ကမ္ဘာကျော်ဘောလုံးသမားတိုင်းရဲ့ နောက်ကွယ်မှာ စွဲမက်ဖွယ်ကောင်းတဲ့ လက်တွဲဖော်ဇနီး (သို့) ရည်းစားတွေရှိ တက်ပါတယ်။ ဘောလုံးသမားတွေရဲ့ဆော်ကြည်နှုန်းကတော့ သူတို့ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေရဲ့အလှကို ကြည့်ရင်သိနိုင်မှာပါ။ ဒီတစ်ခေါက်ပြောပြပေးမှာတော့ ကမ္ဘာကျော်ဘောလုံးသမားတွေပိုင်ဆိုင်ထားတဲ့ လက်တွဲဖော် အလှပဂေးအမျိုးသမီးတွေပဲဖြစ်ပါတယ်။

Alice Campello ( Alvaro Morata ရဲ့ဇနီး)

Alice Campello and Alvaro Morata

Photo : Detik Sport

သူမကတော့ အက်သလက်တီဂို မက်ဒရစ်အသင်းမှ ဂျူဗင်တက်အသင်းကို အငှားသွားရောက်ကစားနေတဲ့ စပိန်ကြယ်ပွင့်ကစားသမား Alvaro Morata ရဲ့ဇနီးချောလေးဖြစ်ပါတယ်။ Alice Campello ဟာမော်ဒယ်တစ်ဦးဖြစ်သလို ဖက်ရှင်ဘလော့ဂါနဲ့ influencer တစ်ယောက်လည်းဖြစ်တဲ့ အလှပဂေးလေးတစ်ဦးပါ။

Georgina Rodriguez (Cristiano Ronaldo ရဲ့လက်တွဲဖော်)

georgina rodriguez and cristiano ronaldo

Photo : Bola.com

စပိန်သူလေး Georgina Rodriguez အားလုံးသိကြတဲ့ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် Cristiano Ronaldo ရဲ့ လက်တွဲဖော်ဇနီးအချောလေးပါ။ သူမနဲ့ Ronaldo ဟာ ၂၀၁၇ ထဲက ဒိတ်လုပ်ခဲ့ကြတာဖြစ်ပြီး မက်ဒရစ်က Gucci ဆိုင်မှာ Ronaldo နဲ့စတွေ့ဆုံခဲ့တာလို့သိရပါတယ်။ Georgina Rodriguez ဟာ မော်ဒယ် ၊ Dancer တစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကိုင်လျက်ရှိပါတယ်။

Antonella Roccuzzo (Lionel Messi ရဲ့ ဇနီး)

Antonella Roccuzzo and Lionel Messi

Photo : Goal.com

Antonella Roccuzzo နဲ့ Lionel Messi တို့ကတော့ အသက် ၁၃ နှစ်အရွယ်ကတည်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်ဇူလိုင်လမှာ လက်ထပ်ခဲ့ကြပါတယ်။ ကနဦးက သူမဟာ တက္ကသိုလ်မှာ သွားဆရာဝန်တစ်ဦးအဖြစ် သင်တန်းပို့ချတဲ့အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မော်ဒယ်တစ်ဦးအဖြစ်နဲ့ အလုပ်တွေဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

Perrie Edwards (Alex Oxlade-Chamberlain ရဲ့ လက်တွဲဖော်)

perrie edwards and alex oxlade chamberlain

Photo : Evening Standard

လီဗာပူးလ်ကြယ်ပွင့်ကစားသမား Alex Oxlade-Chamberlain နဲ့ သူရဲ့လက်တွဲဖော်ချစ်သူ အချောအလှလေး Perrie Edwards ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ စဒိတ်လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာလည်း လူချစ်များတဲ့ စုံတွဲလေးတစ်တွဲလို့ပြောရင်မမှားနိုင်ပါဘူး။ Perrie Edwards ဟာ အဆိုတော် ၊ တေးရေးဆရာအဖြစ်လုပ်ကိုင်တဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။

Leonita Lekaj ( Granit Xhaka ရဲ့ ဇနီး)

Leonita Lekaj and Granit Xhaka

Photo : BANTEN POS

သူမကတော့ အာဆင်နယ်ကွင်းလယ်ကစားသမား Granit Xhaka ရဲ့ဇနီးချောလေးဖြစ်ပါတယ်။ Granit Xhaka တို့ဇနီးမောင်နှံမှာတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်လည်း ထွန်းကားခဲ့ပြီး ဖြစ်ပါတယ်။

Pilar Rubio (Sergio Ramos ရဲ့ ဇနီး)

pilar rubio and sergio ramos

Photo : SurabayaOnline

PSG ကြယ်ပွင့်ကစားသမား Sergio Ramos ရဲ့ဇနီးချောလေးကတော့ Pilar Rubio စပိန်သတင်းထောက်နဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ၂၀၀၇ ခုနှစ်က Premio Joven မှာ အကောင်းဆုံး ရုပ်သံတင်ဆက်သူသတင်းထောက်ဆုကို ဆွတ်ခူးခဲ့သူတစ်ဦးပါ။ Sergio Ramos နဲ့ ၂၀၁၂ ခုနှစ်ကစတင်ဒိတ်လုပ်ခဲ့ပြီး ၂၀၁၉ မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Featured Photo : Indosport.com