ရေမွှေးရနံ့ဆိုတာ လူသားတွေရဲ့စိတ်အစဉ်ကို လန်းဆန်းတက်ကြွသွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ရနံ့လေးတွေပဲဖြစ်ပါတယ်။ တချို့တွေက သူတစ်ယောက်ကို ရေမွှေးအနံ့လေးတွေနဲ့ မှတ်ထားလေ့ရှိပါတယ်။

စာဖတ်သူတို့ရော ရေမွှေးအမြဲဆွတ်လေ့ရှိပါသလား။ ရေမွှေးအမျိုးအစားတစ်မျိုးတည်းကိုပဲ စွဲဆွတ်လေ့ရှိတာလား။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာကျော်အမျိုးသားတွေ စွဲစွဲမြဲမြဲသုံးလေ့ရှိတဲ့ရေမွှေးအမျိုးအစားတွေပဲဖြစ်ပါတယ်။

Creed

ဒေးဗစ်ဘက်ခမ်းဆိုတာ ဘောလုံးလောကကိုလွှမ်းမိုးထားနိုင်ရုံသာမကဘဲ ဖက်ရှင်လောကမှာလည်း အောင်မြင်ကျော်ကြားမှုတွေနဲ့ ရပ်တည်နေတဲ့ကမ္ဘာကျော်တစ်ယောက်ဖြစ်ပါတယ်။ သူအမြဲသုံးတဲ့ရေမွှေးတံဆိပ်ကတော့ Creed ပဲဖြစ်ပါတယ်။

Floris

၂၀ ရာစုတုန်းက လွှမ်းမိုးမှုအရှိဆုံး ဂီတပညာရှင်တစ်ဦးဖြစ်သူ David Bowie က အဆိုတော်၊ သီချင်းရေးဆရာတစ်ယောက်လည်းဖြစ်တဲ့အပြင် သရုပ်ဆောင်မင်းသာတစ်ယောက်လည်းဖြစ်ပါတယ်။ သူ စွဲစွဲမြဲမြဲအသုံးပြုတဲ့ရေမွှေးကတော့ Floris တံဆိပ်ပဲဖြစ်ပါတယ်။ ၁၇၃၀ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တဲ့ရေမွှေးဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၃၀၀ ပြည့်လုနီးပါးရှိပြီဖြစ်တဲ့ရေမွှေးပဲဖြစ်ပါတယ်။

Guerlain

အဝတ်အစားဖက်ရှင်နဲ့ ရေမွှေးရနံ့တွေနဲ့ပတ်သက်လာရင် ပြင်သစ်နိုင်ငံက ထုတ်ကုန်ပစ္စည်းတွေကို ဘယ်သူမှ ယှဉ်လို့ရမှာမဟုတ်ပါဘူး။ Guerlain ဆိုတဲ့ ပြင်သစ်ရေမွှေးကို ၁၉၅၉ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ စထုတ်တုန်းကတော့ အမျိုးသမီးသုံးအတွက်ပဲ ထုတ်လုပ်ခဲ့တာဆိုတော့ အမျိုးသားတွေက အချိန်တော်တော်ကြာအောင် စောင့်ယူလိုက်ရပါတယ်။ ဒီနာမည်ကြီးရေမွှေးကတော့ ကမ္ဘာကျော် သရုပ်ဆောင်မင်းသား၊ စာရေးဆရာနဲ့ ပရိုကျူဆာတစ်ယောက်ဖြစ်တဲ့ Michael Caine အသည်းစွဲရေမွှေးပဲဖြစ်ပါတယ်။

Acqua Di Parma

ADP လို့ အတိုကောက်ခေါ်တဲ့ Acqua Di Parma ဆိုတဲ့ အီတလီနိုင်ငံထုတ်ရေမွှေးကတော့ လတ်တလောကမှ အော်စကာဆုကို ပူပူနွေးနွေးရထားတဲ့ ကမ္ဘာကျော်မင်းသားကြီး Bradley Cooper ရဲ့ လက်စွဲရေမွှေးပဲဖြစ်ပါတယ်။

Caron

ပြင်သစ်ရေမွှေးဖြစ်တဲ့ Caron ကို ၁၉၀၃ ခုနှစ်မှာ Ernest Daltroff က စတင်ထုတ်လုပ်ခဲ့တာပါ။ အမျိုးသားတွေအတွက်ရည်ရွယ်ပြီး ပထမဦးဆုံး ထုတ်လုပ်ထားတဲ့ရေမွှေးပဲဖြစ်ပါတယ်။ James Dean ဆိုတဲ့ မင်းသားက ဒီရေမွှေးကို ကြိုက်လွန်းလို့ သီချင်းတောင် ရေးဖွဲ့သီဆိုထားပါသေးတယ်။

Carolina Herrera

ကမ္ဘာကျော် အဆိုတော် Justin Bieber ရဲ့ အကြိုက်ဆုံးရေမွှေးကတော့ Carolina Herrera ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဇနီးချောလေး Hailey ကလည်း ဒီရေမွှေးရဲ့ Brand Ambassador တစ်ယောက်အဖြစ် ဆောင်ရွက်နေရတဲ့သူတစ်ယောက်ပါ။

Source: Fashionbeans.com