ကားကောင်းတစ်စင်းဟာ ယောကျာ်းတိုင်း အိပ်မက်မက်တဲ့ အလန်းဆုံး ကောင်မလေးတစ်ယောက်လိုမျိုး ရင်ခုန်စရာကောင်းပါတယ်။ High Speed ကားတွေဆိုရင် လူငယ်တိုင်းရဲ့ အိပ်မက်ပါပဲ။ တစ်ချို့ကား Brand တွေဟာ အမြန်နှုန်းသီးသန့် အားပြုပြီး တစ်ချို့ကားတွေကတော့ အနာဂါတ်ဆန်တဲ့ ဆန်းဆန်းပြားပြား အလှတရား ရှိပါတယ်။

(၁) Hennessey Venom F5

Source: Hennessey Performance

တစ်နာရီအမြန်ဆုံး ၃၀၁ မိုင်အထိ အရှိန်တင်နိုင်တဲ့ ဒီပြိုင်ကားကတော့ Hennessey Performance Engineering အဖွဲ့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှု ရလဒ်ပါပဲ။ Venom F5 ဟာ ကာဗွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ လာပြီး မြင်းကောင်ရေအား ၁၆၀၀ အတွက် ၇.၄ လီတာ တာဗိုအင်ဂျင် V8 သုံးထားပါတယ်။

(၂) SSC Tuatara

Source: SSC Tuatara

နှစ်လုံးတွဲ တာဗို V8 အင်ဂျင်သုံးထားတဲ့ SSC Tuatara ဟာ မြင်းကောင်ရေအား ၁၇၅၀ ရှိပြီး ပါဝါကို Speed ၇ မျိုး အလိုအလျောက် ထည့်ထားတဲ့ Manual Gearbox ကနေ နောက်ဘီးတွေဆီ ပို့ပေးပါတယ်။ Top Speed ကိုတော့ တစ်နာရီကို မိုင် ၃၀၀ အထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။

(၃) Koenigsegg Agera RS

Source: CarBuzz

တစ်နာရီကို ၂၇၈ မိုင်အထိ ပြေးနိုင်တဲ့ ပြိုင်ကားပါ။ ဒီကားကတော့ တစ်နာရီ ၂၇၈ မိုင်နှုန်းအထိ အရှိန်တင်နိုင်တဲ့အကြောင်း တကယ်ကို သရုပ်ပြထားတဲ့ ကားဖြစ်ပြီး Hennessey Venom F5 ကို မိုင် ၃၀၀ ကျော် နှုန်းနဲ့ မောင်းတာ အပြင်မှာ မတွေ့ရသေးပါဘူး။

(၄) Hennessey Venom GT

Source: GTA5-Mods.com

၂၀၁၄ ခုနှစ်က Hennessey ဟာ ၇ လီတာ Twin-Turbo V8 အင်ဂျင်နဲ့ မြင်းကောင်ရေ ၁၂၄၄ ကောင်အား သုံးထားတဲ့ Venom GT ကို မိတ်ဆက်ခဲ့ပါတယ်။ Kennedy Space Center ကနေ အတည်ပြုချက်အရ Venom GT ဟာ တစ်နာရီကို မိုင်ပေါင်း ၂၇၀.၄ မိုင်အထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။

(၅) Bugatti Veyron Super Sport

Source: Digital Trends

Hennessey နဲ့ Koenigsegg တို့ မတိုင်ခင်က Bugatti ဟာ ပြိုင်ကားလောကမှာ ဘုရင်တစ်ဆူလိုပဲ မင်းမူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က ထွက်ခဲ့တဲ့ ဒေါ်လာ ၂ သန်း နီးပါးတန် Bugatti Veyron ဆိုရင် Quad Turbo W16 အင်ဂျင်ပါပြီး မြင်းကောင်ရေ ၁၂၀၀ ကောင်အား သုံးထားပါတယ်။ မြန်နှုန်းကတော့ Top Speed တစ်နာရီ ၂၆၈ မိုင်အထိ ပြေးဆွဲနိုင်ပါတယ်။

(၆) Bugatti Chiron

Source: Robb Report

တစ်နာရီ မိုင်ပေါင်း ၂၆၁ မိုင်အထိ အမြန်ဆုံး သွားနိုင်တဲ့ ပြိုင်ကား Bugatti Chiron ကတော့ Veyron Super Sport ထက် ဈေးပိုကြီးပြီး ဒေါ်လာ ၂.၇ သန်း ဈေး ပေါက်ပါတယ်။ မြင်းကောင်ရေအား ၁၅၀၀ သုံးထားတဲ့ Luxury Super Car လည်း ဖြစ်ပါတယ်။