စိတ်ဖိစီးမှုတွေ ၊ electronic devices အသုံးပြုမှုတွေကြောင့် ညဘက်အိပ်ရေးပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်ရက်နှစ်ရက်အိပ်ရေး ပျက်တာမသိသာပေမယ့် ဆက်တိုက်အိပ်ရေးပျက်တဲ့ရက်တွေများလာရင်တော့ ခန္ဓာကိုယ်အတွက်ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကြုံတွေ့ရနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စာဖတ်သူတို့အတွက် ပြောပြပေးချင်ပါတယ်။

(၁) စိတ်ကျရောဂါဝင်လာမယ်

Source : The Integrative Practice

အိပ်ရေးပျက်ခြင်းနဲ့ စိတ်ကျခြင်းက ဆက်စပ်မှုရှိတယ်လို့ သုတေသနပညာရှင်တွေက ဆိုထားပါတယ်။ လူတစ်ယောက်ဟာတစ်နေ့ကို ပုံမှန်အိပ်စက်ပေးရမယ့်အိပ်ချိန်မရှိပဲ အိပ်ရေးပျက်တဲ့ရက်တွေများလာမယ်ဆိုရင် စိတ်မပျော်ရွှင်ဖြစ်ခြင်း စိတ်ဓာတ်ကျခြင်း စိုးရိမ်စိတ်တွေများလာခြင်းစတဲ့ ပြဿနာတွေကို ကြုံတွေ့ခံစားလာရနိုင်ပါတယ်။ စိတ်ကျရောဂါဝင်လာပြီဆိုရင်တော့ အသက်အန္တရာယ်ပိုပါ စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

(၂) လေးလံထိုင်းမှိုင်းလာမယ်

Source : Sleep Outfitters

အိပ်ရေးပျက်တဲ့လူတစ်ယောက်အနေနဲ့ တစ်နေ့တာကိုလန်းဆန်းတက်ကြွစွာဖြတ်သန်းဖို့ လုံးဝမဖြစ်နိုင်ပါဘူး။တစ်နေ့တာ အချိန်တော်တော်များများမှာ အိပ်ငိုက်နေခြင်း စိတ်နဲ့လူနဲ့မကပ်ခြင်း မေ့လျောခြင်းများစတဲ့ ပြဿနာများဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ဒါအပြင်အလုပ်ခွင်မှာလည်း အာရုံစူးစိုက်နိုင်စွမ်းတွေလျော့ကျကာ အတွေးခေါ်ကောင်းတွေ အကြံဉာဏ်ကောင်းတွေ စဉ်းစားနိုင်မှာမဟုတ်ဘဲ ကိုယ်ရဲ့စွမ်းဆောင်ရည်ပါကျဆင်းလာနိုင်တာဖြစ်ပါတယ်။

(၃) ကိုယ်အလေးချိန်တိုးလာမယ်

Source : Average 2 Alpha

အိပ်ရေးပျက်ခြင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားစားချင်စိတ်ကိုဖြစ်ပေါ်စေတာကြောင့် ကိုယ်အလေးချိန်တက်ဖို့ အခွင့်အရေးပိုများပါတယ်။ အိပ်ရေးပျက်တဲ့သူတွေမှာ ပုံမှန်မဟုတ်တဲ့ အစားစားချင်စိတ်ဟော်မုန်းတစ်မျိုးကို ထွက်ပေါ်စေတာကြောင့် ဗိုက်မဆာလည်းစားနေမိမှာဖြစ်ပါတယ်။ ထိုအခါခန္ဓာကိုယ်မှာအဆီပိုတွေစုလာပြီး ကိုယ်အလေးချိန်အဆမတန်တက်လာကာ အဝလွန်ရောဂါဖြစ်ပေါ်လာနိုင်ပါတယ်။

(၄) အသားအရေပျက်စီးလာမယ်

Source : he Cheat Sheet

အိပ်ရေးပျက်ခြင်းက အသားအရေကိုပျက်စီးလာစေတဲ့ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ အသားအရေမွဲခြောက်ခြင်း အသားအရေလျော့တွဲလာခြင်း ဝက်ခြံနဲ့ အမဲစက်တွေဖြစ်ပေါ်ခြင်းစတဲ့ အရေပြားနဲ့ အလှအပဆိုင်ရာပြဿနာတွေကြုံတွေ့ရနိုင်တဲ့အပြင် အရွှယ်မတိုင်ခင် အိုမင်းရင်ရော်ခြင်းကိုလည်း ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။

(၅) မှတ်ဉာဏ်စွမ်းရည်ပျက်စီးလာမယ်

Source : KnowledgeNuts

အိပ်ရေးပျက်တဲ့သူတွေ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုလည်း လျော့ကျစေတဲ့အတွက် အာရုံစူးစိုက်လို့မရခြင်း စဉ်းစားတွေး ခေါ်နိုင်စွမ်းကျဆင်းခြင်းစတဲ့ ပြဿနာတွေပါကြုံတွေ့ရနိုင်ပါတယ်။ အသေးအမွှားကိစ္စလေးတွေကအစ မေ့မေ့လျော့လျော့ဖြစ်လာမယ်။တစ်ခုခုဆိုရင် အစဖော်လို့မရအောင်မေ့လျောလာမယ် စသည့်ဖြင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေပျက်စီးလာမှာဖြစ်ပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကလည်း လျော့ကျလာမှာဖြစ်ပါတယ်။

(၆) အသက်အန္တရာယ်ဆိုးရိမ်လာရမယ်

Source : Confused.com

အိပ်ရေးပျက်ထားတယ်ဆိုရင် မော်တော်ယာဉ်နဲ့ တခြားသောယာဉ်များလုံးဝမမောင်းနှင်သင့်ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် ယာဉ်မတော်တဆမှုဖြစ်နိုင်ခြေအများဆုံးရှိပါတယ်။ မဖြစ်မနေ မောင်းနှင်ရမယ်ဆိုရင်လည်း လမ်းမှာမကြာခဏ နားပေးတာမျိုးပြုလုပ်သင့်ပြီး သတ်မှတ်ထားတဲ့အရှိန်ထက်ပိုမမောင်းနှင်ဖို့လည်း အကြံပြုလိုပါတယ်။