အလုပ်မှာ ပေါက်ရောက်အောင်မြင်အောင် ကြိုးစားပြန်တော့လည်း မိသားစုတာဝန်တွေ လစ်ဟင်းပြီး မိသားစုအတွက် အချိန်မပေးနိုင်တာမျိုး၊ ကိုယ့်ဘဝ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုင်အချိန်တွေ မဖန်တီးပေးနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

တစ်ဖန် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝ၊ ပျော်ရွှင်မှု၊ ကိုယ့်မိသားစုအတွက် အချိန်ပေးမိပြန်တော့လည်း ကိုယ် ဝါသနာပါရာအလုပ်ကို အချိန်မပေးဖြစ်ပြန်ပါဘူး။ ဒီလိုမျိုး အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ဟန်ချက်မညီလို့ စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် လျှို့ဝှက်ချက် (၆) ခု ဝေမျှပေးချင်ပါတယ်။

ဒီလျှို့ဝှက်ချက်များက သင့်ရဲ့အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ဟန်ချက်ညီအောင်၊ အလုပ်မှာလည်း အောင်မြင်မှုရပြီး ကိုယ်ပိုင်ပျော်ရွှင်မှုအတွက်လည်း အချိန်ပေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ

tips for men to have a work-life balance

ပထမအရေးအကြီးဆုံးကတော့ အချိန်ပဲဖြစ်ပါတယ်။ လူတိုင်းသည် တစ်ရက်လျှင် ၂၄ နာရီစီပဲရကြတာပါ။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်တဲ့သူနဲ့ အချိန်ဖြုန်းတတ်တဲ့သူပဲ ကွဲသွားပါလိမ့်မယ်။ သင့်အနေနဲ့ ဘယ်အချိန်မှာ အလုပ်အတွက် အချိန်ပေးရမယ်၊ ဘယ်အချိန်မှာ ကိုယ့်ဘဝ၊ ကိုယ့်ပျော်ရွှင်မှုနဲ့ ကိုယ့်မိသားစုအတွက် အချိန်ပေးရမလဲဆိုတာကို စနစ်တကျ ခွဲခြားထားဖို့လိုပါလိမ့်မယ်။

ကိုယ်ရဲ့အလုပ်ကို ချစ်မြတ်နိုးပါ

tips for men to have a work-life balance

ကိုယ့်ရဲ့အလုပ်ကို မချစ်တဲ့အခါ အလုပ်လုပ်နေရတာ မပျော်ရွှင်တော့ဘဲ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးလာပါလိမ့်မယ်။ ထိုစိတ်ဖိစီးမှုသည် သင့်ရဲ့နေ့စဉ်ဘဝကိုပါ တဖြည်းဖြည်း ထိခိုက်လာတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ် လုပ်နေတဲ့အလုပ်ကို မချစ်ရင် ချစ်တဲ့အလုပ်ကိုပဲ ပြောင်းလုပ်လိုက်ပါ။ ဒါမှစိတ်ဖိစီးမှုတစ်ရပ်လို့ မထင်တော့ဘဲ အလုပ်မှာ ပျော်ရွှင်လာပြီး အလုပ်တွေလည်း အချိန်တိုအတွင်းမှာ မြန်မြန်ပြီးမြောက်လာမှာဖြစ်တာကြောင့် ကိုယ့်ဘဝအတွက် အချိန်ပိုထွက်လာပါလိမ့်မယ်။

ရည်မှန်းချက်များ Plan များ ချမှတ်ပါ

tips for men to have a work-life balance

အသက် ဘယ်လောက်ရောက်တဲ့အခါမှာတော့ ဘယ်လိုရာထူးမျိုး၊ ဘယ်လိုအောင်မြင်မှုမျိုး ပိုင်ဆိုင်နေရမယ်၊ ဒီလိုအောင်မြင်မှုမျိုး ပိုင်ဆိုင်ဖို့ရန်အတွက် ဘယ်လို Plan တွေ ချမှတ်ထားရမလဲ စတဲ့ ရည်မှန်းချက်နဲ့ Plan များ ထားရှိဖို့လိုအပ်ပါတယ်။ ဒါမှသာ ဘဝမှာရှင်သန်နေထိုင်ရတာ အဓိပ္ပာယ်ရှိနေမှာမဟုတ်လား။

ကျန်းမာပျော်ရွှင်စွာ နေထိုင်ပါ

tips for men to have a work-life balance

အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်း စတဲ့နည်းလမ်းများဖြင့် ကိုယ့်ရဲ့ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်ရပါမယ်။ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာမှသာ ကိုယ်အလိုရှိရာကို လုပ်ဆောင်နိုင်မှာပါ။

အားလပ်ရက်များကို ဘယ်လိုဖြတ်သန်းမလဲ ကြိုစဉ်းစားထားပါ

 

tips for men to have a work-life balance

ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကိုယ့်ကောင်မလေး (သို့) ကိုယ့်မိသားစု (သို့) ကိုယ့်သူငယ်ချင်းနဲ့ အချိန်ကုန်ဆုံးမယ်၊ နောက်တစ်ခေါက် ပိတ်ရက်ရှည်ရတဲ့အခါ ပျော်ပျော်ပါးပါး ခရီးထွက်အနားယူမယ် စသည်ဖြင့် အစီအစဉ်များ ကြိုတင်ချထားခြင်းအားဖြင့် ပိုမိုပျော်ရွှင်ရမှာဖြစ်ပြီး အလုပ်မြန်မြန်ပြီးမြောက်ဖို့အတွက်လည်း Motivation ရလာပါလိမ့်မယ်။

ဒါပေမဲ့ တခါတရံ အားလပ်ရက်တွေမှာ အရေးပေါ် အလုပ်တွေ ဝင်လာတာမျိုးလည်း ရှိနိုင်ပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ကတော့ ကိစ္စမရှိပေမယ့် ကြိမ်ဖန်များလာတဲ့အခါမှာတော့ သင့်ကို စိတ်ညစ်ညူးစေပါတယ်။ ဒါဆိုရင်တော့ သင့်ဘက်ကနေ တိကျပြတ်သားတဲ့စည်းမျဉ်းတစ်ခု ချထားဖို့လိုအပ်ပါလိမ့်မယ်။

အဓိကနဲ့ သာမညကို ကွဲကွဲပြားပြားသိပါစေ

tips for men to have a work-life balance

ဘယ်အလုပ်ကတော့ ချက်ချင်းအပ်ရမလဲ။ ဘယ်အလုပ်ကတော့ ဘယ်နှစ်ရက်ကြာမှ အပ်လို့ရမလဲ စတဲ့ အရေးအကြီးဆုံးအလုပ်၊ ဒုတိယအရေးအကြီးဆုံးအလုပ်နဲ့ သိပ်အရေးမကြီးတဲ့အလုပ်တွေဆိုပြီး အဆင့်တွေ ခွဲခြားထားပါ။ ဒါဆိုရင် ဘယ်အလုပ်ကို အရင်စကိုင်ရမလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်လာမှာဖြစ်ပြီး Deadline မမှီတာမျိုးတွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။

Source: Entrepreneur.com

Featured Image Source: Pivotalsolutions.com