ကောင်မလေးတွေအများစုက ဂိမ်းဆော့တဲ့သူတွေနဲ့ တွဲရမှာ ကြောက်ရွံ့ကြပါတယ်။ ဘာ့ကြောင့်များပါလိမ့်။ ဖြစ်ပုံကတော့ ဒီလိုပါ။ ကောင်လေးတွေ သူတို့ကို ပိုးပန်းနေတဲ့အချိန်မှာတော့ ကောင်မလေးတွေကိုပဲ အချိန်ပုံပေးပြီး အဖြေရပြီးလို့ ချစ်သူလည်းချစ်သွားကြရော ဂိမ်းဘက် ပြန်လှည့်သွားကြလို့ပါတဲ့။

ကောင်မလေးတွေက သူတို့ကို မချစ်တော့ဘူးလို့ ထင်သွားကြလို့ပါ။ တကယ်တော့ မဆိုင်ပါဘူး။ ချစ်တာက ချစ်တာသပ်သပ်၊ ဂိမ်းဆော့တာက ဂိမ်းဆော့တာ သပ်သပ်လေ။ ဟုတ်တယ်မလား။

Gamer လေးတွေကို ကောင်မလေးတွေ ဘာ့ကြောင့်ချစ်သူတော်သင့်သလဲဆိုတာ သိပါသလား။

ဂိမ်းကစားတဲ့ကောင်လေးတွေက တစ်ယောက်တည်းဘယ်လိုအချိန်ဖြုန်းရမလဲဆိုတာ သိကြတယ်။

Source: freepik.com

ကောင်မလေးတွေ သူငယ်ချင်းနဲ့ အပြင်ထွက်လည်ချင်လား၊ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ လိုက်ချုပ်ချယ်နေမှာမဟုတ်ပါဘူး။ သူတို့ကို ဂိမ်းကစားဖို့ အချိန်ပေးတယ်ဆိုရင်ပဲ သူတို့ကောင်မလေးတွေကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ လိုက်ချုပ်ချယ်နေမှာမဟုတ်ပါဘူး။

ဂိမ်းကစားတဲ့သူတွေက သာမန်သူတွေထက် ဥာဏ်ပိုကောင်းတယ်။

Source: freepik.com

ဆော့ရတဲ့ဂိမ်းတွေထဲမှာ ကိုယ့်ကို တိုက်ခိုက်လာတဲ့ရန်သူကို ဘယ်လိုခုခံရမလဲ၊ ဘယ်လိုအနိုင်တိုက်ရမလဲဆိုတာတွေကို တဒင်္ဂအတွင်း ဆုံးဖြတ်ရတာဖြစ်တဲ့အတွက် လျှပ်တပြက်ဖြတ်ထိုးဥာဏ်ရှိရပါတယ်။ ဂိမ်းမဆော့တဲ့သူတွေထက်လည်း ပိုဥာဏ်ကောင်းကြပါတယ်။

သူတို့ကောင်မလေးအတွက် အကြံဥာဏ်ကောင်းတွေ ပေးနိုင်ကြတယ်။

Source: freepik.com

စောစောကပြောခဲ့သလိုပါပဲ။ သူတို့တွေက ကြုံတွေ့ရတဲ့ပြဿနာကို ချက်ချင်းဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သိတဲ့အတွက်ကြောင့် သူတို့ကောင်မလေးရဲ့အခက်အခဲပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေတဲ့သူတွေပါ။

စိတ်ကူးဥာဏ် ကွန့်မြူးတတ်ကြတဲ့သူတွေဖြစ်တယ်။

Source: freepik.com

ဂိမ်းထဲမှာကနေရာတွေက အပြင်မှာတကယ်မရှိပါဘူး။ စိတ်ကူးယဉ်ဆန်တဲ့နေရာလေးပေါ့။ ဒီလိုစိတ်ကူးယဉ်ဆန်တဲ့နေရာလေးမှာ အချိန်ဖြုန်းရတဲ့အတွက်ကြောင့် Gamer တွေမှာ စိတ်ကူးယဉ်ဆန်တတ်တဲ့စိတ်လေး ရှိကြပါတယ်။ ဒါ့ကြောင့် ရိုမန့်တစ်ဆန်တဲ့ကောင်လေးကိုမှ ရွေးချစ်ချင်တယ်ဆိုရင်တော့ Gamer တွေကိုပဲ ချစ်သူတော်လိုက်ကြပါ။

သူတို့တွေက ပိုက်ဆံဖွာတတ်တဲ့သူတွေမဟုတ်ကြဘူး။

Source: noobfeed.com

အကုန်အကျများပြီး ဈေးကြီးတဲ့ပစ္စည်းတွေကို ဝယ်မယ့်အစား သူတို့တွေက ဂိမ်းဆော့တတ်ကြတာပါ။ ပိုက်ဆံဖြုန်းတယ်ဆိုတာ ဘာလဲမသိကြတဲ့သူတွေပေါ့။ သူတို့နဲ့ တွဲတဲ့အခါ ကိုယ့်ကို ပိုက်ဆံဘယ်လိုစုရမလဲဆိုတာပါ သင်ပေးကြမယ့် ကိုကိုတွေပါ။

အရေးကြီးဆုံးတစ်ချက်ကတော့ Gamer တွေကို မခြိမ်းခြောက်မိဖို့ပါပဲ။

Source: freepik.com

တချို့မိန်းကလေးတွေရှိပါတယ်။ “ငါ့ကို ချစ်တယ်ဆို ဂိမ်းမဆော့နဲ့” တို့၊ “ဂိမ်းနဲ့ ငါနဲ့ ဘယ်သူ့ကို ပိုချစ်လဲ” တို့ စတာတွေကအဓိပ္ပာယ်​မရှိတဲ့အတွေးတွေ၊ အဓိပ္ပာယ်​မရှိတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။ ကိုယ့်ကောင်မလေးနဲ့ ဂိမ်းဆော့တာနဲ့က လုံးဝကို ယှဉ်လို့မရတာပါ။ သူတို့ ဂိမ်းဆော့တာက ဂိမ်းဆော့တာသပ်သပ်၊ သူတို့ကောင်မလေးကို ချစ်တာက သပ်သပ်စီပါ။ ယောကျာ်းလေးတွေက သူတို့ဦးနှောက်ထဲမှာ မတူညီတဲ့ အကန့်လေးတွေခွဲထားကြတဲ့သူတွေပါ။ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကို ခြိမ်းခြောက်တယ်ဆိုတာ ချစ်သူကောင်းတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။