ဒီရက်ပိုင်း မိုးဆက်တိုက်ရွှာပြီး ရာသီဥတုကအေးတာကြောင့် အအေးမိဖျားနာခြင်းတွေ အဖြစ်များလာကြပါတယ်။ အခုအချိန်က Covid – 19 ရောဂါပိုးတွေ ကူးစက်ပြန့်ပွားနေတဲ့ ကာလလည်းဖြစ်တာကြောင့် အအေးမိ ဖျားနာခြင်းတွေမဖြစ်အောင် အထူးဂရုစိုက်နေထိုင်သင့်ပါတယ်။ အကယ်၍ အကြောင်းမျိုးမျိုးကြောင့် အအေးမိဖျားနာခဲ့မယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေက ဖျားနာခြင်းတွေကို အမြန်ဆုံးသက်သာစေမှာပါ။

(၁) နွေးနွေးထွေးထွေးနေပါ

Source : Medium

အအေးမိဖျားနာနေပြီဆိုရင် အတက်နိုင်ဆုံး ခန္ဓာကိုယ်ကိုနွေးနွေးထွေးထွေးနေသင့်ပါတယ်။ ညဘက် လေအေး ၊ လေစိမ်းတွေတိုက်တဲ့ နေရာတွေမှာ နေထိုင်ခြင်းကိုရှောင်ပါ။ လေအေးပေးစက်နဲ့ တိုက်ရိုက်ထိတွေ့နဲ့နေရာတွေကိုလည်း ရှောင်ကျဉ်ပေးသင့်ပါတယ်။ စွတ်ပြုတ်ပူပူ ၊ ရေနွေးကြမ်းပူပူလေး သောက်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။

(၂) ကောင်းစွာအနားယူပါ

Source : Radio.com

နေမကောင်းဖြစ်နေချိန်မှာ ခန္ဓာကိုယ်ကိုကောင်းစွာအနားပေးမှသာ အချိန်တိုအတွင်း အမြန်ဆုံး နလံပြန်ထူနိုင်မှာပါ။ ဒါ့ကြောင် တက်နိုင်သလောက်အလုပ်တွေ ခဏနားထားပါ။ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေကိုလည်း တစ်ရက် နှစ်ရက်လောက် ဖြတ်ထားလိုက်ပါ။ စိတ်ဖိစီးမှုတွေလျော့ချပြီး စိတ်ရောကိုယ်ပါကောင်းစွာအနားယူပေးဖို့လိုအပ်ပါတယ်။

(၃) ရေများများသောက်ပါ

Source : Runtastic

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မနေဖို့လည်း အထူးသတိပြုသင့်ပါတယ်။ ရေများများသောက်ပေးခြင်းက သင့် ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး ကိုယ်ခံအားကောင်းစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် နေမကောင်းတဲ့အချိန်မှာ တစ်ရက်တာအတွက် အနည်းဆုံး ရေ တစ်လီတာခွဲလောက်သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ဓာတ်ဆားရေလည်း သောက်ပေးနိုင်ပါတယ်။

(၄) လှုပ်လှုပ်ရှားရှားနေပါ

Source : GQ

နေမကောင်းဘူးဆိုပေမယ့် တချိန်လုံးအိပ်ရာထဲလှဲနေတာမျိုး မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်ခံအားဆဲလ်တွေအားကောင်းစေနိုင်ဖို့ရာ သင့်ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်လှုပ်ရှားရှားနေပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်အိမ်တွင်းမှာပဲ လမ်းလျောက်တာမျိုး အသေးစားလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးတာမျိုး လုပ်ဆောင်ပေးပါ။

(၅) အိပ်ရေးဝဝအိပ်ပါ

Source : Medical News Today

အိပ်ရေးဝဝအိပ်စက်အနားယူပေးခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကိုအားအင်ပြည့်ဝစေကာ ဖျားနာခြင်းတွေကိုလျော့ကျသက်သာစေနိုင်ပါတယ်။ ဒါ့ကြောင့် ညဘက်တွေမှာ အိပ်ရာစောစောဝင်ပြီး ကောင်းစွာအိပ်စက်အနားယူပါ။

(၆) ဆရာဝန်ညွန်ကြားတဲ့ ဆေးတွေသေချာသောက်ပါ

Source : Innovation Compounding

အအေးမိဖျားနာနေပြီဆိုရင် ဆေးမြှီးတိုတွေနဲ့ ကုသခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ လက်ရှိအချိန်က ကိုဗစ်ကာလဖြစ်တာကြောင့် အဖျားရှိလို့ ဆေးခန်လည်းမသွားနိုင်ဘူး ၊ fever clinic တွေလည်းမသွားချင်ဘူး ဆိုရင်တောင် အိမ်ကနေကောင်းတဲ့ လူတစ်ယောက်ယောက်ကို နီးစပ်ရာဆေးခန်းသို့လွတ်ပြီး လက်ရှိ မိမိခံစားနေရတဲ့ ခေါင်းကိုက်ခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း လည်ချောင်းနာခြင်း စတဲ့ဝေဒနာတွေကို ဆရာဝန်ကိုသေချာပြောပြကာ ဆေးယူခိုင်းပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ သေချာဂရုတစိုက်သောက်မယ်ဆိုရင် ဖျားနာခြင်းတွေ သက်သာလာမှာပါ။