စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေကို သင် ထိန်းချုပ်လို့မရပေမယ့် စိတ်ဖိစီးမှုကိုတော့ လျော့ချပေးလို့ရပါတယ်။ စိတ်ဖိစီးစေတဲ့ ကျော့ကွင်းကနေ ရုန်းထွက်နိုင်ဖို့အတွက် နည်းလမ်းကောင်းအချို့ရှိပါတယ်။

စာဖတ်သူတို့လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးလာတဲ့အခါ ဒီနည်းလမ်းများကို အသုံးချနိုင်ပါတယ်။

လေ့ကျင့်ခန်း များများလုပ်ပါ

man doing abs workout

စိတ်ညစ်လာချိန် စိတ်ငယ်အားပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘူးဆိုရင် ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးလိုက်ပါ။ လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ သင် ခံစားနေရတဲ့ စိတ်ဖိစီးစေတဲ့ အကြောင်းအရင်းများကို မေ့ပျောက်သွားပါလိမ့်မယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးသွားတဲ့အခါ စိတ်ခံစားချက်များ ကောင်းမွန်လာပါလိမ့်မယ်။

ပီကေဝါးပါ

man chewing gum

Photo: Pinterest

စိတ်ဖိစီးချိန် စိတ်လှုပ်ရှားချိန်မှာ ပီကေဝါးခြင်းအားဖြင့် Cortisol ပမာဏများ လျော့ကျသွားပြီး စိတ်ဖိစီးမှုများ ပြေလျော့သွားနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။ ပီကေဝါးတဲ့အချိန်မှာ ဦးနှောက်ထဲရှိ သွေးများ စီးဆင်းမှုကောင်းအောင် လှုံ့ဆော်ပေးပြီး စိတ်ခံစားချက်များကို ကောင်းမွန်စေပါလိမ့်မယ်။

အိပ်ရေးဝဝ အိပ်စက်ပါ

man sleeping in bed

အိပ်စက်ခြင်းက အကောင်းဆုံးကုသနည်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အလွန်အမင်း စိတ်ဖိစီးလာတယ်လို့ ခံစားရတယ်ဆိုရင် ဖုန်းသုံးခြင်းကို ရပ်တန့်လိုက်ပြီး အိပ်စက်အနားယူလိုက်ပါ။ အိပ်ရာက နိုးလာတဲ့အချိန်မှာ စွမ်းအင်ပြည့်ဝသွားပြီး စိတ်ဖိစီးမှုများ တစ်ဝက်ခန့် သက်သာသွားပါလိမ့်မယ်။

တရားထိုင်ပါ

man in meditation

Photo: Stocksy.com

တရားထိုင်ခြင်းက စိတ်ကို ငြိမ်းအေးစေပြီး သင့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ နေ့စဉ် နေ့တိုင်း ၅ မိနစ်ခန့် တရားထိုင်ပေးပါက သင့်ရဲ့စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

သီချင်းနားထောင်ပါ

happy man listening to music

သုတေသနလေ့လာချက်များအရ တေးသီချင်းများက သင့်ရဲ့စိတ်ခံစားချက်ကို ပြောင်းလဲစေတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ စိတ်ညစ်နေချိန်၊ စိတ်ဖိစီးနေချိန်မှာတော့ ပျော်ရွှင်တက်ကြွစေတဲ့ တေးသီချင်းမျိုးကိုသာ ဦးစားပေးနားထောင်သင့်ပါတယ်။

Green Tea သောက်ပါ

green tea in cup and jar

Photo: EcoWatch

ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်ပြီး လေးလံထိုင်းမှိုင်းနေသလို ခံစားနေရပါသလား။ Green Tea တစ်ခွက် သောက်သုံးလိုက်ပါ။ Green Tea ထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများက သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။

သင်ရော စိတ်ဖိစီးမှု ခံစားရပါက ဘယ်လိုနည်းလမ်းတွေနဲ့ အပန်းဖြေအနားယူလေ့ရှိပါသလဲ။

Source: Mensjournal.com