သင်သည် ဘက်စကပ်ဘောကစားခြင်းကို အချိန်အတော်ကြာအောင် ကစားခဲ့ဖူးသည်ပဲဖြစ်စေ၊ လောလောလတ်လတ်ကမှ ဆော့ကစားထားသည်ပဲဖြစ်စေ သင် ခံစားရရှိမယ့် အကျိုးကျေးဇူးတွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ ဘက်စကပ်ဘောဆော့ကစားသူတစ်ယောက်သည် ကိုယ်ရော စိတ်ပါ ကျန်းမာရွှင်လန်းပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို တည်ဆောက်နိုင်ပါတယ်။

ဘက်စကပ်ဘော ဆော့ကစားးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့ …

ကယ်လိုရီများ လောင်ကျွမ်းခြင်း

benefitsof playing basketball for men

ဘက်စကပ်ဘော ဆော့ကစားတဲ့အခါ ကွင်းတစ်ကွင်းလုံးကို ပြေးလွှား ခုန်ပေါက်ကာ ဆော့ကစားနေရတာဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန်လှုပ်ရှားရတာဖြစ်တဲ့အတွက်ကြောင့် ကယ်လိုရီများ လောင်ကျွမ်းပြီး အဆီပိုများကို ဖယ်ရှားပေးပါတယ်။

နှလုံးသွေးလှည့်ပတ်မှုကို ကောင်းမွန်စေခြင်း

benefitsof playing basketball for men

ဘက်စကပ်ဘောကစားခြင်းသည် Workout ပြုလုပ်တာနဲ့ ညီမျှပါတယ်။ အပေါ်သို့ ခုန်တက်လိုက် အောက်သို့ နိမ့်ဆင်းသွားလိုက်ဖြင့် ကစားခြင်းသည် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။ ဘက်စကပ်ဘောကစားခြင်းအပြင် ကိုလက်စတောနည်းတဲ့ အစားအစာများ စားသုံးပေးခြင်းအားဖြင့် နှလုံးကျန်းမာရေးကို သေသေချာချာ ထိန်းသိမ်းနိုင်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

benefitsof playing basketball for men

ကိုယ်ခံစွမ်းအားသည် ခန္ဓာကိုယ်တွင်းရှိ အဓိကတိုက်စစ်မှူးဖြစ်ပါတယ်။ ဘက်စကပ်ဘောကစားပေးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ ပြင်ပမှ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အဆိပ်အတောက်များကို ခန္ဓာကိုယ်ထဲမှ တိုက်ထုတ်ပေးပြီး နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

အရိုးအဆစ်များကို ကျန်းမာစေခြင်း

benefitsof playing basketball for men

ကျွန်တော်တို့ရဲ့အရိုးအဆစ်များသည် ခန္ဓာကိုယ်ရဲ့ဘောင်တစ်ခုဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးကာ ကြွက်သားများကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။ ဘက်စကပ်ဘော ဆော့ကစားပေးခြင်းအားဖြင့် အရိုးပွရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးပြီး အရိုးအဆစ်များကို သန်မာစေပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ဘက်စကပ်ဘော ကစားပေးမယ်ဆိုရင် အရပ်ရှည် မြန်လာအောင် ကူညီပေးပြီး အရိုးများ ရှည်ထွက်လာအောင် ကူညီပေးပါတယ်။

စိတ်ကျန်းမာရေးအတွက် အကျိူးများစေခြင်း

benefitsof playing basketball for men

ဘက်စကပ်ဘောကစားခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးမြှင့်လာအောင် ကူညီပေးပါတယ်။ အသင်းအဖွဲ့နှင့် ကစားခြင်း၊ နည်းပြရဲ့ညွှန်ကြားချက်များဖြင့် ကစားခြင်းတို့သည် စိတ်အာရုံစုစည်းနိုင်မှုကို မြင့်မားစေသလို စည်းကမ်းပိုင်းဆိုင်ရာကိုလည်း လိုက်နာနိုင်အောင် ကူညီပေးတဲ့အတွက်ကြောင့် အသက်အရွယ်ကြီးရင့်လာတဲ့အခါ အထူးတလည်လေ့ကျင့်နေစရာ မလိုတော့ပါဘူး။

ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေခြင်း

benefitsof playing basketball for men

ဘက်စကပ်ဘော ကစားခြင်းသည် အသင်းအဖွဲ့နှင့် ကစားရတာဖြစ်ပါတယ်။ ဒီလိုအသင်းအဖွဲ့နဲ့ ကစားရတဲ့အခါ အသင်းဖော်များနဲ့ အပေးအယူမျှနေမှ ဆော့ရတာ ပျော်ဖို့ကောင်းပြီး အနိုင်ဂိုးကို သွင်းယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဖော်များနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့အတွက်ကြောင့် သင့်ရဲ့လူမှုဘဝအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

Source: Basketballqld.com.au