မိမိသွားချင်တဲ့ ပန်းတိုင်ဆီ မရောက်မချင်း လက်မလျော့ဘဲ ထပ်ဖန်တလဲလဲ ကြိုးစားခြင်းသည် ဇွဲ၊ လုံ့လ၊ ဝီရိယရှိခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယ မရှိပါက အောင်မြင်မှုပန်းတိုင်ကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ယုန်နှင့် လိပ် ဥပမာကို ကြည့်ရှုခြင်းအားဖြင့် မည်မျှပင် တော်နေ ထက်မြက်နေပါစေ ဝီရိယစိုက်ထုတ်မှု အားနည်းပါက အများနောက်ကောက်ကျကျန်ခဲ့မှာပဲဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုများတဲ့ ၂၁ ရာစုတွင် ဇွဲ၊ လုံ့လ၊ ဝီရိယသည် အောင်မြင်မှုအတွက် ဘာ့ကြောင့် အဓိကကျသလဲဆိုတော့ …

သင့်ကို ကျွမ်းကျင်တတ်မြောက်လာအောင် ကူညီပေးလို့

expert bussiness man and successful lifestyle

ကိစ္စတစ်ခုကို သင် ပထမဦးဆုံးအကြိမ် လုပ်ဆောင်တဲ့အခါ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒုတိယအကြိမ်၊ တတိယအကြိမ် စသည်ဖြင့် အကြိမ်ရေများများ ပြုလုပ်ပါက တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သွားပါလိမ့်မယ်။ မလျော့သောဇွဲဖြင့် တစ်စိုက်မတ်မတ်လုပ်ဆောင်ပါက အောင်မြင်မှုပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ပြီး သင်သည်လည်း နယ်ပယ်တစ်ခုတွင် ဆရာတစ်ဆူဖြစ်လာပါလိမ့်မယ်။

အတွေ့အကြုံများများ ရရှိအောင် ကူညီပေးလို့

experienced man

တစ်ကြိမ် လုပ်ဆောင်ပြီးနောက် အမှားနဲ့ ကြုံတွေ့ရတဲ့အခါ လက်မလျော့ဘဲ မဆုတ်မနစ်နဲ့ ကြိုးစားခြင်းသည် အောင်မြင်မှုကို ရယူပိုင်ဆိုင်နိုင်ပါတယ်။ မိမိအမှားကနေ သင်ယူလေ့လာပြီးနောက် အတွေ့အကြုံကောင်းများရယူကာ တူညီတဲ့အမှားမျိုး နောက်ထပ်မကျူးလွန်မိအောင် လုပ်ဆောင်ခြင်းသည် ကောင်းမွန်သော အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။

မိမိရဲ့ အားနည်းချက်ကို သိရှိနားလည်စေလို့

man making mistake vs persistent lifestyle

အောင်မြင်နိုင်ဖို့ရန်အတွက် မိမိရဲ့အားနည်းချက်များနှင့် မိမိရဲ့အမှားတွေကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ သင် ဘာ့ကြောင့် အရှုံးနဲ့ ရင်ဆိုင်ရသလဲဆိုတာကို လေ့လာဆန်းစစ်ကြည့်တဲ့အခါ သင့်ရဲ့အားနည်းချက်ကိုလည်း မြင်တွေ့လာပါလိမ့်မယ်။ ထိုအားနည်းချက်ကို အားသာချက်ဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲယူခြင်းသည် ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှဖြစ်မှာပါ။ အားနည်းချက်ကို ပြောင်းလဲနိုင်မှသာ အောင်မြင်မှုကို ဆွတ်ခူနိုင်မှာပါ။

Motivation တက်အောင် လှုံ့ဆော်ပေးတယ်

motivated man with successful lifestyle

လူတိုင်းသည် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ စိတ်ဓာတ်ကျတတ်ကြပါတယ်။ ဒါပေမဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမယ်ဆိုရင် ဘာပဲဖြစ်နေဖြစ်နေ မဖြစ်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်သည် ပျောက်ကွယ်မသွားပါဘူး။ စိတ်ဓာတ်ကျချင်လည်း ခဏတဖြုတ်သာဖြစ်ပြီး “ငါ ဒီလိုစိတ်ဓာတ်ကျနေလို့မဖြစ်ဘူး။ ပြန်ကြိုးစားရမယ်” ဆိုတဲ့ စိတ်နဲ့ မိမိကိုယ်ကိုယ် ခွန်အားပေးပြီး Motivation တက်စေပါတယ်။

ရည်မှန်းချက် ကြီးမားသူတစ်ယောက်ဖြစ်စေတယ်

ambitious man and successful lifestyle

၁၂ ရာသီပတ်လုံး အမြဲတစေ ကြိုးစားသူသည် ရည်မှန်းချက် ကြိုးစားသူဖြစ်တယ်လို့ သင့် ပတ်ဝန်းကျင်ကလူတွေ ယူဆကြပါလိမ့်မယ်။ မိမိဘဝအတွက် ကိုယ်ပိုင်ရည်မှန်းချက်၊ Target တစ်ခုရှိမှသာ ကိုယ်လုပ်ဆောင်နေတဲ့ အရာသည် အဓိပ္ပာယ်ရှိမှာပါ။

လူနေမှုအဆင့်အတန်းကို မြင့်မားစေတယ်

rich man, wealthy lifestyle

သင် ယခုလုပ်ဆောင်နေတဲ့အရာသည် သင့်ရဲ့အနာဂတ်အတွက် အကျိုးသက်ရောက်မှုအများအပြားရှိစေပါတယ်။ သင်သည် လက်ရှိအချိန်မှာ မဆုတ်မနစ်တဲ့ဇွဲနဲ့ ကြိုးစားနေတယ်ဆိုရင် နောက်နှစ်အနည်းငယ်အတွင်းတွင် သင် ပုံဖော်ထားတဲ့အနာဂတ်ကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

အခုရေတွင်းတူး၊ အခုရေကြည် သောက်ချင်လို့တော့မရပါဘူး။ ကောင်းသောအရာများကို ရရှိခံစားရဖို့အတွက် အချိန်အတိုင်းအတာတစ်ခု စောင့်ရပါတယ်။ သင့်အနေနဲ့ အနာဂတ်မှာ အဆင့်အတန်းမြင့်မြင့်နဲ့ နေချင်တယ်၊ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ပျင်းရိနေလို့မရဘဲ မလျော့သောဇွဲဖြင့် တစ်စိုက်မတ်မတ် ကြိုးစားနိုင်ရပါမယ်။

ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ဘဝမှာ ဘာ့ကြောင့် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ မရှိမဖြစ် လိုအပ်သလဲဆိုတာကို သိသွားလောက်ပြီလို့ ယုံကြည်ပါတယ်။

Photo Source: Freepik.com

Source: Magforliving.com