူများရဲ့ မိမိအပေါ် ထားရှိတဲ့ အတွေးအမြင်ကို အာရုံစိုက်လွန်းခြင်းက သင့်ရဲ့စိတ်ဆုံးဖြတ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့အတွက် အခြားသူတွေရဲ့အတွေးအမြင်ကို ဘေးချိတ်ထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်ပါ။

အားနာလွန်းခြင်း

sorry words on table

Photo: Inc.com

ကျွန်ုပ်တို့ မြန်မာလူမျိုးအများစုရဲ့အကျင့်တစ်ခုက အားနာတတ်တဲ့အကျင့်ပါပဲ။ ထိုအချက်က အလုပ်အကိုင်နဲ့ ပတ်သက်လာရင် အဟန့်အတားတစ်ခုလိုဖြစ်နေတာပါ။ သူများမျက်နှာကို ကြည့်နေရပြီး အားနာတတ်တဲ့အကျင့်ကြောင့် သင့်ရဲ့အောင်မြင်မှုလမ်းကြောင်းကိုလည်း နှောင့်နှေးစေပါတယ်။ ဒါ့ကြောင့် အလုပ်နဲ့ ပတ်သက်လာရင် အားနာခြင်းကို မေ့ထားပြီး ကိုယ့်အလုပ်ကိုသာ ဖြောင့်ဖြောင့်မှန်မှန် လုပ်နေရင် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုပါဘူး။

မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေခြင်း

depressed man at workplace

မိမိရဲ့အိပ်မက်ကို ပြည့်ဝအောင် မလုပ်နိုင်ပါဘူးလေ ဆိုပြီး စစ်မရောက်ခင် မြှားကုန်တတ်တဲ့အကျင့်မျိုးကို ဖျောက်ဖျက်လိုက်ပါ။ သင့်ရဲ့အနာဂတ်အိပ်မက်ကို စိတ်ကူးယဉ်ရဲရင် ထိုအိပ်မက်ကို ပြည့်ဝလာအောင်လည်း အကောင်အထည်ဖော်နိုင်ရပါမယ်။ သင့် စိတ်နှလုံးထဲမှာ ကိန်းအောင်းနေတဲ့ မိမိကိုယ်ကို သံသယဝင်နေသောစိတ်ကို ဖယ်ရှားပြီး ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ပါ။

အခြားသူများကို အပြစ်တင်ခြင်း

man blames others

Photo: Psychologytoday.com

ကိုယ့်ရဲ့ကျရှုံးမှုကို အခြားသူများအပေါ် အပြစ်ပုံချခြင်းက သတ္တိမရှိသူများရဲ့ လုပ်ရပ်ပါ။ သင့်အမှားအတွက် သင် ကိုယ်တိုင်ပဲ တာဝန်ရှိပြီး သင့် စိတ်သက်သာရာရဖို့အတွက် အခြားသူများကို အပြစ်မတင်လိုက်ပါနဲ့။ သင့်ရဲ့အမှားကနေ သင်ယူပြီး ခြေလှမ်းအသစ်ပြန်စတင်လိုက်ပါ။

ချက်ချင်းကောက်ချက်ချတတ်ခြင်း

business man thinking for strategy

သတင်းတစ်ခု၊ အကြောင်းအရာတစ်ခုကို မသေချာသေးဘဲနဲ့ ကောက်ချက်ချ ဆုံးဖြတ်တတ်တဲ့အကျင့်မျိုး ရှိပါက ထိုအကျင့်ဆိုးကို မြန်မြန်ဖယ်ရှားလိုက်ပါ။ သင် ကြားရတဲ့သတင်းကို သင် ကိုယ်တိုင် မှန်ကန်ကြောင်း အတည်ပြုပြီးခါမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သင့်ပါတယ်။ နို့မဟုတ်ရင် သင့်ရဲ့အောင်မြင်မှုလမ်းကြောင်းက သွေဖယ်သွားပြီး အရှုံးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

Source: Greatperformersacademy.com