ကိုယ်လက်ကြံ့ခိုင်ဖို့နဲ့ အများက အားကျရတဲ့ ခန္ဓာကိုယ်ရဖို့ဆိုပြီး Gym သွားကစားနေတာ နှစ်ပေါက်တော့မယ်။ အခုထိ ကြွက်သားတွေကလည်း ထင်သလောက် ကြီးမလာသေးဘူးဆိုရင် ကိုယ်ရဲ့ နေ့စဉ်အလေ့အကျင့်မှာ တစ်ခုခုလိုအပ်ချက် ရှိနေလို့ဆိုတာ အသေအချာပါပဲ။

(၁) အိပ်ရေးမဝတာ

Source: pexels

Gym လည်းကစားတယ်။ ညဘက်ဆိုလည်း ဘော်ဒါတွေနဲ့ ညနက်သန်းခေါင် ဂိမ်းဆော့ပြီး မနက်ကျ ရုံးချိန်မီအောင် ပြေးနေရတယ်ဆိုရင် Muscle တက်ဖို့ ခက်ပါတယ်။ အိပ်စက်တယ်ဆိုတာ ခန္ဓာကိုယ်စနစ်ကို ပြန်ပြီး ကောင်းအောင် အချိန်ပေးလိုက်တာပါ။ အိပ်ရေးမဝရင်တော့ ကိုယ်တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ဟာ ဖြစ်သင့်သလောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

(၂) ကယ်လိုရီလုံလောက်အောင် မစားတာ

Source: pexels

အားကစားလုပ်ချိန်မှာ အစားအသောက်ကလည်း အရေးပါပါတယ်။ ခိုင်မာသပ်ရပ်တဲ့ အိမ်တစ်လုံး တည်ဆောက်ဖို့ သစ်သား ၊ ဘိလပ်မြေနဲ့ အုပ် စသည်ဖြင့် လိုအပ်သလို ခန္ဓာကိုယ်ကို တည်ဆောက်နေချိန်မှာလည်း ပရိုတိန်းဓါတ် ၊ ကယ်လိုရီနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ ကျွေးဖို့လိုပါတယ်။

(၃) Cardio အလွန်အကျွံ လုပ်မိတာ

Source: pexels

ပြေးစက်ပေါ်ချည်းပဲ အချိန်ပိုကုန်တာ များနေရင်လည်း ဘော်ဒီအတွက် အချိန်မပေးနိုင်တော့ပါဘူး။ တစ်ပတ်မှာ ၃ ရက်ကနေ ၅ ရက်အထိ တစ်နေ့ကို မိနစ် ၂၀-၃၀ လောက်နှုန်းနဲ့ အကြောလျှော့တာ လုပ်နေရင်ကို အဆင်ပြေပါတယ်။

(၄) နည်းစနစ်မှားတာ

Source: pexels

ဒါမျိုးက ပိုဆိုးပါတယ်။ အစောပိုင်းမှာ Trainer ရဲ့ အကူအညီကြောင့် ဟုတ်တုတ်တုတ် ရှိသေးပေမယ့် နောက်ပိုင်းမှာ ကိုယ့်ဘာသာ တလွဲတွေ လုပ်မိတာဟာ Muscle လည်း တက်မလာသလို လူလည်း ဒဏ်ပိုဖြစ်လာနိုင်ပါတယ်။

(၅) ပျင်းလာတာ

Source: pexels

အစောပိုင်းကတော့ Gym ရောက်လာတဲ့ လူတိုင်း ထက်သန်တက်ကြွနေတတ်ပေမယ့် တစ်လလောက်လည်း ရှိရော အလိုလိုနေရင်း Gym သွားချင်စိတ်ကုန်တာ ဖြစ်တတ်ပါတယ်။ ဒါကလည်း တစ်နေ့ တစ်နေ့ ဒါချည်းပဲ ကစားရပြီး အသစ်အဆန်း မပါလို့ ဖြစ်တတ်တာကြောင့် ကိုယ့်ရဲ့ Gym ကစားဖက်တွေကိုပဲဖြစ်ဖြစ် Trainer ကိုပဲ ဖြစ်ဖြစ် ဖွင့်ပြောပြီး အကြံတောင်းသင့်ပါတယ်။

(၆) အလှပြရုံပဲ လုပ်တာ

Source: pexels

တစ်ချို့တွေက Gym သွားတာကို Lifestyle တစ်ခုအနေနဲ့ပဲ သဘောထားတာပါ။ သူတို့ကတော့ Gym ရောက်ရင် ဓါတ်ပုံလေးဘာလေး ရိုက်ပြီး Facebook ပေါ်တင်မယ်ဆိုတဲ့ ပေါ်ပင်အတွေးပဲ ရှိတာကြောင့် ဘယ်တော့မှလည်း ထိထိရောက်ရောက် ဖြစ်မလာတာများပါတယ်။