ကျန်းမာရေးနဲ့ ညီညွှတ်သော သစ်သီးဖျော်ရည်များ၊ အသီးခြောက်များသည်ပင်လျှင် အသားအရေအလှအပကို ပျက်စီးစေပြီး အိုမင်းရင့်ရော်မှု မြန်ဆန်စေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအသီးဖျော်ရည်များ၊ အသီးခြောက်များထဲတွင် အသားအရေကို ရေဓာတ်ခမ်းခြောက်စေပြီး၊ အသားအရေကောလဂျင်ဓာတ်ကို အားနည်စေတဲ့ သကြား၊ ဆိုဒီယံနှင့် ဆာလဖိတ်ဓာတ်များ ပါဝင်လို့ပဲဖြစ်ပါတယ်။
အရေးအကြောင်းကင်းပြီး အသားအရေ ချောမွတ်နူးညံ့ချင်တဲ့ ယောကျာ်းများအတွက် ရှောင်ကြဉ်သင့်တဲ့အစားအစာများကတော့…
သစ်သီး Smoothies
သစ်သီး Smoothies ဖျော်ရည်များက ကျန်းမာသယောင် ဟန်ဆောင်ထားတဲ့ သစ်သီးများပဲဖြစ်ပါတယ်။ သူတို့ထဲမှာ သကြားဓာတ်များ အလွန်အကျွံပါဝင်ပြီး အသားအရေ တင်းရင်းစေတဲ့ ကောလဂျင်ဓာတ်များကို လျော့နည်းစေပါတယ်။
စွမ်းအားဖြည့်အချိုရည်များ

Source: Bloomberg.com
စွမ်းအင်မြှင့်တင်ပေးပြီး တက်ကြွလန်းဆန်းချင်သူများအနေနဲ့ စွမ်းအားဖြည့်အချိုရည်များ သောက်သုံးကြပါတယ်။ ဒါပေမဲ့ ထိုစွမ်းအားဖြည့်အချိုရည်ထဲမှာ အသားအရေကို ပျက်စီးစေတဲ့ သကြားဓာတ်များ၊ ကာဖိန်းဓာတ်များ အများအပြားပါဝင်ပါတယ်။ များများ သောက်သုံးပါက အသားအရေကို ပျက်စီးစေပြီး အရေးအကြောင်းဖြစ်ပေါ်စေပါတယ်။
ဆီများများနဲ့ ကြော်ထားတဲ့ အစားအစာများ

Source: Healthline
ဆီများများနဲ့ ကြော်ထားတဲ့ အစားအစာများကလည်း ကျန်းမာရေးကို ဆိုးရွားစေရုံသာမက အိုမင်းရင့်ရော်မှုကိုလည်း မြန်ဆန်စေပါတယ်။ ဒါက ဘာ့ကြောင့်လည်းဆိုတော့ ဆီကြော်အစားအစာတွေထဲမှာ အသားအရေကို ရောင်ရမ်းစေတဲ့ ဒြပ်ပေါင်းများ ပါဝင်လို့ပဲဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်ဆီများ

Source: Thehealthy.com
ဟင်းသီးဟင်းရွက်ဆီကလည်း အသားအရေကို ရောင်ရမ်းစေပြီး ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အသားအရေကို ပိုမိုအားနည်းစေပါတယ်။ ဆိုးကျိုးအနေနဲ့ အသားအရေမှာ အရေးအကြောင်းနှင့် အမဲစက်များ ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။
သစ်သီးအခြောက်များ

Source: linkedin.com
သစ်သီးခြောက်များက အရသာရှိတဲ့ သွားရေစာမုန့်တွေဖြစ်ပေမယ့် အသားအရေကို ဆိုးကျိုးများဖြစ်ပေါ်စေတဲ့ ဆာလ်ဖိတ်ဓာတ်များနှင့် ပြည့်နှက်နေပါတယ်။ များများစားသုံးတဲ့အခါ အသားအရေ တင်းရင်းစေတဲ့ ကောလဂျင်ဓာတ်များ နည်းပါးသွားစေနိုင်ပါတယ်။
ဆေးသကြားပါဝင်သော ဒိန်ချဉ် (သို့) သစ်သီးဒိန်ချဉ်များ

Source: Verywellhealth.com
အရသာရှိသော သစ်သီးဒိန်ချဉ်များသည်လည်း သကြားဓာတ်ပါဝင်မှု မြင့်မားတဲ့အတွက်ကြောင့် များများ စားသုံးပါက အသားအရေတင်းရင်းမှုကို လျော့နည်းစေပြီး အရွယ်မတိုင်မှီ အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ထိုသစ်သီးဒိန်ချဉ်များ စားသုံးမယ့်အစား ရိုးရိုးဒိန်ချဉ်များပဲ စားသုံးသင့်ပါတယ်။
Source: Brightside.me

