ဝိတ်ကျဖို့ဆိုတာလွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ သင့်အနေနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တယ် အစားအသောက်ထိန်းသိမ်းတယ်ဆိုပေမယ့် ထင်သလောက် ရလဒ်ထူးခြားလာတာမျိုးမရှိဘူးဆိုရင်တော့ စိတ်ပျက်အားလျော့ခြင်းတွေဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့်ဒီဆောင်းပါးလေးမှာတော့ လူအများစုလုပ်မိတက်တဲ့ ဝိတ်မကျရတဲ့ အဓိကအကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) ပရိုတင်းဓာတ်အလုံအလောက်မစားခြင်း

Source: Melissa Mitri
ကိုယ်အလေးချိန်လျော့ချရာမှာ ပရိုတင်းဓာတ်ကအရမ်းကိုအရေးပါပါတယ်။ လေ့လာမှုတွေအရ မနက်စာမှာ ပရိုတင်းဓာတ်များများစားသုံးပေးမယ်ဆိုရင် တစ်နေ့တာလုံး ဆာလောင်မွတ်သိပ်မှုဒဏ်ကိုကောင်းကောင်းခံနိုင်တယ်လို့ဆိုပါတယ်။ အကယ်၍ ခန္ဓာကိုယ်ကတနေ့တာလုံလောက်တဲ့ ပရိုတင်းဓာတ်ကိုလုံလောက်အောင်မစားဘူးဆိုရင် အဆီဆုံးရှုံးမှုကိုကြန့်ကြာစေပြီး ဝိတ်ကျဖို့ခက်ခဲနေမှာဖြစ်ပါတယ်။
(၂) အစားအသောက် Plan မထားခြင်း

Source: Tentaran
ဝိတ်ချနေစဉ်မှာ တစ်နေ့တာစားသောက်မယ့် အစားအသောက် Plan ရှိဖို့ကလည်းအရမ်းကို အရေးပါပါတယ်။ များသောအားဖြင့် လူအများစုက သကြားဓာတ်များတဲ့အချိုရည်တွေ အသင့်စားအစားအစာတွေ ဆီကြော်မုန့်တွေကို နေ့စဉ်စားမိတက်တာကြောင့် အကယ်၍ သင့်မှာအစားအသောက် Plan မရှိဘူးတဲ့အခါ ဒီလိုအစားအစာတွေကိုမရှောင်မိပဲ စားနေမိမှာဖြစ်ပါတယ်။ ထိုအခါ ကိုယ်အလေးချိန်ကျဖို့ကလည်း တော်တော်လေး ခက်ခဲနေမှာဖြစ်ပါတယ်။
(၃) ရေသောက်နည်းခြင်း

Source: Myanmar Water Portal
ရေသောက်တာက ကိုယ်အလေးချိန်လျော့ကျစေဖို့အကောင်းဆုံးနည်းလမ်းဆိုတာသင်သိပါသလား။ ရေသောက်ခြင်းက ကယ်လိုရီများများလောင်ကျွမ်းစေဖို့ကူညီပေးပြီး လေ့လာမှုစစ်တမ်းများအရ အစားမစားခင် မိနစ်သုံးဆယ်အလိုမှာ ရေလီတာဝက်ခန့်ရေသောက်သူတွေဟာ ရေလုံးဝမသောက်သူတွေထက် ၄၄ ရာခိုင်နှုန်း ဝိတ်ပိုကျစေတယ်လို့ဆိုပါတယ်။ အကယ်၍ တစ်နေ့တာအတွက် ရေလုံလုံလောက်လောက် မသောက်ဘူးဆိုရင်တော့ ဝိတ်ကျဖို့ခက်ခဲနေမှာဖြစ်ပါတယ်။
(၄) နည်းနည်းနဲ့ မကြာခဏစားနေမိခြင်း

Source: El Rework
ဝိတ်ချရာမှာလူအများစုလုပ်တက်တဲ့အမှားတစ်ခုက အစားအစာကို နည်းနည်းလေးပဲစားတာဖြစ်ပါတယ်။ ဝိတ်ကျဖို့အတွက် အစားလျော့စားပေမယ့် နည်းနည်းနဲ့ မကြာခဏစားနေမိတာကတော့ အဆီလောင်ကျွမ်းခြင်းနှင့် ကိုယ်အလေးချိန်လျော့ကျခြင်းကို ကြန့်ကြာစေပြီး ထင်သလောက်ဝိတ်ကျဖို့ခက်ခဲနေမှာဖြစ်ပါတယ်။
(၅) အလေးမ မခြင်း

Source: Wallpaperflare
ကိုယ်အလေးချိန်ကျဖို့အတွက် နောက်ထပ်အရေးကြီးဆုံးအချက်က လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့နည်း အလေးမခြင်းကို မဖြစ်မနေလုပ်ဆောင်ဖို့ဖြစ်ပါတယ်။ အလေးမခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နှေးကွေးမှုကိုတားဆီးပေးပြီး အဆီပိုတွေလောင်ကျွမ်းစေသလို ကြွက်သားထုထည်ပြန်လည်တက်လာစေဖို့ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ထိထိရောက်ရောက် ကျန်းကျန်းမာမာဝိတ်ကျစေချင်တယ်ဆိုရင် ဝိတ်မခြင်းကို မကျော်သွားဖို့လိုပါတယ်။
(၆) အိပ်ချိန်ဂရုမစိုက်ခြင်း

Source: AskMen
လူတစ်ယောက်အတွက် အိပ်စက်ခြင်း ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါအကျိုးသက်ရောက်မှုတွေများစွာရှိစေပါတယ်။ အိပ်စက်ခြင်းဆိုင်ရာသုတေသနပညာရှင်တွေရဲ့ လေ့လာမှုတွေအရတော့ အိပ်စက်မှုမလုံလောက်ခြင်းက အဝလွန်ခြင်းဖြစ်စေနိုင်တဲ့ အန္တရာယ်အကြီးဆုံးအချက်တစ်ခုလို့ဆိုထားပါတယ်။ ဒါကြောင့်လုံလောက်တဲ့ အိပ်စက်ခြင်းမရှိရင် ကိုယ်အလေးချိန်ကျဖို့လည်းခက်ခဲနေမှာဖြစ်ပြီး ဝိတ်ကျဖို့ကိုအဟန့်အတားဖြစ်နေစေမှာဖြစ်ပါတယ်။
