မိသားစုတွေက အလုပ်ကိစ္စနဲ့ ခရီးသွားရတဲ့အခါ၊ အပြင်သွားရတဲ့အခါ ကိုယ် တစ်ယောက်တည်း အိမ်မှာကျန်ခဲ့လို့ စိတ်ညစ်နေပါသလား။ တကယ်တော့ ဒါက ကိုယ့်အတွက် လွတ်လွတ်လပ်လပ်နေရမယ့် အခွင့်အရေးတစ်ခုပါပဲ။ ကိုယ့်ကို ဟိုဟာလုပ်၊ ဒါလုပ်ဆိုပြီး အမိန့်ပေး၊ အော်ငေါက်နေမယ့်သူတွေ မရှိတော့ တစ်ယောက်တည်း စိတ်လွတ်လက်လွတ်ပျော်နိုင်တာပေါ့။

ဒါ့ကြောင့် အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ ပျင်းစရာကြီးလို့ မအောက်မေ့ပါနဲ့။ ဒီနည်းလမ်းလေးတွေနဲ့ အပန်းဖြေလို့ရပါတယ်။

တီဗွီကို တစ်ယောက်တည်းမောင်ပိုင်စီးပြီး မိမိကြည့်ချင်တဲ့ ရုပ်သံလိုင်း တစ်ဝကြီးကြည့်လိုက်ပါ။

Source: dailymail.co.uk

လူကြီးတွေ အိမ်မှာရှိတဲ့အချိန် သူတို့ကြည့်တဲ့ ရုပ်ရှင်တွေပဲ ကိုယ်ကလိုက်ကြည့်နေရတာပါ။ အိမ်မှာ လူကြီးတွေ မရှိတဲ့ ကိုယ့်ဘာသာ ဘယ်လိုင်းပြောင်းပြောင်း ကြည့်ချင်တဲ့ရုပ်ရှင်ကြည့်လို့ရတာပေါ့။

ကာရာအိုကေဆိုပါ။

Source: freepik.com

လူကြီးတွေ အိမ်မှာရှိနေရင် သူတို့ အရိပ်အခြည်ကြည့်နေရတော့ သီချင်းအကျယ်ကြီးအော်ဆိုလို့မရဘူးပေါ့။ လူကြီးတွေ အပြင်သွားလို့ ကိုယ်တစ်ယောက်တည်းအိမ်မှာကျန်ခဲ့တဲ့အခါ ကမ္ဘာကျော်အဆိုတော်ကြီးစတိုင်လ်ဖမ်းပြီး သီချင်းဆိုပါ။ ကခုန်ပစ်လိုက်ပါ။

သူငယ်ချင်းတွေနဲ့ ဗွီဒီယိုကောလ် ခေါ်ပါ။

Source: digitaltrends.com

ချစ်သူကောင်မလေးရှိတဲ့သူကလည်း ကောင်မလေးနဲ့ ဗွီဒီယိုကောလ် ခေါ်၊ တစ်ယောက်တည်းသမားတွေကလည်း သူငယ်ချင်းနဲ့ စကားပြောလို့ရပါတယ်။ လူကြီးတွေ အိမ်မှာရှိတုန်းက စကားလွတ်လွတ်လပ်လပ်ပြောလို့ မရဘူးမလား။

ဗွီဒီယိုဂိမ်းဆော့ပါ။

Source: videoblocks.com

မိဘတွေက သူတို့သားသမီးဂိမ်းဆော့နေရင်၊ “ ဆော့ပြန်ပြီး အဲ့ဒီဂိမ်း၊ တကတည်း ဖုန်းကို လက်ကမချဘူး” ဆိုပြီး အပြောခံရတယ်မလား။ အိမ်မှာကိုယ်တစ်ယောက်တည်း ကျန်ခဲ့တယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ်ဂိမ်းဆော့နိုင်ပါတယ်။

အိမ်စာလုပ်ပါ။

Source: freepik.com

တကယ်လို့ စာဖတ်သူက စာမှစာဆိုပြီး စာအရမ်းကြိုးစားတဲ့ကောင်လေးတစ်ယောက်ဆိုရင်တော့ သင်တန်းက ပေးလိုက်တဲ့အိမ်စာလုပ်လို့ရတယ်နော်။ ဒါ့အပြင် စာဖတ်ဝါသနာပါရင်လည်း စာဖတ်လို့ရပါတယ်။

အိပ်ပါ။

Source: freepik.com

အိပ်စက်ခြင်းကို မနှစ်သက်တဲ့သူဆိုတာ မရှိပါဘူး။ ပုံမှန်ဆို မနက်မိုးလင်းတာနဲ့ အိပ်ရာထနေရတဲ့ဘဝက နေ့လည်နေ့ခင်းထိ ဇိမ်ယူနေလည်း အဆူမခံရတဲ့နေ့ပေါ့။ ထမင်းစားပြီးလို့ တစ်ရေးတမောပြန်အိမ်ချင်ရင်တောင် ရသေးတယ်။

ကဲ… ဘယ်လိုလဲ။ အိမ်မှာတစ်ယောက်တည်း နေရတာ ဘယ်လောက်တောင်မှ လွတ်လပ်ပြီး ဇိမ်ရှိလိုက်သလဲဆိုတာ သိပြီမလား။