ဝတ်ရတာ သက်သောင့်သက်သာဖြစ်ပြီး ပေါ့ပါးလွတ်လပ်တဲ့စတိုင်လ်ရရှိအောင် ဖော်ဆောင်ပေးတဲ့ ဘောင်းဘီတွေကတော့ ဂျင်းဘောင်းဘီပြီးရင် ဒုတိယဗိုလ်စွဲထားတာကတော့ ချီနိုဘောင်းဘီပဲဖြစ်ပါတယ်။ ချီနိုဘောင်းဘီက ပုရိသတို့ကြားမှာ တော်တော်လေးရေပန်းစားတဲ့ ဘောင်းဘီအမျိုးအစားပဲဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအင်္ကျီအမျိုးအစားနဲ့မဆို လိုက်ဖက်တဲ့ဘောင်းဘီပဲဖြစ်ပါတယ်။

အင်္ကျီအဝတ်အစားမရွေးတဲ့ ချီနိုဘောင်းဘီကို ရွေးချယ်မယ်ဆိုရင် ဘယ်လိုအရောင်တွေကို ဦးစားပေးရွေးချယ်သင့်လဲဆိုတာကလည်း စဉ်းစားစရာပါပဲ။ စဉ်းစားရခက်နေတဲ့ ပုရိသတို့အတွက် ကူစဉ်းစားပေးတဲ့အနေနဲ့ စာဖတ်သူတို့ဘီဒိုထဲမှာ မရှိမဖြစ် ဝယ်ထည့်ထားသင့်တဲ့ ချီနိုဘောင်းဘီအရောင် (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ထုံးခြောက်ရောင်

ထုံးခြောက်ရောင် ချီနိုဘောင်းဘီတွေကို သူငယ်ချင်းတွေနဲ့ အပြင်ဒိုးတဲ့အခါ၊ ချစ်သူလေးနဲ့ ချိန်းတွေ့တဲ့အခါမှာလည်း ဝတ်ဆင်လို့ရသလို၊ လုပ်ငန်းခွင်အတွက်လည်း သဟဇာတဖြစ်တဲ့အရောင်ပါပဲ။ ထုံးခြောက်ရောင်ကို နေဗီပြာရောင်၊ ဝိုင်နီရောင်၊ ဒါမှမဟုတ် မီးခိုးရင့်ရောင်တို့နဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်ပါ။

နေဗီပြာရောင်

ဖက်ရှင်စတိုင်လ်၊ ဝတ်စားဆင်ယင်မှုအပြင်အဆင်က စိတ်ခံစားချက်ပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ ရင့်ကျက်တဲ့အသွင်အပြင်ကို အရယူချင်တဲ့ နေ့မျိုးဆိုရင် နေဗီပြာရောင် ချီနိုဘောင်းဘီကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။

မီးခိုးရင့်ရောင်

မီးခိုးရင့်ရောင် ချီနိုဘောင်းဘီရဲ့ အားသာချက်ကတော့ အင်္ကျီအဝတ်အစားမရွေးခြင်းဘဲဖြစ်ပါတယ်။ အပြင်သွားခါနီး အရောင်တွဲစပ်ရတာ ငြီးငွေ့လာပြီဆို မီးခိုးရင့်ရောင် ချီနိုဘောင်းဘီကို သတိရလိုက်ပါ။

အမဲရောင်

အမဲရောင်အကြောင်းကိုတော့ ထွေထွေထူးထူးမပြောတော့ပါဘူးနော်။ အမဲရောင်က အားလုံးနဲ့လိုက်ဖက်တဲ့ ဘုံအရောင်ပဲဖြစ်ပါတယ်။

စစ်စိမ်းရောင်

အမျိုးသားတော်တော်များများ ကြိုက်နှစ်သက်တဲ့အရောင်ကတော့ စစ်စိမ်းရောင်ပဲဖြစ်ပါတယ်။ အရောင်နုအင်္ကျီနဲ့ တွဲဝတ်မယ်ဆိုရင် အလင်းဘက်ကို သွားပြီး အရောင်ရင့်အင်္ကျီတွေနဲ့ တွဲဝတ်မယ်ဆိုရင်တော့ သေချာရွေးချယ်သင့်တဲ့ အရောင်ပဲဖြစ်ပါတယ်။ အသားဖြူသူနဲ့ အသားလတ်သူက ကိစ္စမရှိပေမယ့် အသားမဖြူတဲ့သူတွေကတော့ စစ်စိမ်းရောင်ကို အရောင်ရင့်များနဲ့ တွဲမဝတ်တာ အကောင်းဆုံးပါပဲ။

အရောင်ဖျော့ဘောင်းဘီ

အရောင်မတွဲစပ်တတ်တဲ့သူတွေအနေနဲ့ အရောင်ဖျော့ဘောင်းဘီကတော့ နောက်ဆုံးဦးစားပေးရွေးချယ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘောင်းဘီအဖျော့ဝတ်ဆင်တဲ့အချိန်မှာ အင်္ကျီအဖျော့ပါ တွဲဝတ်မယ်ဆိုရင် ဖက်ရှင်ကျမှာမဟုတ်ပါဘူး။ အပေါ်အင်္ကျီအရင့်၊ ဘောင်းဘီအဖျော့၊ အပေါ်အစင်းကျား (သို့) အပေါ်အကွက်၊ ဘောင်းဘီပြောင် စသည်ဖြင့် တွဲစပ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။

အခုဖော်ပြသွားတဲ့ အရောင်ခြောက်ရောင်ထဲမှာ စစ်စိမ်းရောင်ဘောင်းဘီနဲ့ အရောင်ဖျော့ချီနိုဘောင်းဘီများက နည်းနည်းအန္တရာယ်များတဲ့ အရောင်တွေပါ။ အခန့်မသင့်လို့ မတွဲစပ်တတ်ရင် ကိုယ့်ရဲ့ဖက်ရှင် ဂွမ်းသွားတတ်ပါတယ်။ ကျန်တဲ့အရောင်တွေကတော့ တကယ့်ကို မရှိမဖြစ် ပိုင်ဆိုင်ထားသင့်ပါတယ်။

Source: fashionbeans.com