ချစ်သူသက်တမ်းကြာလာပြီဆိုရင် နှစ်ယောက်ကြားမှာရှိတဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းထားနိုင်ဖို့ ဝါသနာအသစ်လေးတွေရှာသင့်ပါတယ်။ သောကြာနေ့ညတိုင်း ဆိုင်တဆိုင်မှာပဲအတူတူ ညစာစားရတာပျင်းလာပြီဆို ရင်သင့်အနေနဲ့ စိတ်လှုပ်ရှားစရာအသစ်တခုခု ကြိုးစားကြည့်သင့်ပါတယ်။ ချစ်သူတွေပဲဖြစ်ဖြစ်၊ လက်ထပ်ခါစစုံတွဲတွေပဲဖြစ်ဖြစ်၊ အိမ်ထောင်သက်ကြာတဲ့စုံတွဲတွေပဲဖြစ်ဖြစ် ဝါသနာအသစ်တွေ ဘယ်အချိန်မဆို ရှာလို့ရပါတယ်။
(၁) ရေငုပ်ခြင်း
Source : Two Fish Divers
ရေငုပ်တာက ချစ်သူစုံတွဲကြားမှာ စိတ်လှုပ်ရှားစရာကောင်းပြီး အမှတ်ရစရာအသစ်တွေပေးနိုင်ပါတယ်။ ပင်လယ်သမုဒ္ဒရာအောက်က ရေသတ္တဝါလေးတွေနဲ့ လှပတဲ့မြင်ကွင်းတွေက ပြန်တွေးတိုင်းပျော်စရာအမှတ်တရ ဖြစ်မှာပါ။
(၂) ဘိုးလင်းပစ်ခြင်း
Source : Vix.com
ဘိုးလင်းပစ်တာက ပျော်စရာကောင်းတဲ့ဝါသနာတခုဖြစ်ပြီး သင့်ရဲ့ဖော်ရွေစွာယှဉ်ပြိုင်တတ်တဲ့စိတ်ကို ပေါ်လွင်စေပါတယ်။ ရှံးတဲ့သူမုန့်ဝယ်ကျွေးကြေးဆို ပျော်စရာဂိမ်းတခုလိုပဲ ကစားရင်လို့ရပါတယ်နော်။
(၃) သစ်ပင်စိုက်ခြင်း
Source : Juri Pozzi
ဥယျာဉ်စိုက်ပျိုးတာက ချစ်သူနှစ်ဦးအတူတူဖန်တီးလို့ရတဲ့ ပျော်စရာဝါသနာတခုပါ။ သင်တို့ရဲ့အိမ်ခြံဝန်းထဲမှာဖြစ်ဖြစ် ဘယ်နေရာမှာမဆို သင်တို့နှစ်ယောက်စလုံးနှစ်သက်တဲ့ အပင်လေးတွေ စိုက်ပျိုးလို့ရပြီး အပင်လေးတွေကြီးထွားလာတာကို ကြည်နူးဖွယ်စောင့်ကြည့်လို့ရပါတယ်။
(၄) ဟင်းချက်ခြင်း
Source : Dissolve
မီးဖိုချောင်ထဲမှာ အတူတူချက်ပြုတ်ပြင်ဆင်ရတာ အရမ်းကိုပျော်စရာကောင်းပါတယ်။ နှစ်ယောက်လုံးကြိုက်တဲ့ တခါမှမချက်ဖူးသေးတဲ့ ဟင်းချက်နည်းအသစ်တွေ ရှာဖွေစမ်းချက်ပြုတ်ကြည့်နိုင်ပါတယ်။ ဒါက သင်တို့နှစ်ယောက်လုံးချစ်တဲ့ အစားအစာကိုဖန်တီးဖို့ ပျော်စရာနည်းလမ်းတခုပါ။
(၅) ဝတ္တုစာအုပ်ဖတ်ခြင်း
Source : 123RF.com
တကယ်လို့ သင်ကစွန့်စွန့်စားစားလုပ်ရတာ မကြိုက်ရင် အိမ်ထဲမှာနေပြီး အတူတူဝတ္တုဖတ်၊ စာအုပ်ထဲကအကြောင်းအရာတွေဆွေးနွေးလို့ရပါတယ်။ ဒီနည်းလမ်းက တယောက်ကိုတယောက် တာဝန်ခံတတ်တဲ့စိတ်ရှိစေပြီး ပြောစရာအကြောင်းအရာအသစ်ကို ရှာဖွေနိုင်ပါတယ်။
(၆) မာရသွန်ပြေးခြင်း
Source : healthmore
မာရသွန်ပြေးပွဲတခုမှာပါဝင်တာက သင့်နဲ့ သင့်ချစ်သူရဲ့ ကြံ့ခိုင်မှုကိုပိုကောင်းအောင် တွန်းအားပေးတဲ့ နည်းလမ်းကောင်းတခုပါ။ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ပန်းတိုင်တွေအတူတူချမှတ်ပြီး လေ့ကျင့်နိုင်ပါတယ်။