ဒီခေတ်ကြီးမှာ မိန်းကလေးတွေဟာ လူရည်သန့် မောင်တည်ငြိမ်တွေကိုပဲ မျက်စိကျတော့တာ မဟုတ်ပါဘူး။ အချစ်မှာ မျက်စိမပါဘူးဆိုပေမယ့် မြင်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာ Gamer ဆိုတာ အလကားနေ ဂိမ်းခုံမှာ ဖင်ပူအောင် တစ်နေကုန်တစ်နေခန်း ထိုင်နေတဲ့ ၁၀၉-၁၁၀ တွေ မဟုတ်တော့ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်ကို ချစ်မယ်ဆိုရင် Gamer တွေကိုလည်း မေ့မထားဖို့ လိုပါတယ်။

(၁) သူများရဲ့ အချိန်တန်ဖိုးကို နားလည်တယ်

Source: Girl Gamer Galaxy

Gamer တွေဟာ ကိုယ်ပိုင်အချိန်ရဲ့ တန်ဖိုးကို နားလည်သူတွေပါ။ ဝန်တိုစိတ်လည်း နည်းပါတယ်။ သူ့ကို တွဲတဲ့ ကောင်မလေးက အေးဆေးနေပါရစေဆိုလည်း OK လုပ်တတ်သူတွေ ဖြစ်ပါတယ်။ တကယ်လို့ ဂိမ်မာကို ရည်းစားထားတဲ့ ကောင်မလေးအနေနဲ့ သူငယ်ချင်းတွေနဲ့ပဲ သွားစရာရှိလို့ တစ်နေရာရာကနေ စောင့်နေဆိုရင်လည်း သူက ဂိမ်းကစားရင်း အသာနှပ်နေမှာပါ။

(၂) သာမန်ထက် ဥာဏ်ပိုထက်တယ်

Source: Spotlight On Medicine

လေ့လာမှုတွေကို ကြည့်မယ်ဆိုရင် ဂိမ်မာတွေဟာ သာမန်လူထက် ဥာဏ်ရည်ဥာဏ်သွေး ပိုထက်တယ်လို့ ဖော်ပြထားပါတယ်။ အကြောင်းကတော့ ဗွီဒီယိုဂိမ်းတွေဟာ ဦးနှောက်လုပ်ဆောင်ချက်ကို နှိုးဆွပြီး ပြဿနာကို အမြန်ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။ ဂိမ်းကစားတယ်ဆိုတာ ရေရှည် အာရုံစိုက်နိုင်ဖို့နဲ့ စူးစမ်းလေ့လာမှတ်သားဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဂိမ်မာတွေဟာ နည်းပညာသစ်တွေကို လေ့လာဖို့ အားသန်ပါတယ်။ နည်းပညာသစ်တစ်ခုကို သုံးဖို့ လေ့လာနေတာဟာ ဦးနှောက်ကို လေ့ကျင့်နေတာပါပဲ။

(၃) စိတ်ကူးဥာဏ်ကောင်းတယ်

Source: Campus Reform

ဂိမ်မာတစ်ယောက်နဲ့ ရည်းစားဖြစ်တာ ကောင်းတဲ့ အချက်က ပျင်းစရာမရှိပါဘူး။ သူတို့မှာ စိတ်ကူးစိတ်သန်းကောင်းတွေ ကွန့်မြူးတတ်လို့ပါ။ ဂိမ်မာတွေဟာ အံ့ဖွယ်ကမ္ဘာထဲမှာ နေသူတွေ ဖြစ်လို့ သူတို့မှာ လူသာမန်တွေ မစဉ်းစားဖူးတဲ့ အတွေးအမြင်တွေ ရှိပါတယ်။ ပျင်းစရာကောင်းတဲ့ အခြေအနေမျိုးမှာ ဂိမ်မာတွေဟာ စိတ်ကူးကောင်းတွေနဲ့ ပျော်စရာ ရှာတတ်ပါတယ်။

(၄) သိပ်ဂရုစိုက်စရာ မလိုတဲ့ သူတွေပါ

Source: Addiction.com

သာမန်ရည်းစားတစ်ယောက်မှာ ဂဂျီဂဂျောင်ကျတဲ့ အကျင့်ဆိုးတွေ ရှိပါတယ်။ ဂိမ်မာကတော့ နာရီပေါင်းများစွာ မစားမသောက် ၊ စကားမပြောဘဲနဲ့ မနားတမ်း ကစားနိုင်သူတွေပါ။ သူတို့ကို သိပ်လှည့်ကြည့်စရာ မလိုတာကိုက နောက်ကျောလုံစေတဲ့ အချက် ဖြစ်ပါတယ်။

(၅) အသစ်အဆန်းတွေ သိရမယ်

Source: Attack On Geek

ဂိမ်မာတွေက ခေတ်နဲ့အတူ လိုက်ပါ စီးမြောနေသူပါ။ နောက်ဆုံးပေါ် ဂိမ်းတွေအကြောင်းလည်း သိရမယ်။ နည်းပညာနဲ့အတူ လူမှုဘဝ ဘာတွေ ဖြစ်နေသလဲ မြင်ရလိမ့်မယ်။ နောက်တစ်ခုက ဂိမ်မာ အများစုဟာ နည်းပညာနဲ့ ကျွမ်းဝင်သူတွေ ဖြစ်လို့ တော်တန်ရုံ ခေါင်းစားစရာ နည်းပညာကိစ္စကတော့ သူတို့ အဆက်အသွယ်နဲ့ အေးဆေး ရှင်းလို့ရပါတယ်။

(၆) ဂိမ်မာတွေဟာ တကယ့်ဘဝထဲက ဟီးရိုးတွေပါ

Source: abcnews.go.com

ဂိမ်မာတွေ လက်မလျှော့တတ်တာကို ဂိမ်းတွေထဲမှာရော အပြင်မှာပါ မြင်ရပါတယ်။ သူတို့ ပေါက်ကွဲတဲ့ အချိန်တွေ ရှိကောင်း ရှိပေမယ့် တကယ်တမ်း သူတို့ရဲ့ Skill တစ်ခုက သည်းခံခြင်းပဲ။ ဂိမ်မာကောင်းတစ်ယောက်ဟာ ဂိမ်းအသစ်ကို အချိန်တိုင်း စောင့်နေသလို ၊ ဂိမ်း Battle ဆိုင်နေတုန်း ကျိုးကြောင်းဆင်ခြင်မှုနဲ့ သည်းခံမှုကို ကောင်းကောင်း အသုံးချတတ်ပါတယ်။ ဒီအချက်ဟာ အချစ်ရေး အချစ်ရာမှာလည်း အရေးပါပါတယ်။