ဒီအစားအစာက ကျန်းမာရေးနဲ့ ညီညွှတ်တာပဲ ဒီ့ထက်များများ စားသုံးလိုက်ရင်တော့ ပိုပြီးကျန်းမာလာမှာပဲဆိုပြီး ယူဆနေမယ်ဆိုရင်တော့ သင် မှားသွားပါလိမ့်မယ်။ ဘယ်အရာမဆို အလွန်အကျွံ စားသုံးမိပါက တန်ဆေး လွန်ဘေး၊ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ယောကျာ်းများအတွက် ကျန်းမာရေးနဲ့တော့ ညီညွှတ်ပေမယ့် အလွန်အကျွံ မစားသုံးသင့်တဲ့ အစားအစာများက ဘယ်အစားအစာတွေဖြစ်မလဲ။

ငှက်ပျောသီး

food for men that shouldn't over eat

ငှက်ပျောသီး အလွန်အကျွံ စားသုံးခြင်းသည် သင့်သွားများကို ပျက်စီးစေပါတယ်။ အများဆုံးစားနိုင်တဲ့ပမာဏကတော့ တစ်နေ့ကို နှစ်လုံးပါပဲ။ ဒီ့ထက်ပိုပြီး စားသုံးမိတဲ့အခါ သွားကြွေလွှာများကို ပျက်စီးစေပြီး သွားကိုက်ခြင်း၊ သွားနာခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

အုတ်ဂျုံ

food for men that shouldn't over eat

အုတ်ဂျုံသည်လည်း ကျန်းမာရေးနဲ့ ညီညွှတ်ပေမယ့် အလွန်အကျွံ စားသုံးမိပါက ဝိတ်တက်စေပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်က ရရှိသင့်တဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ဇင့်ဓာတ်များကို ထိုအုတ်ဂျုံက စုပ်ယူထားပြီး လုံလောက်တဲ့ အာဟာရဓာတ်များကို သင့်ခန္ဓာကိုယ်က ရရှိမှာမဟုတ်တော့ပါဘူး။

ချိစ်

food for men that shouldn't over eat

ချိစ်အလွန်အကျွံ စားသုံးမိခြင်းကတော့ သင့်ရဲ့နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ ချိစ်ထဲမှာ ပြည့်ဝဆီများ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါတို့ကို ခံစားရစေပါတယ်။

ထမင်း

food for men that shouldn't over eat

မြန်မာလူမျိုးတွေရဲ့ အဓိကအစားအစာကတော့ ထမင်းဖြစ်ပါတယ်။ ဒါပေမဲ့ ထမင်းကို လိုအပ်သည်ထက် အလွန်အကျွံ စားသုံးမိတဲ့အခါ ဝိတ်တက်စေရုံသာမကဘဲ အင်ဆူလင်ပမာဏလည်း တိုးမြှင့်လာတတ်ပါတယ်။ ဆီးချိုသမားများအနေနဲ့ ထမင်းနည်းနည်းလေးပဲ စားကာ အခြားသော ဟင်းရွက်နှင့် ပရိုတင်းဓာတ်များကို များများ မှီဝဲသင့်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

food for men that shouldn't over eat

ပန်းဂေါ်ဖီစိမ်းထဲတွင် Thiocyanates များ ပါဝင်ပြီး အများအပြားစားသုံးခြင်းသည် သိုင်းရွိုက်ဟော်မုန်းများကို များများထုတ်လွှတ်စေပါတယ်။ ရလာဒ်အနေနဲ့ မျက်နှာဖောယောင်ခြင်း၊ ဆံပင်အလွန်အမင်းကျွတ်ခြင်း၊ အရေပြားယားယံကာ အနီစက်များထပြီး ဓာတ်မတည့်ဖြစ်ခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်ပါတယ်။

ဘလူးဘယ်ရီသီးများ

food for men that shouldn't over eat

ဘလူးဘယ်ရီသီး အလွန်အကျွံ စားသုံးခြင်းသည် ဆီးချိုသမားများအတွက် အလွန်အန္တရာယ်များပါတယ်။ အထူးသဖြင့် ဆီးချိုကျဆေး မှီဝဲနေရသူများအဖို့ ဘလူးဘယ်ရီသီးများ အလွန်အကျွံ မစားသုံးသင့်ပါဘူး။ အလွန်အကျွံ စားသုံးပါက အသက်ရှုမမှန်ခြင်း၊ အသက်ရှုကြပ်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

Source: Brightside.me

Featured Image Source: Thedailymeal.com