ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘယ်လိုအပြုအမူမျိုး ပြုလုပ်သင့်သလဲဆိုတာကို သင် သိပါသလား။ ကျွနု်ပ်တို့ရဲ့အသားအရေ ကျန်းမာလှပမှုက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်တယ်ဆိုပေမယ့် ၉၀ ရာခိုင်နှုန်းကတော့ ကျွနု်ပ်တို့ရဲ့နေ့စဉ်အပြုအမူပေါ်မှာ များစွာမူတည်နေပါတယ်။

သင့်အသားအရေကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ တားဆီးနိုင်ဖို့အတွက် ရှောင်ကြဉ်သင့်တဲ့ အလေ့အကျင့်တစ်ချိုကတော့ …

ဆံပင်အတွက် သီးသန့်ထုတ်လုပ်ထားသော အလှကုန်ပစ္စည်းများကို အသားအရေနှင့် တိုက်ရိုက်ထိတွေ့စေခြင်း

man applying hair gel

ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ၊ ခေါင်းလိမ်းဂျယ်လ်စတဲ့ ပစ္စည်များက ချွေးပေါက်ပိတ်စေပြီး ဝက်ခြံထွက်ခြင်း၊ ယားယံခြင်းစသည်ဖြင့် အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ဆံပင်အတွက်အသုံးပြုသော ပစ္စည်းများကို အသားအရေနဲ့ မထိတွေ့အောင် ပြုမူသင့်ပါတယ်။

မကြာခဏ ခရီးထွက်နေရခြင်း

young man travle alone

နေရာဒေသအသစ်သို့ ခရီးသွားရတဲ့အခါ သင့်ရဲ့အသားအရေက ပတ်ဝန်းကျင်အသစ်နဲ့ ထိတွေ့ရတဲ့အတွက်ကြောင့် အသားအရေကို ပျက်စီးစေပါတယ်။ နေပူဒဏ်၊ မတူညီသောရာသီဥတုကြောင့် ဝက်ခြံထွက်တတ်ပါတယ်။

ဝမ်းလျားမှောက်အိပ်ခြင်း

man sleeping position which is the cause of acne

သင် အိပ်ပျော်နေစဉ်မှာ သင့်ခေါင်းအုံးက အရာအာလုံးကို စုပ်ယူသွားပါတယ်။ သင့်မျက်နှာနဲ့ ခေါင်းအုံးနဲ့ ထိစပ်နေတဲ့အခါ ချွေးပေါက်ပိတ်သွားပြီး ဝက်ခြံထွက်တတ်ပါတယ်။ ဒါ့အပြင် သင်က အိပ်တဲ့အခါ သွားရေယိုတတ်တဲ့သူဆိုရင်တော့ အသားအရေ ယားယံမှု ပိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ပက်လက်အနေအထားနဲ့သာ အိပ်စက်သင့်ပါတယ်။

မျက်နှာသုတ်တဲ့အခါ အကြမ်းပတမ်းသုတ်ခြင်း

man scrub face with washcloth

Photo: Tiege.com

မျက်နှာအသားအရေက နုနယ်လွန်းလှတာကြောင့် မျက်နှာသုတ်ပုဝါနဲ့ မျက်နှာသုတ်တဲ့အခါ ခပ်ဖွဖွလေးသာ ထိကပ်သင့်ပါတယ်။ အကြမ်းပတမ်း ပွတ်ဆွဲခြင်းကြောင့် အသားအရေ ကြမ်းတမ်းပျက်စီးသွားနိုင်ပါတယ်။

အရမ်း ပူလွန်း၊ အရမ်းအေးလွန်းသော ရေဖြင့် ရေချိုးခြင်း

the best water temperature to take a shower

သင့်အသားအရေ ကျန်းမာရေးနဲ့ ပတ်သက်လာတဲ့အခါ ရေရဲ့အပူချိန်က အဓိကသော့ချက်ပဲဖြစ်ပါတယ်။ ရေအေးက အသားအရေအတွက် အန္တရာယ်မရှိပေမယ့် ရေပူကတော့ အသားအရေကို ယားယံစေပြီး အသားခြောက်စေပါတယ်။

ရေချိုးတဲ့အခါ အသင့်တော်ဆုံးအပူချိန်ကတော့ ကြက်သီးနွေးရေအပူချိန်ပဲဖြစ်ပါတယ်။ ကြက်သီးနွေးရေနွေးဖြင့် ရေချိုးတဲ့အခါ အသားအရေကျန်းမာစေတဲ့ သဘာဝအဆီများကို ပြန်လည်ထိန်းသိမ်းပေးပါတယ်။

မနက်မိုးလင်းတဲ့အခါ မျက်နှာမသစ်ခြင်း

man wash face in the morning

ညဘက် အိပ်ပျော်နေတဲ့အခါ မျက်နှာပေါ်မှာ အဆီ၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားများ စုပုံနေတတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းအရင်းကတော့ အိပ်ပျော်နေစဉ်မှာ အသားအရေကို ပြန်လည်ပြုပြင်နေရလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆီပိုထွက်ပြီး အဆိပ်အတောက်ဖြစ်စေပါတယ်။ ထိုဘက်တီးရီးယားနဲ့ အဆီအညစ်အကြေးများကို မနက်မိုးလင်းတဲ့အခါ မျက်နှာသစ်ပြီး မဖယ်ရှားဘူးဆိုရင် အရေးအကြောင်းများ ထပြီး အသားအရေ ကြမ်းတမ်းပျက်စီးသွားပါလိမ့်မယ။

Photo: Freepik.com

Source: Brightside.me